Android လုလင် apk ဗားရှင်းအသစ် စတိုင်အသစ်(အားလုံးဖတ်ပေးကြပါနော်)



Android လုလင် ဘလော့ဆိုဒ်ကို အစဉ်အမြဲအားပေးဖတ်ရှုနေသော ဘော်ဒါများအားလုံး မင်္ဂလာပါ ခင်ဗျာ။
ကျနော့ ဘလော့ဆိုဒ်အတွက် Apk ကို ခဏခဏ ဗားရှင်းပြောင်းတင်နေလို့ စိတ်ညစ်နေကြပြီလားမသိဘူးနော်။
အဲဒီအတွက် အားလုံးကို ဒီနေရာကနေတောင်းပန်ပါတယ်နော်။
အခု ဗားရှင်းပြောင်းတင်ရတဲ့အကြောင်းအရင်းက ဒီလိုပါ။
အခုနောက်ဆုံးလုပ်ထားတဲ့ version 2.4 အထိက Feedback နဲ့ မေးလ်ပို့စေတဲ့နေရာမှာ androidlulin@gmail.com ကိုမထည့်ထားမိပဲ တခြားမေးလ်ကို ထည့်ထားမိလို့ပါ။
အဲတော့ Feedback မေးလ်ကနေ စာလာတဲ့အခါ တခြားမေးလ်လိပ်စာကိုပေးထားမိတော့ ကျနော် မတွေ့မိဘူးဖြစ်ဖြစ်သွားတယ်လေ။
ကျနော်အခုက ရန်ကုန်ရောက်နေတာပါ။ကိုယ့်နယ်မှာလို အချိန်ပြည့် အင်တာနက် မထိုင်ဖြစ်တာကတစ်ကြောင်း၊ကိုယ်ပိုင်ဖုန်းကတ်ကမရှိသေးတာကတစ်ကြောင်းကြောင့် ခုရန်ကုန်ရောက်နေတဲ့ကာလမှာ အီးမေးလ်စစ်ရင် androidlulin@gmail.com ကိုပဲအမြဲမပြတ်စစ်နေမိတာနဲ့ တခြားမေးလ်ကိုမစစ်မိတော့ My livechat ကလာတဲ့မေးလ်နဲ့ apk ကနေလာတဲ့မေးလ်တွေကိုမတွေ့ဖြစ် ဖြစ်နေတော့ ကျနော် ခေါင်းရှောင်သလို ဖြစ်ဖြစ်နေတော့ ကိုယ့်ကိုယ်ကို စိတ်မသန့်လို့ အခု apk တွေကို Feedback မေးလ်တွေပြောင်း ၊setting တွေနည်းနည်းချိန်း၊Logo တွေပြင်ပြီး ဗားရှင်းအသစ်ထုတ်လိုက်ရခြင်းဖြစ်ပါတယ်။



အဲသလိုတွေ ပြင်ရင်းနဲ့ style 2 နဲ့ ဗားရှင်းတစ်မျိုးကိုထပ်လုပ်ထားပါတယ်။








style 2 နဲ့ ဗားရှင်းအသစ်က အမြင်တစ်မျိုးဆန်းပေမယ့် အားနည်းချက်နဲနဲတော့ ရှိပါလိမ့်မယ်။
အဲဒါကတော့ တခြားမဟုတ်ပါဘူး။ကျနော်တို့ဘော်ဒါတို့သုံးနေရတဲ့ လိပ်ဖိုးဖိုး MPT ရဲ့အပြေးနှုန်းကိုသဘောမတွေ့လှလို့ ဒါကိုအားနည်းချက်လို့မြင်နေရခြင်းပါ။

style 1ဖြစ်တဲ့ version အဟောင်းမှာ




loogix.com

သင်ဒီကကူးလာတယ်နော် ဟဲ: http://androidlulin.blogspot.com/
မူလစာရေးသူ -->>Android လုလင်(http://androidlulin.blogspot.com/)


 ပို့စ်တွေကို backup/restore လုပ်နိုင်ပါတယ်။

Download link တွေကိုနိုပ်တဲ့အခါမှာ Browser တောင်းတာမို့ ကိုယ်နှစ်သက်တဲ့ browser ကိုရွေးပြီး Download link ကိုသွား Download လုပ်နိုင်ပါတယ်။

style 2 ဖြစ်တဲ့ ဗားရှင်းအသစ်မှာတော့ ခဏကပြောတဲ့အချက်နှစ်ချက်ကိုမလုပ်နိုင်ပါဘူး။
ဒါပေမယ့် ဗားရှင်းအသစ်က left sidebar နဲ့ လုံးဝအလန်းပါနော်။
ခုဏကပြောတဲ့ အချက်နှစ်ချက်ထဲက ဒုတိယအချက်ကလည်း ကျနော် တို့ လိပ်ဖိုးဖိုး MPTသာမြန်မယ်ဆိုရင် ဒုက္ခလို့တောင်မဆိုရပဲ Download link နိုပ်တဲ့အခါ browser မတောင်းတော့ ရွေးစရာမလိုပဲ apk ရဲ့ default browser နဲ့ပဲအလုပ်လုပ်မှာမို့ အရမ်းကိုအဆင်ပြေစေမယ့်အချက်ပါ။

ကဲ ကဲ ဓာတ်ပုံလေးတွေကြည့်ပြီး ကိုယ့်အရပ်ကိုယ့်ဖုန်းအင်တာနက်ကွန်နက်ရှင်နဲ့အဆင်ပြေစေမယ့် ဗားရှင်းကိုရွေးချယ် Download လုပ် ပါနော်။

Apk ရဲ့ Feedback ကနေမေးလ်ပို့စ် မေးချင်သူများအဆင်ပြေစေအောင် Feedback အသုံးပြုပုံကို ထပ်လောင်းတင်ပြလိုက်ပါတယ်။







style 1 မှာ More>>>Feedback>>>Gmail
style 2 မှာ စိတ်ကြိုက်ပြင်ဆင်မယ်>>>Feedback>>>Gmail
စသဖြင့်ရွေးချယ်ပြီး Environment ဆိုတဲ့ စာကိုယ်နေရာကို selectall နဲ့ဖျက်ပြီး မေးလိုရာ ရေးလိုရာကို ရေးပြီး Send လိုက်ရင် ဘော်ဒါတို့ပို့လိုက်တဲ့မေးလ်က ကျနော် လုလင်ပျို ဆီ ရောက်လာမှာပါ။
ဒီလိုလေးပါ။






ဘလော့နှင့်ပတ်သက်ပြီးမေးထားတာ ရေးထားတာ စာပို့တာ ကွန်မန့်ပေးတာ အားလုံးကို မေးလ်လိပ်စာတစ်ခုတည်းကိုရောက်စေချင်တာမို့ ကျနော့် apk ကိုပြုပြင်တင်ရခြင်းဖြစ်ပါတယ်။
Android လုလင် ဆိုတဲ့ Apk ကို သုံးနေသူ ဘော်ဒါမျာုအားလုံး အခု update app တွေနဲ့. update လုပ်ပေးပါလို့ မှာပါရစေခင်ဗျာ။
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။

download လုပ်နည်း
** Step-1. Download Button ကိုနှိပ်လိုက်ပါ **
Step-2. "5sec". လောက်စောင့်ပေးပါ။ **
Step-3. " << SKIP >> ".ကိုနှိပ်ပေးပါ။ **
Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။

ကိုယ့်အရပ်ကိုယ့်ဖုန်းအင်တာနက်ကွန်နက်ရှင်နဲ့အဆင်ပြေစေမယ့် ဗားရှင်းကိုရွေးချယ် Download လုပ် ပါနော်။

Android လုလင်(style1).apk   
Android လုလင်(style2).apk

25 Comments

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

  1. အမြဲအာပေးသူပါလုပ်ဆောသ်ချက်တေဝအားလုံးကောင်းပါတယ်အမြဲကျေးဇူးပါကို့ရဲ့ဖုန်းကu8825Dပါversionက4.04ပါapkတွေupdateလုပ်ပြီးသုံးတဲ့အခါပြန်ကြန်ကျတယ်မနိုင်သလိုမျိုးဖြစ်တယ်application not respording stoped လို့ပြပါတယ်တခြားဖုန်း4.1အထက်versionဖုန်းတွေနဲ့စမ်းတော့အလုပ်လုပ်ပါတယ်အဲဒါဘားရှင်းနဲနဲမြှင့်ချင်တာဆိုင်တွေကတော့ရပါတယ်ပြောတာဘဲ၁၀၀၀၀လောက်တော့ကျမယ်တဲ့ဘားရှင်းနဲနဲထပ်မြင့်ရင်ဖုန်းမှာဆိုးကျိုးများရှိနိုင်မလားလို့မလုပ်ခင်သေချာအောင်ညီလေးကိုမေးတာပါချွေးနဲစာနဲ့ဝယ်ထားတာမို့ပျက်မှာလည်းစိုးတယ်ပြန်ဖြေပေးပါနော်စောင့်မျှော်လျှက်ပါ

    ReplyDelete
    Replies
    1. ဗားရှင်းမြှင့်လိုက်ရင်တော့ 100 ရာခိုင်နှုန်းအဆင်ပြေတယ်လို့ကို မကြုံတွေ့ဖူးသေးပါဘူး
      အဲတော့ သူငယ်ချင်းအခုဗားရှင်းကိုပဲ လိုအပ်တာတွေ backup လုပ်ပြီး factory resert ချကြည့်ပါ
      အဆင်မပြေမှ ဗားရှင်းမြှင့်ကြည့်ကြတာပေါ့

      Delete
  2.ုမေးလေးမဖြေရသေးဘူးနော်

    ReplyDelete
  3. Ynaung@gmail.com
    09450044147
    အစ်​ကို​ရေကျွန်​​တော်​ဖုန်းထဲကိုထဲ​ပေးပါဗျာ
    မထည့်​တတ်​လို

    ReplyDelete
  4. Ynaung@gmail.com
    09450044147
    အစ်​ကို​ရေကျွန်​​တော်​ဖုန်းထဲကိုထဲ​ပေးပါဗျာ
    မထည့်​တတ်​လို

    ReplyDelete
  5. facebook ခဏခဏကျတာဘာဖြစ်လိုလည်းဗျာ ခဏခဏ အသစ်ပြန်အလုပ်ရတာများနေပြိဗျာ hotmail ကလည်းရင်းတုန်းကနဲ့မတူဘူး အသစ်ပြန်ဖွင့်ရတာခက်ခဲ့ပါတယ်ဗျာ ဖုန်းနံပတ်ရှီမှာ comfimation code ကပိုပေးတယ်ဗျာ ကူညီပါအုံးနော် အကို

    ReplyDelete
  6. အကို​ရေ ဖုန်းဆက်​သွယ်​မှု ဧရိယာပြင်​​ရောက်​​အောင်​လုပ်​တဲ့ apk များရှိရင်​ တင်​​ပေးပါလား..

    ReplyDelete
    Replies
    1. ဒီအတွက်ဆိုရင်တော့ apk မလိုပါဘူး flight move လုပ်ထားရင်ရပါတယ်။
      သူ့ကိုမခေါ်စေချင်ရင်တော့ black list လုပ်ထားလိုက်ပေါ့
      အဲဒါဆို သူ့ဘက်က ဘယ်လိုခေါ်ခေါ် လူကြီးမင်း အစချီပြီး အမျိုးမျိုးပြောမှာပါ

      Delete
  7. ​ကျေးဇူးအကို

    ReplyDelete
  8. အကို ရေ လင့် အသစ်တင်ပေးပါလားဗျာ down မရလို့ပါ

    ReplyDelete
  9. ကိုလုလင်​က​တော့ ကျုပ်​အတွက်​ လိုတိုင်းရ ​သေတ္တာတစ်​ခုလိုပါဘဲ။ လိုလို့ လာ​မွှေ​နှောက်​လိုက်​ရင်​ ​တွေ့တာပါဘဲ။မွှေတိုင်း comment မ​ရေးခဲ့တာ​တွေအတွက်​ ​တောင်းပန်​တယ်​ဗျာ

    ReplyDelete
  10. အကိုလုလင်ခင်ဗျာ nokia lumia520 တွင်မြန်မာဖောင့် ဘယ်လိုထည့်လည်း Vrootနဲသုံးပြုလိုရလား နည်းနည်းပြောပြပေးပါအုံး ကျေးဇူးတင်ပါတယ်

    ReplyDelete
  11. အကိုရေ Huawei G730. တွက်မြန်မာစာပေါ်တဲ့အဘိဓာန်တို့ ပြက္ခဒိန်တို့ ရှာပေးပါဦးဗျာ ကျေးဇူးတင်ပါတယ်

    ReplyDelete
  12. hi အကို လုလင်
    မြန်မာ ebooks အစုံ ဒေါင်းလို့ရတဲ့ web or apk
    ရှာပေးပါအုံး

    ReplyDelete
  13. အကို ပို့စ်မတင်တာကြနေပြီနော်
    နေမကောင်းလို့လား
    မအားလို့လား

    ReplyDelete
  14. မျှော်ရတာလဲ အမော
    Comment ပေးတက်တာမကြာသေးလို့
    အရမ်းကျေးဇူးတင်ပါတယ်

    ReplyDelete
  15. မျှော်ရတာလဲ အမော
    Comment ပေးတက်တာမကြာသေးလို့
    အရမ်းကျေးဇူးတင်ပါတယ်

    ReplyDelete
  16. မျှော်ရတာလဲ အမော
    Comment ပေးတက်တာမကြာသေးလို့
    အရမ်းကျေးဇူးတင်ပါတယ်

    ReplyDelete
  17. အကို​ရေ မတင်​​သေးဘူးလား

    ReplyDelete
  18. အကို​ရေ မတင်​​သေးဘူးလား

    ReplyDelete
  19. အကို​ရေ မတင်​​သေးဘူးလား

    ReplyDelete
  20. အကို​ရေ မတင်​​သေးဘူးလား

    ReplyDelete
  21. အကိုရေ ဒီ Post နဲ့တော့မသက်ဘူး ဗျာ dropbox ၄၈gbရအောင်လုပ်နည်းလေး သေသေချာချာ လေးရှင်းပြပေးပါလားဗျာ သိရရင် အရမ်းကောင်းမယ်ဗျာ ကျေးဇူးတင်ပါတယ်ဗျာ အားပေးလျက်

    ReplyDelete
  22. ကျေးဇူးတင်ပါတယ်

    ReplyDelete
  23. အကို ရေ link တွေက redirect တွေဖြစ်ပြီးဒေါင်းလို့မရဘူး
    တစ်ချက်လောက်ရှင်းပြပေးပါ

    ReplyDelete
Previous Post Next Post

Contact Form