ဘာဖုန်းလာလာ v root နဲ့ဖောက်မယ်( root ဖောက်နည်း)

မနက်က Huawei G730 အတွက် Myanmar Font APK တင်ပေးလိုက်တဲ့ ပို့စ်မှာ
အကို root ကဘယ်​လို​ဖောက်​ရမလဲ ​ပြောပြပါ

လို့ အမေးရှိလာပါတယ်။
ဟုတ်ကဲ့ အမေးရှိတော့လည်း အဖြေရှိတာပေါ့။
အခု ကျနော် လုလင်ပျို ဖုန်းဆိုင်မှာ service သမားလုပ်နေပါတယ်။
ကျနော်ကတော့ ဘာဖုန်းလာလာ v root 1.7.5 နဲ့ပဲ ကိုင်လိုက်တာပဲ။
အခုထိတော့ လုပ်ဖူးသမျှ  v root ကဘာ error မှ မတွေ့သေးပါဘူး။
အဲတော့ အခုပို့စ်ခေါင်းစဉ်ကို ဘာဖုန်းလာလာ v root နဲ့ဖောက်မယ်လို့နာမည်ပေးလိုက်တာပါ။
သိပြီးသားသူများကတော့ ကျော်သွားလိုက်ပါ။
မသိသေးသူများကို ပုံနှင့်တကွ ရှင်းပြပေးမှာပါ။
ကဲ root စဖောက်ရအောင် ။
လိုအပ်တဲ့  v root 1.7.5 ကိုအရင်ဒေါင်းလော့ဆွဲပါ။
ကွန်ပြူတာအတွက် v root 1.7.5ကို ဒီနေရာမှာ တင်ထားပေးပြီးသားပါ။ဆွဲလိုက်ပါအုံး။
ဆွဲပြီးရင် v root 1.7.5 ကို ကွန်ပြူတာမှာ install လုပ်ပါ။
အင်စတောပြီးရင် run လိုက်ပါ။
ကွန်ပြူတာက ဖုန်းကိုသိဖို့အတွက် ဖုန်းမှာ setting ထဲဝင်ပြီး unknown source နဲ့ usb debugging ကိုဖွင့်ပေးရပါမယ်။
လမ်းကြောင်းပြောပြလိုက်မယ်နော်။
မော်ဒယ်နိမ့်ဖုန်းတွေမှာတော့ unknown source က setting >>>>application ရဲ့ အပေါ်ဆုံးမှာရှိပါတယ်။usb debuggingကတော့ setting >>>>application ရဲ့အောက်ဆုံးက development ထဲဝင်ရင်တွေ့ပါမယ်။
မော်ဒယ်မြင့် ဖုန်းတွေမှာတော့ unknown source က setting >>>>secturity ရဲ့ အလယ်နားလောက်မှာရှိပါတယ်။usb debuggingကတော့ setting >>>> developer opption ထဲဝင်ရင်တွေ့ပါမယ်။

ကဲ ဒီအထိ ပြောခဲ့တဲ့အဆင့်တွေစုံပြီဆိုရင်တော့ ကျနော်တို့ ဖုန်းကို root စဖောက်ပါတော့မယ်။

 
 

အိုကေ root ပေါက်သွားပါပြီ။ဖုန်းကသူ့ပါသူ reboot ကျသွားပါမယ်။
ပြန်တက်လာရင် smart zawgyi v 1.5 ကို အင်စတောလုပ် 
smart zawgyi v 1.5 ကိုဝင် root ရှိ မရှိ စစ် superuser request တောင်းရင် allow နိုပ် 
အပေါ်ဆုံးက huawei ကိုနိုပ် reboot ကျ
ပြန်တက်လာရင် မြန်မာစာရပြီပေါ့ဗျာ။
smart zawgyi v 1.5က frozen keyboard တစ်ခါတည်းပါပြီးသားပါ။

Huawei G730ကိုတော့ မနက်ကတင်ပေးလိုက်တဲ့

Huawei G730 Myanmar Font APK(100% working)နဲ့ပဲ ဖောင့်ချိန်းပါ။

ကဲ root ဖောက်ပြယုံမက မြန်မာစာထည့်နည်းပါပြောပြလိုက်ပြီနော်။
အားလုံးအဆင်ပြေကြပါစေ။




13 Comments

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

  1. ဖုန်းတွေကိုကွန်ပျူတာက မသိဘူး ဖြစ်နေတယ်

    ReplyDelete
    Replies
    1. သိအောင် သက်ဆိုင်ရာဖုန်းအလိုက် driver ထည့်ပေးလိုက်ပါ

      Delete
  2. rootဖောက်တာတော့ အစ်ကို ပြောသလိုပဲ ပေါ်ပါတယ် ဒါပေမဲ့  setting... display..မှာ... font style မပေါ်ဘူးဖြစ်နေတယ်.......မြန်မာစာလဲ ထည့် လို့ မ၇ဘူးဖြစ်တယ်.....အကူအညီပေးပါအုံးဗျာ.......

    ReplyDelete
    Replies
    1. setting... display..မှာ... font style ဆိုပြီး ပါတာက samsung ဖုန်းတွေသာဖြစ်ပါတယ်။
      တခြားဖုန်းတွေမရပါ။
      ခုတင်ထားတဲ့ ပို့စ်က ကွန်ပြူ တာနဲ့ Root ဖောက်နည်းသာဖြစ်ပါတယ်။
      မိတ်ဆွေသေချာလေးပြန်ဖတ်ကြည့်ပါ

      Delete
    2.့ အကိုရေ ကျွန်တော့် ရဲ့ ASUS_T00I
      ROOT လုပ်လို့ အဆင်မပြေလို့ပါ usb debugging ကိုလည်း ရှာလို့ မတွေ့ဖြစ်နေလို့ပါ

      Delete
  3. အကိုကျေးဇူးဘဲဗျာ ကွန်ပျူတာမပါဘဲနဲ့root ဖောက်လို့မရဘူးလားရရင် နည်းလေးပြောပြပါလားအကို

    ReplyDelete
  4. ကျေးဇူးနော်အစ်ကို

    ReplyDelete
  5. ကျေးဇူးများစွာပါ ဆရာ... ကျနော့် ဖုန်း cherry topaz s600 root ပေါက်သွားပါပြီ... မြန်မာစာ ရဖို့ ဆက်လုပ် ကြည့်ပါဦးမယ်ခင်ဗျ...

    ReplyDelete
  6. flishtoolဆိုတာzipဖိုင်ဖြစ်နေတယ်ဘယ်လိုလုပ်ရမလဲအကို

    ReplyDelete
  7. computer နဲ့ root တာအဆင်ပြေပါတယ်။ ဒါပေမမဲ့ smartzawgyi1.5 ကို install လုပ်ပြီးတော့ root ရှိမရှိ စစ်ဆေးပါပေါ်လာပါတယ်။ အဲဒါကိုကိုနှိပ်တော့ Fail သင့်ဖုန်းတွင် root access မရှိပါ။ root ဖောက်ရန်လိုအပ်ပါသည်။ တဲ့ ကူညီပါဦး

    ReplyDelete
  8. Vivo y37 version 5.0.2 ကို root လို့ရလားဆရာ

    ReplyDelete
Previous Post Next Post

Contact Form