သင့်မှာ
Goolge-Nexus 4 ဖုန်းရှိတယ်ဆိုရင် ကိုယ်တိုင်ကိုယ်ကျ Root မလုပ်ကြည့်
ချင်ဘူးလား။ Root လုပ်ချင်သူတွေ အတွက် CNET ကရေးပေးထားတာ လေးကို ပြန်ဖော်ပြ
ပေးလိုက်ပါတယ်။
သင့်မှာ
Goolge Nexus 4 ဖုန်းရှိနေ တယ်ဆိုရင် ကိုယ်တိုင် ကိုယ်ကျ Root မလုပ်ကြည့်
ချင်ဘူးလား။ Root လုပ်လိုက်ခြင်း အားဖြင့် သင့်အနေနဲ့ Setting မျိုးစုံကို
ကလိချင်တိုင်း ကလိလို့ ရမယ်။ အသုံးဝင်ပြီး စွမ်းအား ပြည့်တဲ့ application
တွေနဲ့ custom ROMs တွေသွင်းလို့ ရမယ်။ နောက်ပြီး သင့်ဖုန်းရဲ့  အလုပ်လုပ်
ပုံတွေကိုလဲ ထိထိရောက်ရောက် ပြင်ဆင်ခွင့် ရသွား ပါလိမ့်မယ်။ ဆိုးကျိုး
အနေနဲ့ ကတော့ သင့်ဖုန်းရဲ့ warranty ကိုတော့ ပျက်သွားစေ နိုင်ပါတယ်။ ဘယ်အရာ
မဆို အဆိုးနဲ့ အကောင်း ကတော့ ဒွန်တွဲ နေမြဲပါ။ Root လုပ်ကို လုပ်ရမယ်လို့
မဆိုလို ပါဘူး။ သင့်ရဲ့ ဆုံးဖြတ်ချက် ကသာ အရေးကြီးဆုံးပါ။ ဆုံးဖြတ်ချက်
ချပြီးပြီ ဆိုရင်တော့ လုပ်ငန်း စလိုက်ကြ ရအောင်ဗျာ။

1# Root လုပ်ငန်း မစခင် အရေးကြီးဆုံးက သင့်ဖုန်းထဲမှာ အရေးကြီး အချက်အလက်တွေ၊ ဓါတ်ပုံ၊ ဗီဒီယိုနဲ့ သီချင်းတွေ ရှိရင် Back up လုပ်ထားဖို့ပါဘဲ။
2# Back up လုပ်ပြီးပြီ ဆိုရင်တော့ ဖုန်းကို Enable USB debugging လုပ်ဖို့ လိုပါတယ်။ ဒီလို လုပ်ဖို့အတွက် Developer options ကိုဖော်ရပါမယ်။ (Andriod 4.2 မှာဒီ option ကိုဖျောက်ထား လို့ပါ။) Phone Setting Menu ကနေ 'About Phone' ကိုနှိပ်လိုက်ပါ။ 'Build Number' ကိုတွေ့အောင်ရှာပြီး *၇*ချက် နှိပ်ပေး လိုက်ပါ။ ၇ချက်နှိပ် ပြီးပြီ ဆိုရင်တော့ Developer Options ပေါ်ထွက်လို့ လာပါပြီ။
အဲ့ဒီထဲကမှ 'Enable USB Debugging' ကိုအမှန်ခြစ် ပေးလိုက်ပါ။
3# (*ဖုန်းနဲ့ ကွန်ပျူတာကို လုံးဝ မချိတ်ဆက် ပါနဲ့ဦး*) ပြီးပြီဆိုရင်တော့ (http://developer.android.com/sdk/index.html) ဒီလင့်ကို သွားပြီး Latest Version of the Andriod SDK ကို ဒေါင်းပေးပါ။ Andriod SDK မှာသင့်ဖုန်းနဲ့ ကွန်ပျူတာကို ဆက်သွယ်ဖို့ လိုအပ်တဲ့ USB drivers တွေအကုန် ပါပါတယ်။

4# (http://download.chainfire.eu/297/CF-Root/CF-Auto-Root/CF-Auto-Root-mako-occam-nexus4.zip) ဒီလင့်ကို သွားပြီး CF-Auto-Root zip ဖိုင်လေးကို ဒေါင်းပေးပါ။ ဒေါင်းလို့ရတဲ့ ဖိုင်ကို သင့်ကွန်ပျူတာရဲ့ သတ်သတ်မှတ်မှတ် နေရာတစ်ခုမှာ Extract လုပ်ပေး ထားပါ။

5# အခု ကျွန်တော်တို့ ဖုန်းကို Fastboot mode ဖြစ်အောင် လုပ်ပါမယ်။ ဒီလိုလုပ်ဖို့ အတွက် အရင်ဆုံး ဖုန်းကို ပါဝါပိတ် လိုက်ပါ။ ပြီးရင် power button နဲ့ - volume ခလုတ်ကို တပြိုင်နက် ဖိထား ပေးပါ။ 'Start' ဆိုတဲ့ စာလုံးကြီး ဖုန်းစကရင်ထိပ်မှာ ပေါ်လာပြီ ဆိုရင်တော့ ဖိထားတာကို လွှတ်လိုက်ပြီး ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ဆက် လိုက်ပါ။ ဒေါင်းထားတဲ့ Andriod SDK ထဲက Drivers တွေကို အလိုလျောက် ဖုန်းထဲကို Install သွင်းသွား ပါလိမ့်မယ်။

6#
ခုနက Extract ဖြည်ထားတဲ့ CF-Auto-Root folder ဆီသွားပြီး Root Windows.exe
ဖိုင်ကို Double Click လုပ်ပေး လိုက်တာနဲ့ Rooting porcess စအလုပ်
လုပ်ပါပြီ။

7# Rooting Process ပြီးဆုံးသွားပြီ ဆိုရင်တော့ သင့်ဖုန်းမှာ SuperSU app လေး install ၀င်နေပြီလား ဆိုတာ တစ်ချက် စစ်ကြည့် လိုက်ပါ။ ၀င်နေပြီ ဆိုရင်တော့ သင့်ရဲ့ Nexus4 ဖုန်းအသစ် စက်စက်လေး Root ဖောက်ပြီး သွားပါပြီ ခင်ဗျာ။ အကြောင်းကြောင်းကြောင့် SuperSu app လေး install မ၀င်ဘူးဆိုရင်လဲ (https://play.google.com/store/apps/details?id=com.noshufou.android.su&hl=en) ဒီလိပ်စာ ကနေ သွားရောက် ရယူနိုင် ပါတယ်ခင်ဗျာ။
