Root Transmission for Android

Android ဖုန်းကို ကိုယ့်စိတ်ကြိုက် အစွမ်းကုန် သုံးချင်ရင်တော့ root လုပ်ပြီး အသုံးပြု ကြပါတယ်။ ကွန်ပျူတာ မလိုဘဲ root လုပ်ချင် တဲ့သူတွေအတွက် Root Transmission နည်းကို မျှဝေပေး လိုက်ပါတယ်။
Android ဖုန်းတွေကို root လုပ်ဖို့ လိုအပ်တယ်လို့ ခံယူလာ ကြပါပြီ။ ကိုယ့်ရဲ့ smartphone နဲ့ tablet တွေကို အဆုံးစွန်ထိ သုံးဖို့ စိတ်ဝင်စားတဲ့ သူဆိုရင်တော့ root လုပ်တာကို စမ်းဖူးကြ မှာပါ။ root လုပ်လိုက်တဲ့ အခါမှာ ကိုယ့်ရဲ့ Android device မှာ superuser access ရသွားပြီး အကြီးမားဆုံး အကျိုးက custom ROMs ပါ။ ကိုယ့်ဖုန်းရဲ့ ထုတ်လုပ်သူက မကလိစေချင်လို့ ပိတ်ထားတဲ့ နေရာ တွေကိုပါ unlock လုပ်ခွင့်ရ သွားတာပါ။ root လုပ်တဲ့ နည်းတွေ အများကြီး ရှိပေမယ့် အများအား ဖြင့်တော့ ကွန်ပျူတာကို သုံးဖို့ လိုအပ် ပါတယ်။ Samsung အတွက် Odin သုံးတာပဲ ဖြစ်ဖြစ်၊ တစ်ချက်တည်း နှိပ်လိုက်ရုံနဲ့ ရတဲ့ CF root နည်းပဲ ဖြစ်ဖြစ် သုံးပေမယ့် ကွန်ပျူတာဆီက အကူအညီကို လိုအပ်ပါတယ်။ ဒါပေမယ့် အခုပြောပြမယ့် နည်းက ကွန်ပျူတာ မလိုတဲ့ Root Transmission နည်းပါ။


1

Root Transmission ဆိုတာ android application package တစ်ခုဖြစ်ပြီး USB On the Go (OTG) ကိုထောက်ကူ ပေးတဲ့ root လုပ်ထားတဲ့ ဘယ်ပစ္စည်း မဆိုမှာ သွင်းပြီး သုံးလို့ ရပါတယ်။ ကိုယ် root လုပ်ချင်တဲ့ ဖုန်းကို USB OTG cable ကိုသုံးပြီး သွင်းရုံပါပဲ။ ဒီ app က ကိုယ် root လုပ်မယ့် target ဖုန်းနဲ့ root လုပ်ပြီးသား host ဖုန်းကြားမှာ terminal emulator တစ်ခု အနေနဲ့ လုပ်ဆောင် ပေးမှာဖြစ်ပြီး ADB-based root commands တွေကို root လုပ်မယ့် target ဖုန်းပေါ်မှာ run ပေးပြီး superuser access ရသွား စေမှာပါ။ ဒါကြောင့် ဒီ app ကိုသုံးတော့ မယ်ဆိုရင် USB OTG သုံးလို့ ရတဲ့ root လုပ်ထားတဲ့ host ဖုန်း၊ ကိုယ် root လုပ်မယ့် target ဖုန်း (ဒါမှမဟုတ်) တက်ဘလက် (USB OTG ကိုသုံးလို့ ရရပါမယ်)၊ USB OTG Cable နဲ့ ADB-based root script တွေလိုအပ်ပါတယ်။

2

2

ပြီးရင်တော့ root script ကိုကိုယ့် host ဖုန်းရဲ့ Internal Memory SD ကဒ်ထဲက Root Transmission folder ထဲကိုထည့်ပြီး Root! ကိုနှိပ်လိုက်ပါ။ ကိုယ့် host ဖုန်းရဲ့  terminal emulator က execute လုပ်ပြီးတဲ့ commands တွေအားလုံးကို ဖော်ပြနေမှာ ဖြစ်ပြီး ဘာတွေ ဖြစ်နေသလဲ ဆိုတာ ပြနေမှာပါ။ ဒါလောက် ပါပဲ။ စာရေးသူ ကတော့ Samsung Galaxy S3 မှာစမ်းပြီး အောင်မြင်တယ်လို့ ရေးထားပါတယ်။ အခက်အခဲကတော့ စက်နှစ်ခု စလုံးက USB OTG ကိုထောက်ကူ ပေးတဲ့စက် ဖြစ်ဖို့ လိုအပ်တာပါ။ ဒီနည်းလမ်းက ကောင်းပေမယ့်လည်း အာမခံချက်တွေ လမ်းညွှန်ချက်တွေ မရှိတာကြောင့် ကိုယ်ဖြစ်ကိုယ်ခံ ဖို့သာ ပြင်ဆင်ထားပါ။ ဘာပဲပြောပြော ဒီ app ကတော်တော် ကောင်းပြီး မကြာခင်မှာ ပိုအဆင်ပြေ လာမယ်လို့ မျှော်လင့် ရပါတယ်။ ပိုပြီး ပြည့်ပြည့်စုံစုံ လေ့လာချင်ရင်၊ ဒီ app ကိုလိုချင်ရင် XDA-Developers မှာသွားလေ့လာ လို့ရပါတယ်။

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form