


အခုချိန်လောက်ဆိုရင် Android လုလင် ကိုအားပေးနေကြတဲ့သူငယ်ချင်းများ အားလုံး ဒီပို့စ် (
android လုလင် ဘလော့ ကို android lulin.apk (application) နဲ့ တိုက်ရိုက် ၀င်လို့ရပါပြီ
) ကိုဖတ်ပြီးလောက်ပြီထင်ပါတယ်နော်။အဲဒီတော့ အခုလုလင်ပျိုက android lulin.apk (version 2.7.2)ဘယ်လိုလုပ်ထားသလဲ ဘယ်ကနေလုပ်သလဲ ဆိုတာကို ဓာတ်ပုံတွေနဲ့တကွ အသေးစိပ်ပြောပြပေးမှာပါ။
ကိုယ်ပိုင်ဝက်ဆိုဒ် ရှိသူတွေအတွက်ရွှေဖြစ်သလို
ကိုယ်ပိုင်ဝက်ဆိုဒ် မရှိလည်း မိမိရဲ့ facebook fan page တွေကို app လုပ်ပြီး ကိုယ့်ဖုန်းထဲမှာ ကိုယ်တိုင်ကြည့်လို့ရတာပေါ့။
ကဲစကြရအောင်
လုပ်ရမှာက အဆင့်ခြောက်ဆင့်ရှိပါတယ်။
အရင်ဆုံး အဲဆိုဒ် http://custom.maxthon.com/ ကို ဖေ့ဘွတ်အကောင့်နဲ့ဝင်ထားလိုက်နော်။
ကဲ ၀င်ပြီးပြီဆိုတော့ စရအောင်
အရင်ဆုံး make it now ကိုနိုပ်လိုက်
အဆင့်(1)

Browser nameဆိုတာကတော့ app name ပါပဲ
ကိုယ် app လုပ်မဲ့နာမည်ထည့်ပေးလိုက်ရအောင်။
ကိုယ့်ဝက်ဆိုဒ်ကို လုပ်မှာဆိုရင်တော့ ကိုယ်ဆိုဒ်နာမည်လေးထည့်ပေါ့
အဆင့်(2)

customize ကိုနိုပ်ပြီး browser icon ကိုထည့်ပေးရမှာပါ။
ဓာတ်ပုံဆိုက်က JPG or PNG, < 50KB, 72x72 pixels ဖြစ်ရမယ်နော်။
ကိုယ့်ဟာကြီးနေရင် ချုံ့ထားပေါ့ (ဓာတ်ပုံပြောတာ

အဆင့်(3)

Set your browser’s homepage တဲ့နော်
customize ကိုနိုပ်ပြီး app ကိုဝင်ဝင်ချင်းမြင်ရစေမဲ့ လင့်လေးထည့်ပေးလိုက်ပေါ့
အဆင့်(4)

Select a theme/skin တဲ့နော်။အထွေအထူးပြောနေစရာလိုမယ်မထင်ပါဘူး။
drop down အမှတ်ကလေးကို ကလစ်ပြီး နောက်ခံပေါ်စေမဲ့ အရောင်လေး ရွေးပေးလိုက်ပေါ့။
အဆင့်(5)

Upload your own (480x800, PNG or JPG, <500KB) စာတွေအောက်က မျှားလေးကိုနိုပ်ပြီး app ကိုဝင်ဝင်ချင်းပေါ်စေမဲ့ ဓာတ်ပုံကိုရွေးထည့်ပေးလိုက်ပေါ့။
အဆင့်(6)

အားလုံးပြည့်စုံပြီဆိုရင်တော့ ကိုယ့်အီးမေလ်းလိပ်စာလေးထည့်ပေးလိုက်ပါ။
ပြီးရင် အောက်က creat your broswer ကို နိုပ်လိုက်တော့။
ပြီးရင် ဒေါင်းလိုက်တော့ ရပြီနော်။
ကဲ ပြီးသွားပြီ app လေးတစ်ခုကို အောင်မြင်စွာ လုပ်ပြီးပြီပေါ့။
ဒါလေးကိုသုံးပြီး လုလင်ပျို တွေ့မိတာလေးတစ်ခုပြောရရင်
ဒါက သူ့ရဲ့ ထုတ်ကုန်ဖြစ်တဲ့ maxthon browser ကိုကြေညာတာပါပဲ။
ဘာဖြစ်လို့ဒီလိုပြောရတာလည်းဆိုရင် ဒီ app လုပ်တာက browser ကိုကြိုတင်ဖြည့်ထားတဲ့သဘောလေးပါ။အဲဒါလေးကိုလုလင်ပျိုတွေ့မိတယ်လေ။
နောက်ပြီး အားနည်းချက်တစ်ခုက ဒီမှာလုပ်ထားတဲ့ app နှစ်ခုရှိတယ်ဆိုပါတော့ တစ်ခုကိုထည့်ထားပြီးရင် နောက်တစ်ခုထပ်ထည့်တဲ့အခါမှာ replace လုပ်ရတယ်ဗျ။
အဲဒါကြောင့်ပြောတာပေါ့ ဒီ app လုပ်တာက browser ကိုကြိုတင်ဖြည့်ထားတဲ့သဘောလေးပါ လို့လေ။
အဲဒါကလည်း လုလင်ပျိုက mmict ရော android လုလင်ရော နှစ်ခုထည့်တာကိုး။အဲဒါလေးဖြစ်တာတွေ့လို့ သတိပေးတာပါ။
လုလင်ပျို အရင်လုပ်ထားတဲ့ ဟာက နှစ်ခုတပြိုင်တည်းထည့်လို့ရပေမယ့် သိပ်မလန်းဘူးလေ။
ကဲ စကားလည်းရှည်သွားပြီ ကွန်လည်းကျပြီ ပိုက်ပိုက်လည်း ကုန်ပြီ ပြန်တော့မယ်နော် ။


လုလင်ပျို စကားတစ်ခွန်းပြောပါရစေ။
ဒီဘလော့ကို လုလင်ပျိုက တစ်ယောက်တည်းနဲ့ အချိန်ယူပြီးလုပ်ထားတာလေးပါ။
ဘ၀တိုတိုမှာ အရသာ ချိုချို ခံစားချင်တာ “လူသား” ဆိုတဲ့ စာအတိုင်း လုလင်ပျိုက ပီတိစားချင်လို့
ကိုယ်ကျိုးမဖက်ပဲ ဘ၀တူ android ဖုန်း သုံးသူတွေ အားလုံး အဆင်ပြေအောင် လုပ်ထားပါတယ်။
သူငယ်ချင်းတို့ အနေနဲ့ ပိုစ့်တစ်ပုဒ် ဖတ်ပြီးတဲ့အခါ
လုလင်ပျိုအတွက် အားဆေးဖြစ်စေမဲ့ ပီတိ ကွန်မန့်လေးတစ်ခုလောက်တော့ ရေးပေးပါလို့ တောင်းခံပါတယ်။
ပိုစ့်ဖတ်တဲ့ အရေအတွက်နဲ့ ကွန်မန့်အရေအတွက်နဲ့က ဘယ်လိုမှကိုမကိုက်ပဲ မရှိသလောက်တောင်ရှားလို့ ယခုလို တောင်းခံတာပါ။ အားဆေးပေါ့ဗျာ။
android လုလင် ကိုလာပြီး အကျိုးတစ်ခုလေးပဲ ရသွားတယ်ဆိုရင် ကျေနပ်ပါပြီ။
ကိုယ်ပိုင်ဝက်ဆိုဒ်ရှိတဲ့ သူငယ်ချင်းတွေကိုလည်း ပြောချင်တာကတော့
ဒီဘလော့လေးကိုလည်း နဲနဲ ကြော်ညာပေးကြပါလို့ ပြောချင်ပါတယ်။
မေတ္တာဆိုတာ ရောင်ပြန်ဟတ်တယ်တဲ့ ကြားဖူးတာပေါ့ဗျာ
တကယ်ယုံချင်လို့ပါ
ကဲ့ရဲ့သူ၊ရှုတ်ချသူ၊အပြစ်တင်သူ၊ဝေဖန်သူ၊ချစ်သူ ခင်သူ အားလုံးကို လုလင်ပျိုက ခင်မင်လျက်ပါ
လုလင်ပျိုနဲ့ ဆက်သွယ်ချင်ရင် ခင်ချင်ရင်တော့
androidlulin@gmail.com ကိုအပ်လိုက်နော်
Tags:
သိမှတ်စရာ
အကိုရေ အကိုဆိုက်ကိုလာလည်
ReplyDeleteရတာကျွန်တော်အတွက်တော့ဗဟုသုတ
လေးတွေ တော်တော်ရခဲ့ပါတယ်။
အဲဒီအတွက်လဲ ကျေးဇူးအထူးတင်
ပါတယ်ဗျာ
ရွှေမန်းသား
ဟုတ်ကဲ့ပါ ရွှေမန်းသား လေးရေ
Deleteဒီလို အားဆေးလေးပေးတာ ကျေးဇူးပါနော်
thanks ,,,brother..........u r the best one of myanmar depelovers. i visit to come ur site everyday. i learning about mobile tec from ur site.. thnaks again..so sorry for my poor english..i can't type MM font..
ReplyDeleteအကိုရေအကိုဆိုက်ကဆော့ဝဲတွေဒေါင်းရတာလွယ်တယ်အကိုဒီထက်မကအောင်မြင်ပါစေကျွန်တော်ဇေယျာမှဆုတောင်းပေးပါတယ်
ReplyDeleteအကိုရေအကိုဆိုက်ကဆော့ဝဲတွေဒေါင်းရတာလွယ်တယ်အကိုဒီထက်မကအောင်မြင်ပါစေကျွန်တော်ဇေယျာမှဆုတောင်းပေးပါတယ်
ReplyDeleteကျေးဇူးပါ အကို ကျတော်ကဒီနေမှအကိုဆိုက်ကိုသိတဲအကိုရဲ့ညီတယောက်ပါ အစင်အမြဲအားပေးဖို့ရှိပါတယ်အကိုနဲခင်ချင်ပါတယ်addထားမယ်
ReplyDeleteအခုမှတွေ့ရတာဝမ်းနဲတယ်ဗျာ စေတနာထားတဲ့
ReplyDeleteကိုလုလင်ပျိုလုပ်တိုင်းအောင်ဆောင်တိုင်းမြောက်
ပါစေ
မထင်မှတ်ပဲ အကို့ဆိုဒ်ကို တွေ့ခဲ့ ရပေမယ့် ကျွန်တော့်လို ဖုန်းကို အချိန်ရှိတိုင်း ကလိနေသူအတွက်တော့ တကယ်ကို တန်ဖိုးကြီးပါတယ် အကိုရဲ့ app လေးကိုလဲ ကြိုးစားပြီးလုပ်ကြည့်လိုက်ဦးမယ် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး ဒါပေမယ့် ကြိုးစားဖို့တော့ လိုတာပေါ့ နော။ နောက်ထပ် ဖုန်းနဲ့ ပတ်သတ်တဲ့ နည်းပညာပဲဖြစ်ဖြစ် ကွန်ပြူတာနဲ့ ပတ်သတ်တဲ့ နည်းပညာပဲဖြစ်ဖြစ် အများကြီး မျှဝေပေးနိုင်ပါစေအကို။ အမြဲ အားပေးနေမှာပါ
ReplyDeleteကျေးဇူတင်ပါတယ်အကိုလုလင်နောက်လည်းတင်ပေးပါအုံး အကိုဆီကဗဟုသုတတွေအမျာကြီးရပါတယ် ပြီးတော့ ဆိုဒ်တွေမှာ ဆော့ဝဲလ်ဒေါင်းရတာ လွယ်တယ်အကိုနောက်လည်းဖုန်းနဲ့ပတ်သတ်တာလေးတွေမျာများတင်ပေးပါနော်
ReplyDeleteကျေးဇူးတင်ပါတယ်
လုလင်ပျိုကိုဆုတောင်းေါတယ်
ချောချောလေးနဲ့ညားပါစေးးးးးးငိငိ
ကျေးဇူးပါအကို ဒီထက်နည်းပညာတွေ များများမျှဝေနိုင်ပါစေ။
ReplyDeleteကျေးဇူးတင်ပါတယ်
Deleteကြိုးစားလျှက်ပါ
ဟဲ ဟဲ
အကို့ဆိုဒ်ကို ဖုန်းနဲ့ကော ကွန်ပျူတာနဲ့ကော မအားလပ်အောင်သုံးဖြစ်တယ်။ ဒေါင်းရတာ လေ့လာရတာလွယ်သလို ဗဟုသုတလည်း အများကြီးရပါတယ်။ အရမ်းကျေးဇူးတင်ပါတယ်။ ဒီထက်မက ဝေမျှရင်း အကိုလည်း ဒီထက်အဆပေါင်းများစွာ အကျိုးပြုနိုင် အောင်မြင်နိုင်ပါ့စေ။ ရင်ထဲက နှစ်နှစ်ကာကာ နဲ့ကို ဆုတောင်းပေးတာပါ။
ReplyDeleteနည်းပညာလောကကြီးထဲမှာ အစ်ကိုဆိုဒ်ကလေးကမရှိမဖြစ်လိုအပ်လှပါတယ်ဗျာ
ReplyDeleteအစ်ကိုsiteက software down ရတာ အဆင်ပြေတယ် ကျေးဇူးအများကြီးတင်ပါတယ်
ReplyDeleteအစ်ကိုsite ကsoftware down ရတာအဆင်ပြေတယ် ကျေးဇူးအများကြီးတင်ပါတယ်
ReplyDelete