Google Play ကို ၀င်ရောက်ရန် အခက်အခဲ ဖြစ်နေသူများအတွက်


 
ပြီးခဲ့တဲ့ လပိုင်းလောက်ကစတင်ပြီးမြန်မာနိုင်ငံကနေGoogle Play Store ကို တိုက်ရိုက်ဝင်ရောက်ပြီး Application များကို ဒေါင်းလုပ်ဆွဲ နိုင်ပါပြီ။ သို့ သော် ဒီလို ၀င်ရောက်တဲ့ အခါမှာ Android ဖုန်းတိုင်း ၀င် ရောက်ပြီး ဒေါင်းလုပ်ဆွဲနိုင်သလားဆိုတာမေးစရာရှိလာပါတယ်။ ဒါကလည်း User တွေအနေ နဲ့ မေး သင့် တဲ့ မေးခွန်းတစ်ခုပါ။ အကယ်၍ မိမိရဲ့  Device က Play Store ကိုဝင် ရောက် လို့ မ ရဘူး ဆို ရင် တော့ အောက်မှာ ပေးထားတဲ့  Google Play Support Device ဆိုတဲ့ လင့် မှာဝင်ကြည့် နိုင်ပါတယ်။ ၀င်ကြည့် လို့ မှ မိမိ device ဟာ List ထဲမှာမပါဝင်ဘူးဆိုရင် တော့Play Store ကို တရားဝင် Access မလုပ်နိုင်ပါဘူး။ ဒီList ထဲမှာပါပြီး ၀င်လို့ မရဘူးဆိုရင်တော့ အနည်းငယ်ပြင်ဆင်ရမှာတွေရှိပါတယ်။ ဥပမာ Samsung Galaxy Gio ပဲထားပါတော့ ။ Gio ထွက်ခဲ့ တဲ့ အချိန်တုန်း Play Store ဆိုပြီးတောင် နာမည်မပြောင်းသေးပါဘူး။ Market အနေနဲ့ ပဲApp ပါဝင်လာတာပါ။ ပြီးတော့ ဖုန်းရဲ့ Firmware ကလည်း 2.2 (Froyo) နဲ့ လာတာပါ။ ဒါပေမယ့် 2.3.6 (Gingerbread) အထိUpdate ထွက်ထားပါတယ်။ Gio က play store ရဲ့ Support Device List ထဲမှာ ပါဝင်ပါတယ်။ဒါကြောင့် Market App ပေါ်က တောင် Access လုပ်ပြီး ၀င်ရောက် ဒေါင်းလုပ်ဆွဲ နိုင်ပါတယ်။ အဓိကပြောချင်တာကတော့ Google ရဲ့ အသိအမှတ်ပြုဘယ် Device မဆို play store ကိုဝင်လို့ ရပါတယ်။ ၀င်လို့ မရဘူးလို့ ပြောနေသူတွေလည်းရှိ ပါတယ်။ ဒီလို ၀င်လို့ မရတဲ့ သူ တွေ အတွက်ကတော့  Google Play Service ဆိုတဲ့ App ကို အောက်မှာပေးထားတဲ့ လင့် အတိုင်း ဒေါင်းလုပ်ဆွဲ ပြီး Install လုပ်ပါ။ ပြီးသွားရင် Setting>>About phone>>Software update ကို ၀င်Google အကောင့် နဲ့ Sign up လုပ် ပြီး FOTA update ကို ရယူပါ။ ဒီလို FOTA update ယူမှ GIO လို ဖုန်းမျိုးဆို ရင် နဂိုပါဝင်လာတဲ့  Google ရဲ့ Native app တွေကို update လုပ်ပေးမှာပါ။FOTA update လုပ်ရင် ဘာမှ ပြဿနာ မရှိနိုင် ပါဘူး။ Samsung ၊ HTC စတဲ့  branded ဖုန်းတွေအကုန်လုံး Google Native app တွေ Version နိမ့် နေရင် Update လုပ် နိုင်ပါတယ်။ ဒါတွေအကုန်လုပ်ပြီးရင်တော့  Play Store Access ရရှိပါပြီ။
သျှမ်းထက် (DL Tech Club)
 

1 Comments

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

  1. ကိုလုလင့်ရေကူညီပါဦးဗျာကျတော်phoneကu8818 ics ပါgoogle playကိုဝင်လိုက်တိုင်း phoneကနေ unfortunately,google play store has stoppet.လိုပဲပြနေတယ်ဗျာ အကိုတခါu8818အတွက်google playကျော်နီးကိုလဲအကိုပြောတဲ့အတိုင်းလုပ်ကြည့်သေးတယ် အစင်မပြေသေးဘူး vpn ကနေလဲလုပ်ကြည့်ပြေီးသွားပြီမရဘူးဖြစ်နေတယ်ဗျာ


    ကူညီပါဦးနော် အစင်ခင်မ်လျှက် စန်းကို

    ReplyDelete
Previous Post Next Post

Contact Form