၁.၈.၂၀၁၃ မှစ၍ 1331 နံပါတ်သို့ SMS ပေးပို့၍ Internet လိုင်းလျှောက်နိုင်ပြီ


မိုဘိုင်းဖုန်း အင်တာနက်စနစ်ကို မိမိ၏ မိုဘိုင်းဖုန်းပေါ်မှ တစ်ဆင့် SMS စနစ်ဖြင့် သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

တစ်ရက်နှင့်အထက် ကြာမြင့်သည့်အထိ အင်တာနက်စနစ် အသုံးပြုနိုင်ရန် ယခင်က စောင့်ဆိုင်းခဲ့ရသော်လည်း ယခုအခါ၌ SMS စနစ်ဖြင့် လျှောက်ထားပါက "You have ordered data service successfully" ဟု SMS ပြန်စာ ရောက်ရှိလာသည့်နောက်ပိုင်း ချက်ချင်းအသုံးပြုနိုင်သည်ဟု သိရသည်။ အထက်ပါ SMS စနစ်အတိုင်း မိမိမိုဘိုင်းဖုန်းသို့ ပြန်လည်ရောက်ရှိလာပါက မိုဘိုင်းဖုန်းကို Restart ပြုလုပ်ပေးရမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောသည်။

SMS ဖြင့် မိုဘိုင်းအင်တာနက်စနစ်ကို လျှောက်ထားလိုပါက 1331 သို့ "Order data Service" ဟူ ၍ ပေးပို့ရမည်ဟု သိရသည်။ SMS ပေးပို့သည့် မိုဘိုင်းဖုန်းအတွင်း၌ လက်ကျန်ငွေသည် ငွေကျပ် တစ်သောင်းပြည့်ရန် လိုအပ်ကြောင်း၊ မိုဘိုင်းအင်တာနက်စနစ်အတွက် ကျသင့်ငွေ တစ်သောင်းကျပ်ကို အဆိုပါလက်ကျန်ငွေအတွင်းမှ ဖြတ်တောက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ပြောဆိုသည်။

GSM နှင့် WCDMA မိုဘိုင်းဖုန်းလိုင်းများအနေဖြင့် အဆိုပါကဲ့သို့ အင်တာနက်စနစ်ကို လျှောက်ထားနိုင်မည်ဖြစ်ပြီး အင်တာနက် အသုံးပြုခ ဘီလ်စနစ်ကို မိုဘိုင်းဖုန်းငွေလက်ကျန်အတွင်းမှ တစ်မိနစ်လျှင် ၂ ကျပ် (GSM) ၊ ၄ ကျပ်(WCDMA) ဟူ၍ ယခင်အတိုင်း မပြောင်းလဲဘဲ ကောက်ခံသွားမည်ဖြစ်သည်။ CDMA မိုဘိုင်းဖုန်းလိုင်းများအတွက် အင်တာစနစ် လျှောက်ထားခြင်းကိုမူ ယခင်အတိုင်း ဆက်သွယ်ရေးရုံးများသို့ သွားရောက် လျှောက်ထားရမည် ဖြစ်သည်။

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form