ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။
android လုလင်မှာ ရှာမှာလား
Loading...
Android လုလင်ကို www.androidlulin.co.nr ဖြင့်လည်းဝင်နိုင်ပါပြီ
မိတ်ဆက်ခြင်းနဲ့ဝန်ခံခြင်း
androidလုလင် ကိုရောက်လာကြတဲ့သူငယ်ချင်းများအားလုံးကို မင်္ဂလာပါလို့ပဏာမအနေနဲ့ဂါရ၀ပြုနှုတ်ဆက်ပါတယ်။ androidလုလင် ဆိုဒ်မှာရှိတဲ့ ပို့တွေအားလုံးဟာ ကျွန်တော်ရေးထားခြင်းမဟုတ်ပါ။ androidလုလင် ဆိုသကဲ့သို့ android နဲ့ပတ်သက်တာတွေ အကုန်စုံရအောင်လို့ တွေ့မိသမျှနဲ့ ကျွန်တော် ကိုယ်တိုင်ရေးတဲ့ပို့များကို တင်ပြထားခြင်းသာဖြစ်ကြောင်း ရိုးသားစွာဝန်ခံပါတယ်။ ပို့ပိုင်ရှင်များ မျက်စိလည်လမ်းမှားပြီးရောက်လာခဲ့သော် အပြစ်တော်မမြင်ပဲ အချစ်တော်ဝင်ပေးကြပါလို့ တောင်းပန်ပါတယ်နော်။ အပြစ်မြင်သူ၊ချစ်ခင်သူ၊ဝေဖန်သူ၊အကြံပြုသူ ကုန်းတိုက်သူ၊ကြင်နာသူ အားလုံးကို ကျွန်တော် လုလင်ပျိုက အမြဲတမ်း လေးစားချစ်ခင်လျက်ပါ။
ဝါသနာတူသူငယ်ချင်းများမန်ဘာဝင်ရန် Join this siteကို နိုပ်ပြီးGoogle ကိုရွေးပြီးမိမိ gmail နဲ့ဝင်ပါ
Facebook page မှာ like လုပ်ပြီးကူညီကြပါနော်
Tuesday, November 25, 2014
Android လုလင် apk ဗားရှင်းအသစ် စတိုင်အသစ်(အားလုံးဖတ်ပေးကြပါနော်)
Android လုလင် ဘလော့ဆိုဒ်ကို အစဉ်အမြဲအားပေးဖတ်ရှုနေသော ဘော်ဒါများအားလုံး မင်္ဂလာပါ ခင်ဗျာ။
ကျနော့ ဘလော့ဆိုဒ်အတွက် Apk ကို ခဏခဏ ဗားရှင်းပြောင်းတင်နေလို့ စိတ်ညစ်နေကြပြီလားမသိဘူးနော်။
အဲဒီအတွက် အားလုံးကို ဒီနေရာကနေတောင်းပန်ပါတယ်နော်။
အခု ဗားရှင်းပြောင်းတင်ရတဲ့အကြောင်းအရင်းက ဒီလိုပါ။
Friday, April 11, 2014
c8816D လိုင်းပျောက်2နေတဲerror ၇ှင်း
huawei c8816 network က power ပိတ်ပြီး ပြန်ဖွင့်လိုက်ရင် လိုင်းလုံးလုံးပျောက်သွားတယ်
factory reset ချရင်ပြန်တက်လာတယ် နောက်ပြန်ပိတ်ပီးပြန်ဖွင်ရင်မတက်ပြန်တဲ့ error ကို firmware  update တင်ပြီးရှင်းမယ်
                   C8816D固件(C8816D,Android 4.3,Emotion UI,V100R001C92B180 - See more at:http://koye9992.blogspot.com/2014/04/c8816-c8816d-final-version အဆင်ပြေပါစေဗျာ။
 အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
 ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။
Thursday, April 10, 2014
MTK Phone အတွက် Computer က IMEI ပြန်ရေးကြမယ်
တွေ့တာလည်းမျှဝေပေးတာပါ။ IMEI ပျောက်နေလို့ လာအပ်ထားတဲ့ဖုန်းလည်း တစ်လုံးမှ မရှိလို့ ဒီ Tool လေးကိုလဲ လုံးဝ မစမ်းသပ်ရသေးပါခင်ဗျာ။
 အသုံးပြုလိုတဲ့ သူငယ်ချင်းများအတွက်ပြန်လည်မျှဝေပေးတာပါ။ ထွေထွေထူးထူးပြောပြဖို့ လိုမယ်မထင်ပါဘူး အရမ်းရိုးရှင်းပါတယ်။
အောက်မှာ ဒေါင်းပါ....
MTK.IMEI v3.3အဆင်ပြေပါစေဗျာ။
 အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
 ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။
Wednesday, April 9, 2014
HuaweiSmartဖုန်းတွေမှာIMEIပျောက်ပြီးဖုန်းခေါ်မရသူတွေအတွက်
HuaweiSmartဖုန်းတွေမှာIMEIပျောက်ပြီးဖုန်းခေါ်မရသူတွေအတွက်ကျွန်တော်အကိုကိုတိုးအောင်ခိုင် (ပျဉ်းမနား)မှရှာဖွေတွေ့ရှိထားတာလေးကိုပြန်လည်ဝေမျှလိုက်ပါတယ်။ ကဲစပါမယ်….. ပထမဦးဆုံးအနေနဲ့ကတော့ဖုန်းရဲ့IMEIပျောက်မပျောက်အရင်စစ်ဆေးပါ့မယ်…။ စစ်ဆေးပုံကိုသိပြီးသားဖြစ်မှာပါ*#06#ကိုနှိပ်ပြီးစစ်ဆေးလိုက်ပါ။ IMEIမှာဘာမှမပေါ်တော့ပါဘူးဒါမှမဟုတ်nullပေါ်နေပြီဆိုရင်တော့သေချာပါတယ်…။ အောက်ကနည်းလေးအတိုင်းလုပ်ကြည့်လိုက်ပါ.ကျွန်တော်အကိုတိုးအောင်ခိုင်(ပျဉ်းမနား)ကတော့Huawei U8825Dနဲ့ပြပေးတာဖြစ်ပါတယ်. ကဲစလိုက်ရအောင်ဗျာ…. -ပထမဆုံးDialerကနေပြီးတော့*#*#2846579#*#*ကိုနှိပ်ပြီးengineering modeကိုဝင်လိုက်ပါ….. -ပြီးရင်တော့ProjectMenu/Background setting/Usb ports setting and select Manufacture mode ကိုရွေးပေးပါ…. -ပြီးရင်Back Keyကိုနှိပ်ပြီး Background setting ကိုဝင်ပြီး Qualcomm background open setting ကိုသွားပါ ပြီးရင်တော့ background openကိုရွေးပါ (pass is 0 (ZERO)) -ပြီးရင်တော့ဖုန်းကိုUnknown Sourceနဲ့USB DebuggingကိုOnထားလိုက်ပြီးဖုန်းကိုRestartချလိုက်ပါ။ -ကွန်ပျူတာမှာတော့DFS ToolကိုInstallလုပ်ပါ။DFS Toolမရှိပါက(http://cdmatool.com/Demo)မှာ ဒေါင်းလိုက်ပါ။Install လုပ်ပြီးပြီဆိုရင်တော့DFS Toolကိုrunပြီးဖုန်းကိုကွန်ပျူတာနဲ့ချိတ်ဆက်လိုက်ပါ။ -ပြီးတော့PortsကိုသွားပြီးdbAdapter Reserved InterfaceကိုDouble Clickနှိပ်လိုက်ပါ။ -ပြီးရင်တော့Ports Windowကိုပိတ်လိုက်ပါ….၊ -Programming tabကိုရွေးလိုက်ပါ။ပြီးရင်တော့IMEIအကွက်ထဲမှာမိမိဖုန်းရဲ့IMEIနံပါတ်ကိုမှန်ကန်စွာရိုက် ပြီးwriteလုပ်လိုက်ရုံပါဘဲ။ -ပြီးပြီဆိုရင်တော့Portsကိုပြန်သွားပြီးdbAdapter Reserved Interface ကိုdisabeလုပ်လိုက်ပါ။ပြီးရင်တော့ ဖုန်းကိုဖြုတ်လိုက်ပါ။ -ပြီးရင်တော့engineering menuကိုပြန်ဝင်ပါ၊ပြီးရင်ProjectMenu/Background setting/Usb ports setting and select Normal modeကိုပြန်ရွေးပါ။ -ပြီးရင်Background settingကိုပြန်ဝင်ပြီးQualcomm background open settingကိုဝင်ပြီးbackground closeကိုရွေးလိုက်ပါ။ -ပြီးရင်တော့ဖုန်းကိုRestartလုပ်လိုက်ပါ။ ပြန်တက်လာရင်Sim-Cardထည့်ပြီးအသုံးပြုလိုက်ရုံပါဘဲ…… ရေးသားသူ - ထက်အောင်မိုး (MMSD)
 အဆင်ပြေပါစေဗျာ။
 အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
 ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။
Tuesday, April 8, 2014
EMMC ဆိုတာဘာလဲ & EMMC ဖြုတ်နည်းတပ်နည်း...
EMMC Flash Chip (Embedded Multi Media Card ,Essentially a micro sd card that is soldered to the board)
 (Boot +Rom 1+Rom2 & System memory +Internal memory)
1.Boot =Phone တစ်ခု စတင်အလုပ်လုပ်ဖို့ အတွက် phone ရဲ့ os နဲ့ hardware ပိုင်းတွေကို မောင်းနှင် အလုပ်လုပ်ပေးတဲ့ အပိုင်းပါ/
2.Rom 1 =့ phone စတင်ဖို့ အလုပ်လုပ်ဖို့ အတွက်အဓိကမှတ်သားပေးတဲ့ အပိုင်းလေးပါ/
3.Rom 2 & system momory=Os user အတွက် Company က ထည့်ပေးတဲ့ software နဲ့ user အတွက် some space လေးပါ/
4.Internal memory = User တွေအတွက်ပါ/
5.RW ဖြစ်ရင်တော့ ပြင်လို့ရနိုင်ပါတယ် RO ဆိုရင်တော့ လဲရမှာပါ။
Credit to ..http://www.androidtablets.net/ & http://www.androidtablets.net/forum/nook-color-technical/12462-what-emmc.html အဆင်ပြေပါစေဗျာ။
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။
Monday, April 7, 2014
Huawei G 610-U00 Safe Mode Error ကိုဖြေရှင်းနည်း
Huawei G 610-U00 Safe Mode Error ကို ကျွန်တော် ဖြည်နိုင်ခဲ့တဲ့ နည်းလမ်းလေးကို ပြောပြချင်လို့ပါဗျာ သိပြီးတဲ့အကိုတွေ ကျော်ဖတ်လိုက်ပါနော် …မသိသေးတဲ့ အကို ညီများအတွက်ပါ …ကိုယ်တွေ ဖြေရှင်းခဲ့တဲ့ နည်းလေးမို့လို့ တင်ပေးလိုက်တာပါဗျာ
၁ ဒီ error က Vol – ကြောင့်ဖြစ်တာပါ …..နောက်ဆုံး ဖန်းဝဲ ပြန်တင်တာတောင် Safe Mode နဲ့ ပဲ ပြန်တက်လာပါတယ် ….အဲဒါနဲ့ ဟိုမေးဒီမေးဟိုကြည့်ဒီကြည့် နဲ့ပဲ Safe Mode ပျောက်သွားတာပါ
pw & vol – တွဲနှိပ်ရင် new ..safemode old…risk ဆိုပေါ်လာတာကိုတွေ့ရမှာပါ
ဆိုတော့ ၁ ဘတ်ထွီဖြုတ်လိုက်ပါ
၂ ပြန်တပ်ပြီးပါဝါဖွင့် W 3G ဆိုပေါ်လာခဲ့ရင် vol – လေးဖိထားလိုက်ပါ …..နောက်ဆုံးlock screen ရောက်သွားခဲ့ရင် safe mode ပျောက်သွားတာကိုတွေ့ရမှာပါ …..
ကျနော်စမ်းသပ်အောင်မြင် ပြီးဖြစ်တဲ့အတွက် သေခြာသလောက်ပါပဲဗျာ။
 အဆင်ပြေပါစေဗျာ။
 အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
 ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။
Sunday, April 6, 2014
Backup My Viber
viber
Viber အကောင့်ကိုအကြောင်းအရင်းအမျိုးမျိုးကြောင့် ပျက်ဆီးသွားတက်မှုမှ ကာကွယ်နိုင်အောင် Backup လုပ်ထားလို့ရပါတယ် … မိမိ ဖုန်းမှာ Root ရှိနေဖို့တော့လိုအပ်ပါတယ် … Backup လုပ်ထားခြင်းဖြင့် ဘယ်လိုအကြောင်းကြောင်းနဲ့ ပဲပျက်ဆီးသွားပါစေ Backup လုပ်စဉ်က အနေအထား အခြေအနေ အတိုင်း ပြန်လည်ရရှိစေမှာဖြစ်ပါတယ် … factory reset ချပြီးရင်တောင်မှ Viber အကောင့်ကို ပြန်လည်အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးပါတယ်။ ဆိုလိုချင်တာက Backup လုပ်ထားခြင်းအားဖြင့် Firmware ပြန်တင်ခြင်း Reset Phone ပြုလုပ်ခြင်းများ ပြုလုပ်သည့်တိုင်အောင် Viber install ပြန်တင်တာနဲ့ Code လဲ ထပ်တောင်းစရာမလို Viber message တွေ videos တွေ Photo တွေ တစ်ခုမှမပျောက်သွားပဲ Sticker တွေလဲ ပြန် Down စရာမလိုပဲ အဆင်သင့်ပြန်သုံးလို့ရတဲ့ အခြေအနေကို ပြန်လည်ရောက်ရှိပြီး စတင်အသုံးပြုနိုင်ပါတယ် … Viber application မှမဟုတ်ပဲတစ်ခြား Application များအပြင် Phone Application တွေကိုပါ ယခုနည်းအတိုင်း Backup ပြုလုပ်လို့ရပါတယ် … Skpe ဆိုရင် ယခုနည်း အတိုင်း လုပ်ဆောင်ပါက Sign in တောင်ပြန်ဝင်စရာမလိုအောင် ပြည့်စုံလွန်းခဲ့ပါတယ် … စိတ်ဝင်စားတဲ့သူတွေ Backup လုပ်ကြည့်ရအောင်ဗျာ …
Titanium Backup Pro
downloading
1. Titanium Backup Pro ကို မိမိဖုန်းတွင် Install ပြုလုပ်ပါ။ Install ပြုလုပ်ပြီးရင် Titanium Backup Pro ကိုဖွင့်ပါ။ Root access တောင်းလျှင် Grant ပေးလိုက်ပါ။
2. First Start box ပေါ်လာရင် OK နှိပ်ပါ။ View ChangeLog ပေါ်လာရင် ညာလက်အောက်အားက OK ကိုဆက်နှိပ်ပါ။ Warning – System Congigutating ပေါ်လာရင်လဲ OK ပဲပေးလိုက်ပါ။ All ဆိုတဲ့ မူလစာမျက်နှာကိုရောက်ရှိရင်တော့ Backup ပြုလုပ်ခြင်းစတင်ပါပြီ။
3. ညာဘက်အပေါ်ထောင့်မှာ စာရွက်လေးကို အမှန်ချစ်တဲ့ပုံလေးကို တွေ့ရလျှင် တစ်ချက်နှိပ်ပြီး Batch actions – ALL စာမျက်နှာသို့ဝင်ပါ။ ပြီးရင် Backup ခေါင်းစဉ်အောက်က Backup all user apps ဆိုတဲ့ဘေးက Run ကိုတစ်ချက်နှိပ်ပါ။ ပြီးရင်တော့ မိမိ Backup လုပ်ခြင်တဲ့ Software ကိုရွးပြီးအမှန်ချစ်ပေးပါ။ ကျနော်ကတော့ Viber ၁ ခုပဲရွေးပြီး ကျန်တာတွေကို အမှန်ချစ်ဖြုတ်လိုက်ပါတယ် … ပြီးရင် ညာဘက်အပေါ်ထောင့်နားကို အမှန်ချစ်ပုံ အစိမ်းရောင်လေးကို တစ်ချက်နှိပ်လိုက်ပါ။ Backing up ဆိုပြီး Viber Version နဲ့အတူ backup လုပ်ငန်းစတင်နေပါပြီ။ ခဏစောင့်ပါ။ ပြီးပါက Batch backup finished ဆိုတဲ့ Notification တစ်ခု ရောက်ရှိနေသည်ကို မြင်တွေ့ရပါလိမ့်မည်။ ထိုအခါ Backup လုပ်ငန်းစဉ် ပြီးဆုံးပါ၏။
4. Backup လုပ်ငန်းစဉ်ပြီးဆုံးပါက ထို Backup ကို ဘယ်လိုယူသုံးရမလဲဆိုတဲ့ လုပ်ငန်းစဉ်စတင်ပါ့မယ်။ Titanium Backup application ကနေထွက်လိုက်လို့ရပါပြီ။
5. Setting> Application manager ကနေ Viber ကိုရွေးပြီး Clear cache, Clear data, ကိုရှင်းပြီး Force stop နှိပ်ပြီး Uninstall ပြုလုပ်လိုက်ပါ။ ပြီးရင် ကျနော်တို့ Backup လုပ်ထားတာကို ပြန်ယူသုံးတဲ့ Restore လုပ်ငန်းစဉ်ပြန်စဖို့ Titanium Backup application ထဲပြန်ဝင်ပါ။
6. Titanium Backup application မူလစာမျက်နှာသို့ ရောက်ရှိပါက ညာဘက်အပေါ်ထောင့်မှ စာရွက်လေးကိုအမှန်ချစ်တဲ့ Batch actions – ALL icon လေးကိုတစ်ချက်နှိပ်ပါ။ Batch actions – ALL page ထဲသို့ရောက်ရှိပါက Restore ခေါင်းစဉ်အောက်က Restore all apps with data ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။ တစ်ကယ်လို့ Firmware အသစ်တင်တယ် Reset Phone လုပ်ထားတယ်ဆိုရင်တော့ Restore missing app with data ကိုရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်။ Restore all apps with data ဘေးက run ကိုနှိပ်ပြီး မိမိ Backup လုပ်ထားတဲ့ Viber Application ကိုအမှန်လေးချစ်ထားလား မချစ်ထားလားဆိုတာစစ်ဆေးပါ။ အမှန်ချစ် ချစ်ထားပြီဆိုရင်တော့ ညာဘက်အပေါ်ထောင့်က အစိမ်းရောင်အမှန်ချစ်လေးကိုတစ်နှိပ်ပြီး Restore လုပ်ငန်းစဉ်စတင်စေပါ။ ထိုအခါ Restoring ဆိုတဲ့ Box တစ်ခုပေါ်လာပြီး Restore လုပ်ငန်းစဉ်စတင်နေပါပြီ။ Viber install လာလုပ်ခိုင်းရင် install လုပ်ပေးလိုက်ပါ။ ခဏစောင့်ပါ။ ပြီးရင်တော့ Restore လုပ်ငန်းစဉ် ပြီးစီးကြောင်း Notification တစ်ခုရောက်ရှိလာပြီး Titanium Backup မူလစာမျက်နှာသို့ ပြန်လည်ရောက်ရှိနေမှာဖြစ်ပါတယ်။
7. ထိုအခါဖုန်းကို Restart ချလိုက်ပါ။ ဖုန်း ပြန်တက်လာရင် Viber ထဲဝင်ကြည့်ပါ။ ဘာတစ်ခုမှပြောင်းလဲခြင်းမရှိပဲ မူလ အကောင်းပကတိအတိုင်း Viber ပြန် run လို့ရပါပြီ …
ညီအကို မောင်နှမ အားလုံး အဆင်ပြေကြပါစေ။ အားလုံးကိုကျေးဇူးတင်ပါသည်။
 အဆင်ပြေပါစေဗျာ။ ၀င်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။ ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။
Saturday, April 5, 2014
ဗားရှင်းနိမ့် ဖုန်းများတွင် Application များများရအောင် ထည့်သွင်းနည်း
ဗားရှင်းနိမ့်တဲ့ Android ဖုန်း အချို့က Device Memory ပမာဏ နည်းတတ်ကြပါတယ်။
ဒါကြောင့် Apps တွေ အများအပြား Install လုပ်ခွင့်မရနိုင်ပါဘူး။
ဒါဆို Apps တွေ အများကြီး ဘယ်လို ထည့်သွင်းကြမလဲ?
ကွန်တော် စမ်းသပ်ထားတဲ့ နည်းလေးကို ပြောပြပါ့မယ်။
၁။ မိမိ ဖုန်းဟာ Root နဲ့ CWM Recovery ( Clock Work Mod  Recovery ) ရှိပြီးသား ဖြစ်နေရပါမယ်။
၂။ SD Card 4GB / သို့မဟုတ် 4GB အထက် ကဒ် အသစ် တစ်ခုရှိရပါမယ်။
ဒါဆို ရပါပြီ။
အဆင့် ၁။
ရှေးဦးစွာ မိမိ ထည့်သွင်းထားသော
Apk များနှင့် ၎င်းတို့၏ data များကို Backup လုပ်ထားလိုက်ပါ။ ဒီနေရာမှာ System app & User app တွေကို data နှင့်တကွ Backup လုပ်ထားလို့ရတဲ့ Titanium Backup apk ကို သုံးဖို့ အကြံပေးလိုပါတယ်။
မရှိရင်အောက်ကလင့်မှာဒေါင်းပါ။
Titanium Backup Pro V4.0.0.apk အား Dropbox Link မှ ဒေါင်းရန် 1.3MB
Titanium Backup Pro V4.0.0.apk အား Box Link မှ ဒေါင်းရန် 1.3MB
Pro ဗားရှင်း ဆိုလို့ ဝယ်ထားတယ် မထင်လိုက်ပါနဲ့ဦး။ Custom Rom တစ်ခုထဲမှာ တွေ့လို့ ဆွဲထုတ် ထားလိုက်တာပါ။
အဆင့် ၂
SD Card အသစ်ကို စသုံးပါမယ်။
SD Card အသစ်ထည့်ပီး CWM Recovery ဝင်လိုက်ပါ။
Advanced / Partition sd card / ကနေ 1GB လောက် ပိုင်းလိုက်ပါ။ SD Card တစ်ခုလုံးကို Format ချပီး Partition ပိုင်းသွားပါလိမ့်မယ်။
ကဲ စိတ်ကြိုက် app တွေထည့်ပေရော့။ Your Phone Storage is Low ပြတဲ့အထိ ထည့်ပစ်လိုက်ပါ။
အဆင့် ၃
Link2SD.apk လေးကို အောက်ကလင့် ကနေ ထပ်ဒေါင်းလိုက်ပါဦး။
Link2SD V3.1.5.apk အား Box Link မှဒေါင်းရန် 1.1MB
Link2SD ကို Install လုပ်ပီး ဖွင့်လိုက်ပါ။ Partition ကိုရွေးခိုင်းပါလိမ့်မယ်။ sdext2 လို့ရွေးပေးလိုက်ပါ။ Reboot ချခိုင်းပါလိမ့်မယ်။ Reboot လုပ်ပေးလိုက်ပါ။
image
image
image
image
image
image
အဆင့် ၎
Power ပြန်တက်လာရင် Link2SD ကိုဖွင့်ပါ။  ဘယ်ဘက်ဘေးနားကို လက်နဲ့ပွတ်ဆွဲပီး Link Dalvik-Cache File လုပ်ပါ။ Menu ကိုနှိပ်ပီး Multi-Select ကနေ User App တွေအားလုံးကို Select ပေးလိုက်ပါ။ Select ပေးပီးရင် Menu ကနေ Creat Link / OK လုပ်ပါ။
မိမိ ဖုန်းရဲ့ Storage Memory ကို ကြည့်လိုက်ပါဦး။ Free Memory ဟာ အများကြီး ကျန်နေသေးတာကို တွေ့ရပါလိမ့်မယ်။
အဆင်ပြေကြပါစေ။
မှတ်ချက်။    ။ SD Card ဟာ Partition မဖြစ်ရင် အလုပ်မလုပ်ပါ။
မသိသေးသူများအတွက် ရည်ရွယ်ပါသည်။
အဆင်ပြေပါစေဗျာ။
ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
 အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
 ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။
Friday, April 4, 2014
C8815 Sim Error Fixer (Invalid Sim Error)
C8815 တွေ မှာ Sim ကတ် မသိတာတွေ အတွက်
ဖုန်းထဲမှာတင် လွယ်လွယ်ကူကူဖြေရှင်းနိုင်ပါပြီ။
အရင်ဆုံး မိမိဖုန်းကို Root ဖောက်ပါ။
ပြီးရင် ဒီ Apk လေးထည့်လိုက်ပါ။
မိမိ ဖုန်းဟာ C8815 ဖြစ် မှသာ အလုပ်လုပ်အောင်လုပ်ပေးထားပါတယ်။
ဒီ Android Application ကို Playstore မှာ ဒေါင်းနိုင်အောင်
တင်ပေးထားပါတယ်။
Playstore မှ ဒေါင်းပေးပါအုံးး :)
https://play.google.com/store/apps/details?id=com.phyochan.c8815fixer
Playstore မရှိသူများ အတွက်လဲ
ဒီမှာ ဒေါင်းပါ။
http://d-h.st/ZFr
Screenshot_2014-03-31-16-20-30 Screenshot_2014-03-31-16-22-12
 အဆင်ပြေပါစေဗျာ။
ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
 အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
 ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။
Thursday, April 3, 2014
VRoot Version 1.7.6 Updated On 2014-03-26
2014-03-26 နေ့ကထွက်ရှိထားတဲ့ Vroot V1.7.6 လာပါပြီ...။
လိုချင်သူများအောက်မှာရယူနိုင်ပါတယ်....
Vroot
Version - 1.7.6
File Size - 6.89MB
Release Date - 26.3.2014
Download Here
one click download
  အဆင်ပြေပါစေဗျာ။
ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
 အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။ ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။
LinkWithin
Related Posts Plugin for WordPress, Blogger...