Android Device များပေါ်တွင် Ubuntu OS ကိုထည့်သွင်းပုံ



Android Platform အသုံးပြုထားတဲ့ Android Phone, Tablet များပေါ်မှာ Ubuntu OS ကို ထည့်သွင်းချင်သူတွေအတွက် ထည့်သွင်းအသုံးပြုနိုင်စေရန်အတွက် ထည့်သွင်းပုံကို ယခုတစ်ပတ်မှာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ Android အသုံးပြုထားတဲ့ Phone တွေ Tablet တွေမှာ Ubuntu OS ကို ထည့်သွင်းအသုံးပြုဖို့အတွက် အသုံးပြုမယ့် Android OS ဟာ Roted ဖြစ်နေရမှာဖြစ်ပြီး Busybox လည်း ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။
Android OS ရဲ့ Version ကလည်း 2.1 Eclair Version နဲ့အထက် ဖြစ်ရမှာဖြစ်ပါတယ်။ Rom ဟာလည်း Custom Rom မဖြစ်ရဘဲ Offcial Rom သာ ဖြစ်ရမှာဖြစ်ပါတယ်။ CPU အနိမ့်ဆုံးအဆင့် လိုအပ်ချက်ကတော့ အနိမ့်ဆုံး 1GHz Speed ရှိရမှာဖြစ်ပြီး SD Card Storage အတွက်ကလည်း အနိမ့်ဆုံး 3.5GB Free Space ရှိရမှာဖြစ်ပါတယ်။ Ubuntu OS ကိုထည့်သွင်းရန် လောလောဆယ်မှာ အဆင်ပြေတဲ့ဖုန်းတွေရဲ့ စာရင်းတွေကို http://geeknizer.com/install-run-ubuntu-on-android/ ဒီဝက်ဘ်စာမျက်နှာမှာ သွားရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Android Phone နဲ့ Tablet တွေအတွက် လိုအပ်ချက်တွေ ပြည့်စုံပြီဆိုရင် ကွန်ပျူတာထဲမှာ ADB ကို Install ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။ ပြီးရင် http://downloadandroidrom.com/file/AndroidUbuntu/ubuntu.zip ဆိုတဲ့ ၀က်ဘ်ဆိုက်နေရာမှာ Ubuntu Zip ဖိုင်ကို Download ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Android Device တွေပေါ်မှာ Ubuntu OS ကို ထည့်သွင်းအသုံးပြုချင်သူတွေအနေနဲ့ Linux Command တွေကို အခြေခံသိရှိထားဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။ ဒေါင်းလုပ်ပြုလုပ်ထားတဲ့ Ubuntu Zip ဖိုင်ရဲ့အရွယ်အစားဟာ ကြီးမားတာကြောင့် SD Card ကတော့ Free Space များများရှိမယ်ဆိုရင် ပိုအဆင်ပြေစေပါတယ်။ ဖုန်းပေါ်မှာတင်မယ့် Ubuntu OS ဖိုင်တွေကို Download ပြုလုပ်ရမယ့် ဖိုင်အရွယ်အစားတွေကတော့ Download ပြုလုပ်ရတဲ့ Version တွေပေါ်မူတည်ပြီး တစ်ခုနဲ့တစ်ခုတော့ တူညီမှာမဟုတ်ပါဘူး။ Large Version ကို Download ပြုလုပ်ရမယ့် ဖိုင်အရွယ်အစားဟာ 1.5GB ပမာဏရှိမှာဖြစ်ပြီး Installation ပြုလုပ်တဲ့အခါ ဖိုင်အရွယ်အစားက 3.5 GB ပမာဏ ရှိမှာဖြစ်ပါတယ်။ Lightweight ကို Download ပြုလုပ်မယ်ဆိုရင်တော့ Download Size က 500MB ရှိရမှာဖြစ်ပြီး Installation Size ကတော့ 2.5 GB ရှိရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ Screen အရွယ်အစား Resolution တွေကိုလိုက်ပြီးတော့လည်း Ubuntu OS ကိုတင်သုံးခွင့်ရှိတဲ့ Handset တွေကို ခွဲခြားပေးထားပါတယ်။ ဒါ့အပြင် Download ပြု  လုပ်ရမယ့် ဖိုင်အမျိုးအစားကိုလည်း Core, Small, Full ဆိုပြီး ဆော့ဖ်ဝဲတွေ ပါတာနဲ့မပါတာ ခွဲခြားပြီး Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ core ဆိုတာကတော့ ဘာဆော့ဖ်ဝဲမှ မပါပါဘူး။ Small ကတော့ Software အနည်းငယ်ပါဝင်ပြီး RAM နိမ့်တဲ့ Device တွေအတွက် ထုတ်လုပ်တာပါ။ Full ကတော့ RAM ပမာဏများတဲ့ Device တွေအတွက်ဖြစ်ပြီး Full မှာ Software တွေ ပါဝင်လာမှာဖြစ်ပါတယ်။ Full မှာတော့ Firefox, Thunderbird, Openoffice, GIMP, Emacs Text Editor, Java, Python, PDF Viewer, File Manager, Terminal, Leafpad အစရှိတဲ့ Application တွေ ပါဝင်လာမှာ ဖြစ်တဲ့အတွက် Phone, Tablet တွေပေါ်မှာ Operating System ကို Professional အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Phone Handset နဲ့ Tablet တွေပေါ်မှာ Ubuntu OS ကို ထည့်သွင်းမယ်ဆိုရင် ပထမဆုံး Android ထဲမှာရှိတဲ့ အရေးကြီးတဲ့ဖိုင်တွေကို Backup ပြုလုပ်ထားသင့်ပါတယ်။ SMS တွေ Contact List တွေနဲ့ Call Log တွေကိုလည်း Backup ပြုလုပ်ထားသင့်ပါတယ်။ ယခုအဆင့်ကစပြီးတော့ Ubuntu OS ကိုကွန်ပျူတာကနေ Android Device ထဲ စတင်ထည့်သွင်းတော့မှာ ဖြစ်ပါတယ်။ ကွန်ပျူတာကနေ ထည့်သွင်းဖို့အတွက် Download ပြုလုပ်ထားတဲ့ Ubuntu Zip ဖိုင်ကို Root directory ထဲမှာ Unzip ပြုလုပ်ထားရပါမယ်။ အထက်မှာ ဖော်ပြခဲ့ပြီးတဲ့အတိုင်း Android OS ဟာလည်း Root ဖြစ်ပြီး ဖြစ်ရပါမယ်။ ပြီးရင်တော့ ADB Installer ရှိတဲ့ Folder ထဲမှာ Shift+Right Click ကိုနှိပ်လိုက်ပါ။ ပြီးရင် Open Command Windows here ဆိုတာကိုရွေးချယ်လိုက်ရင် Command Prompt ပေါ်လာမှာဖြစ်ပါတယ်။ Command Prompt မှာပထမဆုံး adb server ကို စတင်အလုပ်လုပ်အောင် အောက်ပါ Command ကိုအသုံးပြုပါ။ အသုံးပြုရမယ့် Command ကတော့ adb start-server ဆိုတဲ့ Command ဖြစ်ပါတယ်။ ကွန်ပျူတာနဲ့ Android Device ကိုတပ်ဆင်မယ်ဆိုရင် ပထမဆုံး System ထဲက Development Option ထဲက USB Debugging ကို အမှန်ခြစ် ထည့်ပေးထားရမှာဖြစ်ပါတယ်။ adb ကို စတင်အလုပ်လုပ်ခိုင်းပြီးပြီဆိုရင် သင့်ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ Device ကို သိလားမသိလားဆိုတာ သိရအောင် adb device ဆိုတဲ့ Command ကိုအသုံးပြုရပါမယ်။ ပြီးပြီဆိုရင်တော့ adb shell ဆိုတဲ့ Command လေးနဲ့ Shell ကိုဖွင့်လိုက်မယ်ဆိုရင် Command Prompt မှာ $ Sign လေးပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီမှာ Super User Premission ရရှိဖို့အတွက် $sh-4.1#su ဆိုတဲ့ Command ကိုရိုက်ထည့်ရပါမယ်။ ပြီးရင် SD Card ထဲ Ubuntu Folder ကိုသိဖို့အတွက် ညွှန်ပေးရမှာဖြစ်ပါတယ်။ Ubuntu Folder ကိုသိဖို့အတွက် $ sh-4.1# cd/sdcard/Ubuntu ဆိုပြီး ရိုက်ထည့်ပေးလိုက်ပါ။ ဒီအဆင့်ပြီးပြီဆိုရင်တော့ Ubuntu Folder ထဲမှာ Script ကို Run နိုင်အောင် $ sh-4.1# sh Ubuntu.sh ဆိုတဲ့ Command ကိုအသုံးပြုလိုက်ပါ။ ဒီ Command ကတော့ SD Card ထဲမှာရှိတဲ့ Ubuntu Folder ထဲမှာ Ubuntu.sh ဆိုတဲ့ဖိုင်ကို Run နိုင်အောင်အသုံးပြုတဲ့ Command ဖြစ်ပါတယ်။ ပြီးသွားပြီဆိုရင်တော့ $ sh-4.1# bootubuntu ဆိုတဲ့ Command နဲ့ Shell ကနေထွက်ရပါမယ်။ ဒါဆိုရင်တော့ Ubuntu OS ကို Android Phone သို့မဟုတ် Tablet တွေပေါ်မှာ တင်သွင်းတဲ့အဆင့်က ပြီးသွားပြီ ဖြစ်ပါတယ်။ နောက်ထက် အဆင့်အနည်းငယ်ကတော့ Ubuntu OS ထဲမှာ Package တွေကို Update ပြုလုပ်နိုင်ဖို့နဲ့ ဒေါင်းလုပ်တွေ ပြုလုပ်နိုင်ဖို့အတွက် အနည်းငယ်ပြင်ဆင်ပေးရမှာ ဖြစ်ပါတယ်။ Package တွေကို ပြင်ဆင်ဖို့အတွက်ကတော့ Source List မှာ သွားရောက်ပြင်ဆင်ပေးရမှာ ဖြစ်ပါတယ်။ Source List မှာ ပြင်ဆင်ချင်သူတွေအတွက် အောက်ပါအတိုင်း လုပ်ဆောင်နိုင်ပါတယ်။ Source List ကိုပြင်ဆင်ဖို့အတွက် Terminal ကိုဖွင့်ရမှာဖြစ်ပါတယ်။ Terminal ထဲမှာ $ cat> etc/apt/source.list ဆိုတဲ့ Command ကိုရိုက်ထည့်လိုက်ရင် Source ဖိုင်တွေကို ပြင်ဆင်ပေးနိုင်မယ့် Editor တစ်ခု ပွင့်လာမှာဖြစ်ပါတယ်။ Source File ထဲမှာ deb http://old-releases.ubuntu.com/ubuntu/karmic main univer ဆိုတာကို ရိုက်ထည့်ပေးလိုက်ပါ။ ပြီးရင်ပြန်ထွက်ပြီး Terminal ကနေ Package တွေကို Update ပြုလုပ်ဖို့အတွက် $ apt-get update ဆိုတာကို ရိုက်ထည့်ရပါမယ်။ aptget update ဆိုတဲ့ command ဟာ Super User တွေမှသာ အသုံးပြုနိုင်တာဖြစ်တဲ့အတွက် Root အကောင့်နဲ့ဖြစ်ဖို့ အရေးကြီးပါတယ်။ သာမန် User Level ဆိုရင်တော့ sudo ကိုအရှေ့ကခံပြီး sudo apt-get update ဆိုတဲ့ Command ကို အသုံးပြုရမှာဖြစ်ပါတယ်။ ပြီးရင်တော့ tight-vncserver ကို Install ပြုလုပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ tightvnc-server ကို Install ပြုလုပ်ဖို့အတွက် $ apt-get install tightvncserver ဆိုတဲ့ Command ကို ရိုက်ထည့်ရမှာဖြစ်ပါတယ်။ ဒီ Command ကို ရိုက်ထည့်ပြီးရင် Program ကို Install လုပ်ဖို့အတွက် လုပ်မှာလား မလုပ်ဘူးလားဆိုတာကို မေးတဲ့အချိန်မှာ "y" Key ကိုနှိပ်ပြီး Install လုပ်ရမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ Ubuntu OS ကို Android Phone, Tablet tp ရှိတဲ့ Device တွေမှာ ထည့်သွင်းပြီးပြီဖြစ်ပါတယ်။ Ubuntu OS ကို Android Device တွေမှာ ထည့်သွင်းဖို့အတွက်ကတော့ Device တိုင်းကို အထောက်အပံ့ပေးနိုင်မှာ မဟုတ်တဲ့အတွက် လက်ရှိထည့်သွင်းအောင်မြင်ပြီးသား Device တွေရဲ့စာရင်းမှာ သင်အသုံးပြုတဲ့ Android Device ပါဝင်မပါဝင်ကို အရင်စစ်ဆေးသင့်ပါတယ်။ ပြီးရင်တော့ သင့် Device ဟာ Ubuntu OS ကို အထောက်အပံ့ပေးတဲ့ စာရင်းထဲမှာ ပါဝင်နေရင်တောင် အရေးကြီးတဲ့ Data တွေကို Backup ပြုလုပ်ထားသင့်ပါတယ်။

7 Comments

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

  1. Huawei C8812 အတွက်အဆင်မပြေနိုင်ဘူးလားဗျာ

    ReplyDelete
  2. Huawei C8812 အတွက်အဆင်မပြေနိုင်ဘူးလားဗျာ

    ReplyDelete
  3. ကျွန်တော် tablet SYH G810 က ပါဝါဖွင့်လိုက်ပြီး SYH ဆိုပြီးတတ်လာတယ် ပြီးတော့ ANDRIOD ဆိုပြီးဘာမှမပြောင်းပဲ အဲဒီအတိုင်းငြိမ်နေတယ်ခင်ဗျာ ဘာဆက်လုပ်ရမလဲ ဘာဖြစ်တာလဲဆိုတာလေးကူညီလမ်းညွန်ပေးစေချင်ပါတယ်

    ReplyDelete
  4. a ku pyaw nay tar ka window cmd or ubuntu terminal mar lar bro .pls replay me

    ReplyDelete
  5. huawei 730 မှာရော တင် လို့ရလားမသိဘူး

    ReplyDelete
  6. Huawei p6 မှာ ထည့်သွင်းလို့ အဆင်ပြေမလားခမျ

    ReplyDelete
  7. Huawei p6 မှာ ထည့်သွင်းလို့ အဆင်ပြေမလားခမျ

    ReplyDelete
Previous Post Next Post

Contact Form