How To Speed Up Your Galaxy S3 In Two Minutes

စာဖတ်သူက Samsung Galaxy S3 ကိုင်နေတဲ့ သူထဲက တစ်ယောက်ဆိုရင် ကိုယ့်လက်ထဲမှာ S3 ရှိတာ နည်းနည်းကြာ ရောပေါ့။ ကဲ Tweak လေးတစ်ခုနဲ့ S3 ကိုနည်းနည်း ပိုမြန်အောင် လုပ်ကြ ရအောင်။
Android နည်းပညာက တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်လာလေ HTC One နောက်ပြီး S3 နေရာကို ၀င်ယူသွားပြီ ဖြစ်တဲ့ S4 တို့နဲ့ ယှဉ်လိုက်တဲ့ အခါကျတော့ S3 ကိုင်တဲ့သူ တစ်ယောက် အတွက် နည်းနည်းများ နှေးနေ မလားလို့ ခံစားကောင်း ခံစားရပါမယ်။ အထူးသဖြင့် ကိုယ့်သူငယ်ချင်း တွေထဲမှာ နောက်ဆုံး ထွက်တာနဲ့ ပစ္စည်းကောင်းကောင်း ကိုပဲ ရွေးကိုင်တဲ့ သူတွေဆီက အသစ်ထွက်တဲ့ ဖုန်းတွေကို ကိုင်ပြီး ကိုယ့် S3 နဲ့ယှဉ်ရင် နှေးတယ်၊ တစ်ချို့နေရာ တွေမှာ မြန်သင့် သလောက် မမြန်၊ ချောသင့်သလောက် မချောဘူး ဖြစ်နေတယ်လို့ ရံဖန်ရံခါ ခံစားရပါတယ်။ အဲ့ဒီအတွက် S3 ကို နည်းနည်းလေး ကြိုးစားပြီး Speed တင်ဖို့ နည်းလေး တစ်ခု တွေ့ထားပါတယ်။


1


ယေဘူယျ အားဖြင့် ပြောရရင် Galaxy S III ကတော်တော် ပါးနပ်တဲ့ ဖုန်းတစ်လုံး ဖြစ်ပြီး Android Jelly Bean ကိုအသုံးပြု ထားခြင်းဖြင့် လိုအပ်ချက် တော်တော် များများကို ကောင်းမွန်စွာ ပြုလုပ်နိုင် ပါတယ်။ Google ကအသုံးပြုသူ တွေရဲ့ စကားကို နားထောင်ပြီး ချောမွေ့မှု အတွက် အထူးတလည် အရေးပေး ပြုလုပ်ထားတဲ့ Software Upgrade ဖြစ်တဲ့ Project Butter ကို Jelly Bean သုံး S3 ကကောင်းကောင်း အသုံးချ ထားပေးတာပါ။ ဒါတွေ ပြောပြီးတဲ့နောက် တစ်ခါတစ်လေ ကျပြန်တော့ တစ်ချို့ နေရာတွေမှာ S3 ကခဏတဖြုတ် Frame က Freeze ဖြစ်တာတို့ Message တွေကြား ဟိုကူးဒီကူး လုပ်ရင် နည်းနည်း လေးသွားတယ်လို့ ဖြစ်တာမျိုး တွေရှိပါတယ်။ ဒါပေမဲ့ Setting ကိုနည်းနည်းလေး ပြောင်းပြီး သင့်တင့်သလို ချိန်ပေးမယ် ဆိုရင် သင့်ရဲ့ S3 ကအရင်လိုမျိုး ၀ယ်ပြီးကာစ ချောမွေ့နေ သလို ပြန်ဖြစ် လာပါ လိမ့်မယ်။

2


သတိပြု စေချင်တာက အခုကျွန်တော့် ဆီမှာ စမ်းသပ်ပြီး ပြောင်းတဲ့အခါ ပို Smooth ဖြစ်တာ သိသာ သွားပေမယ့် S3 တိုင်းမှာ ကျွန်တော့်လို ဖြစ်မယ်လို့ အာမ မခံနိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် စမ်းသပ်ပြီး Speed နည်းနည်း ပိုမြန် တယ်ဆိုလည်း အမြတ်ပဲပေါ့။ ကဲအောက်မှာ ဘယ်လိုလဲ ဆိုတာ ကြည့်လိုက်ရအောင်။ အဆင့်တွေက လွယ်လွယ်လေး တွေပါ။ အောက်က အဆင့်တွေ တစ်ပုံစံတည်း လိုက်လုပ်ရင် ကျွန်တော်လို့ပဲ နည်းနည်းပိုပြီး Smooth ဖြစ်တဲ့ S3 ကိုအသုံးပြု နိုင်ပါလိမ့်မယ်။

ပထမဆုံး အဆင့်မှာ ဖုန်းရဲ့ Setting Menu (System Setting) ကိုသွားရပါမယ်။

Setting Menu ကိုရောက်တဲ့ အောက်ဆုံးထိ ဆွဲချပြီး Developer Options ပေါ်တစ်ချက် နှိပ်ပါ။

3


Developer Options ထဲမှာ Windows Animation Scale နဲ့ Transition Animation Scale တို့ရဲ့ တန်ဖိုးကို 1px ကနေ 0.5px ကိုပြောင်းပေး လိုက်ပါ။

ဒါပါပဲ။ ပြီးရင် ဖုန်းမှာ နည်းနည်း ကလိကြည့်ပါ။ ပိုမြန်လာတာ တွေ့ရ ပါလိမ့်မယ်။ ဖုန်းကျွမ်းကျင် သူတွေအနေနဲ့ ဒါက Phone ကိုတကယ်ကြီး Hardware accelerate လုပ်ပြီး Speed မြန်အောင် လုပ်ပေးတာ မဟုတ်ဘူး ဆိုတာ ပြောစရာ မလိုဘဲ သိပြီးသား ဖြစ်မှာပါ။ iOS တွေမှာ အသုံးပြုတဲ့ Speed Intensifier လိုမျိုး Animation တွေကြား တစ်ခုနဲ့ တစ်ခု အကူးအပြောင်းကို Speed လျှော့ပေးတာပါ။ ကဲ S3 ပိုင်ရှင်များ စမ်းသပ်ပြီး ကျွန်တော်တို့ကို Result လေးတွေ ပြောပါဦး :D

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form