ကွန်ပြူ တာမလိုပဲ Root ဖောက်နည်း
ဘာဖုန်းလာလာ v root နဲ့ဖောက်မယ် ဆိုတဲ့ ကျနော်လုလင်ပျို ရေးခဲ့တဲ့ ပို့စ်မှာ
အကိုကျေးဇူးဘဲဗျာ ကွန်ပျူတာမပါဘဲနဲ့root ဖောက်လို့မရဘူးလားရရင် နည်းလေးပြောပြပါလားအကို
 ဆိုပြီး လာမေးထားလို့ အခု ဒီပို့စ်ကိုတင်ပေးလိုက်ပါတယ်။
 ကွန်ပြူတာမလိုပဲ apk နဲ့ဖုန်းထဲမှာတင် root ဖောက်လို့ရပါတယ်။
ဆော့ဝဲကတော့ ကျနော်တို့ရဲ့ကျေးဇူးရှင်ကြီး v root့ ထုတ်တဲ့ဆော့ဝဲပါ။
ဖုန်းအတွက်ကိုတော့ root master ဆိုပြီး လာပါတယ်။
ကျနော်ဒီ ANDROID လုလင် ဘလော့ ဒီနေရာမှာ တင်ထားပေးပြီးသားပါ။
ဒေါင်းလော့မလုပ်ရသေးရင် အရင်ဒေါင်းလိုက်ပါအုံး။
ဒေါင်းပြီးပြီဆိုရင်တော့ စရအောင်။
အရင်ဆုံး root master.apk ကို အင်စတော လုပ်လိုက်ပါ။
သူကအင်တာနက်ကွန်နက်ရှင်လိုပါတယ်။
အင်တာနက်ဖွင့်လိုက်ပါ။
ကိုယ့်ဖုန်းမှာအင်တာနက်မရှိရင်တော့ အင်တာနက်ရတဲ့ဖုန်းကနေ hospot လွှင့်ပြီး wifi ချိတ်လိုက်ပါ။
လိုင်းတအားကြီးကောင်းနေစရာမလိုပါဘူး။မပူပါနဲ့။တော်ယုံလောက်လည်းဖြစ်ပါတယ်။
ကဲ အင်တာနက်ကွန်နက်ရှင်ရပြီဆိုတော့ root master ဆော့ဝဲကို runလိုက်ပါ။
အပေါ်ဆုံးက root ဆိုတာလေးကိုပဲ နိုပ်လိုက်ပါ။
အဲမှာ အပိုင်းလေးပိုင်းပါပါမယ်။
တစ်ပိုင်းကို 25% နဲ့ ပြပေးပါမယ်။
သူ့ဘာသူ root လုပ်ပေးနေပါမယ်။
အောက်ဆုံး ဆင့်ထိ 100% ထိပြီးသွားပြီဆိုရင်တော့ ok ပါပြီ။root ပေါက်သွားပါပြီ။
root တကယ်ပေါက်မပေါက် သိချင်ရင်တော့ ဖုန်းထဲကို root chacker ဆော့ဝဲထည့်ပြီးစစ်ကြည့်ပါ။
ဒီ root master ဆော့ဝဲ့က android version 4.2.2 ထိတော့ အဆင်ပြေပါတယ်။
 အဆင်ပြေပါစေဗျာ။
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
 ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။
2 Comments
ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။
  1. ကျေးဇူးတင် ပါတယ်
    ReplyDelete
  2. samsung 5.1,1root ဖောက်ချင်လိုပါ
    ReplyDelete
Previous Post Next Post
Contact Form