Remove Bloatware from Galaxy S3

ဖုန်းတွေထဲမှာ manufacturer တွေထည့်ပေး သမျှ app တွေထဲမှာ ကိုယ့်အတွက် တကယ် အသုံး မ၀င်တဲ့ bloatware တွေအများကြီးပါ။ ဒါတွေကို ဘယ်လို ဖယ်ရှားမလဲ။
Android မှာ app နဲ့ tool တွေက ရည်ရွယ်ချက် အမျိုးမျိုး အတွက် မရှိဘူး ဆိုတာမျိုး မရှိပါဘူး။ Google platform ကြောင့်လို့တော့ မပာုတ်ပါဘူး။ Apple ရဲ့ iOS လည်းတူတူပါပဲ။ အဲဒါ အတွက်ဒီ app ရှိတယ်လေလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ပြောစရာ တစ်ခုက Android မှာ iOS ကနေ အိပ်မက်တောင် မမက်ဖူးတဲ့ app တွေရှိပါတယ်။ ဥပမာ ပြောရမလား။ Keyboard ပဲကြည့် ရအောင်။ Android မှာများပြား လှတဲ့ ပြိုင်ဘက်တွေရဲ့ လုပ်ဆောင်မှုတွေ ရှိပါတယ်။ iOS မှာတော့သင် jailbrake မလုပ်ရင် ပြုပြင်လို့ မရပါဘူး။ messaging app မှာအစားထိုး စရာ နောက်တစ်မျိုး ဆိုရင်ရော? Go SMS Pro ပာာ Android အသုံးပြုသူ တွေကြားမှာ ခေတ်စား နေတာ အတော် ကြာနေပါပြီ။ ပြီးတော့ Sony တို့ HTC တို့လို ထုတ်လုပ်သူ တွေမှာ သူတို့ကိုယ်ပိုင် လှလှပပနဲ့ အသုံးဝင်တဲ့ messaging app တွေရှိပါသေးတယ်။ သင်ဒါမျိုးကို iOS မှာ မရသလို နောင်လဲ ရနိုင်မယ် မထင်ပါဘူး။


Bloatware

ထုတ်လုပ်သူတွေရဲ့ ကိုယ်ပိုင် app အကုန်လုံးပာာ အကျွမ်းဝင် အသုံးတည့် တယ်လို့ မဆိုလိုပါဘူး။ smartphone၊ Tablet နဲ့ computer တွေမှာ ပါတဲ့ OEM software တွေပာာ ကြော်ငြာတဲ့ software တွေအများအပြား ပါတတ်ပါတယ်။ စီးပွားဖြစ် app တွေရဲ့ trial versions တွေဖြစ်ပြီး system ရဲ့လုပ်ဆောင်မှုကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေတာ ကလွှဲလို့ ဘာအသုံးမှကို မဝင်တာပါ။ ပညာရပ် ဆိုင်ရာ ဝေါပာာရအရ အဆိုပါ software တွေကို bloatware လို့ခေါ်ပြီး ရှင်းထုတ်ရမယ့် အရာတွေပါ။ Android အတွက် bloatware removal solutions တွေပာာ Google Play Store မှာကော၊ XDA-Developers forum မှာပါ ပြတ်လပ်တယ် ဆိုတာ မရှိပါဘူး။ ထင်ရှားတဲ့ အများစု ကတော့ လုပ်ဆောင်မှု ကောင်းမွန် ပါတယ်။ အကယ်၍ သင့်မှာ Samsung Galaxy S III i9300 ရှိတယ် ဆိုရင် PalaTool ကိုအသုံးပြု ကြည့်သင့် ပါတယ်။

Bloatware

PalaTool ပာာ AROMA-based recovery script ဖြစ်ပြီး Galaxy S III မှာအခြေခံ ကျတဲ့ လုပ်ဆောင်မှု ၃မျိုးကို လုပ်ဆောင် ပါတယ်။ Samsung ရဲ့ bloatware ကိုဖယ်ရှား ပေးခြင်း၊ CyanogenMod ရဲ့ APN configuration settings ကို install လုပ်ပေးခြင်း၊ သင့်ဖုန်းမှ system, data, cache နဲ့ Dalvik cache partition တွေကို format ချခြင်း၊ wipe လုပ်ခြင်းတို့ကို လုပ်ဆောင် ပေးပါတယ်။ ယင်းပာာ သင့်ကို Nexus 4 UI ကို install လုပ်ခွင့်ပေး မှာလည်း ဖြစ်ပါတယ်။ တီထွင် သူပာာ သူ့ကိုယ်ပိုင် အသုံးပြုဖို့ အဆိုပါ script ကိုရေးခဲ့ပေမယ့် လူအများ အသုံးပြုလို့ ရအောင် ပြုလုပ်ဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ PalaTool ပာာ AROMA ကိုအခြေခံ ထားတာ ဖြစ်တဲ့အတွက် ယင်းကို အလုပ်လုပ် စေဖို့အတွက် သင်ပာာ ClockworkMod လိုမျိုးသီးသန့် recovery ကိုလိုပါလိမ့်မယ်။ script ပာာ Galaxy S III အတွက် သီးသန့် ရေးထားတာ ဖြစ်ပေမယ့် ယင်းပာာ  TouchWiz အခြေခံ နည်းပညာမြင့် Samsung ပစ္စည်းတွေမှာ အလုပ်လုပ် နိုင်ပုံ ရပါတယ်။ ဒါပေမယ့် တရားဝင် ထောက်ပံ့ ပေးထားတာ မပာုတ်ပါဘူး။

Download PalaTool from Here

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form