Freedom Application ပြဿနာ ဖြေရှင်းနည်း အရေးကြီးပါသည် Freedom Application အင်စတောလုပ်ပြီးသူအားလုံး ဖတ်ရန်

ဟိုနေ့က တင်လိုက်တဲ့

GOOGLE PLAY က ပိုက်ဆံပေးဝယ်ရတဲ့ APP တွေကို FREE ရယူပေးမယ့် FREEDOM GOOGLE PLAY

ဟာ မကောင်းပါဘူး
ရှော့တွေရှိပါတယ် ။
ဘယ်လိုရှော့တွေလဲ ဆိုတာ ကြည့်ကြပါအုံး

သုံးလို့မရဘူးခင်ဗျ You need google account in order to use this application.

အစ်ကိုရေ
သုံးလို့လဲမရဘူး
ပြီးတော့အဲ့ဆော့ဝဲရှိနေတဲ့အချိန်ကတော့အင်တာနက်ကိုသုံးလို့အဆင်ပြေသေးတယ်
သုံးမရလို့ပြန်ဖြုတ်လိုက်တော့ Google က သူ့ရဲ့ဆားဗစ်တွေကိုအကုန်ဘလော့လုပ်ပစ်တယ်ထင်တယ်
Gtalk,Gmail,Play store ရယ် ကို network ချိတ်မပေးတော့ တခြားserver ကဟာတွေသုံးလို့ရတယ်
ကျွန်တော့်(Can't establish a reliable connection to the server.This could be a temporary problem or your Android device may not be provisioned for data services.If it continues,call Custom,er Care.အဲ့လို့ပဲပြောတယ်. အရင်သုံးခဲ့တဲ့အကောင့်နဲ့မသုံးပဲ အကောင့်ပြောင်းသုံးတာလဲမရတော့ဘူး 

အပေါ်ကလူ ပြောသလိုပါပဲ ကျွန်တော်လည်း အဲဒီ့ App ကို Install လုပ်ပြီး ဖွင့်လိုက်ကတည်းက Google account တွေ တစ်ခုမှ ဝင်မရတော့ဘူး (Gtalk/ Gmail/Google play) အားလုံးပါပဲ အဆင်ပြေမယ့်နည်းများရှိရင် ပြောပြပေးပါ
(Can't establish a reliable connection to the server) ဖြစ်နေပါတယ်ခင်ဗျ 


ကဲ တွေ့ကြတယ်နော် 
ဖြေရှင်းနည်း ကြည့်လိုက်ကြပါအုံး








Freedom Google Play ကို Install လုပ်မိသောကြောင့် Android ဖုန်းမှာ Google account

(Gmail/Gtalk/Play Store) များ ဝင်၍မရသော ပြဿနာအား ဖြေရှင်းနိုင်တဲ့နည်းလမ်းလေးကို

ကျွန်တော် ပြောပြမှာဖြစ်ပါတယ်  Freedom Google Play Application ဟာ Play Store မှာ

ပိုက်ဆံပေးဝယ်ရတဲ့ App တွေ Game တွေကို Free ယူလို့ရတယ်ဆိုပြီး သိထားတဲ့အတွက်

လူတော်တော်များများ Install လုပ်မိကြမယ်ထင်ပါတယ် တကယ် Free ရမရတော့ ကျွန်တော်လည်းမသိပါ။

အဲဒီ App ကို Install လုပ်လိုက်ပြီဆိုတာနဲ့ Google account တွေ တစ်ခုမှ ဝင်လို့မရတော့ပါဘူး

"Can't establish a reliable data connection to the server." ဖြစ်နေပါမည်


အောက်ကပုံအတိုင်း ပေါ်နေပါလိမ့်မယ်























ဒီပြဿနာအားဖြေရှင်းဖို့ ဖုန်းကို Factory data reset လုပ်စရာမလိုပါဘူး။

Freedom ဟာ Root လုပ်ပြီးသော ဖုန်းများသာ သုံးနိုင်တဲ့အတွက် သင့်ဖုန်းဟာ Root လုပ်ပြီးသားဖြစ်ပါလိမ့်မယ်



(၁) Root Explorer File Manager ကို Download လုပ်၍ Install ဆက်လုပ်ပါ ပြီးလျင် Open ကို နှိပ်ပါ

(၂) Root Explorer File Manager ထဲမှ အနီရောင်ဘောင်ခတ်ထားသော system ကို နှိပ်ပါ
(၃) system ကို နှိပ်ပြီးရင် အနီရောင်ဘောင်ခတ်ထားသော etc ကို နှိပ်ပါ
(၄) ညာဘက်ထောင့် အနီရောင်ဘောင်အတွင်းမှ Mount R/W ကို Mount R/O ဖြစ်အောင် ပြောင်းပေးလိုက်ပါ  ပြီးရင် အနီရောင်ဘောင်အတွင်းမှ hosts ကို ဖိထားပြီး Delete နှိပ်လိုက်ပါ Home screen ရောက်အောင် Back နှိပ်ပါ
      

(၅) ဖုန်းကို Restart လုပ်ပါ ပါဝါပြန်တက်လာပြီဆိုရင်တော့ Google account အားလုံး ပြန်လည်အသုံးပြုလို့ရတာကို တွေ့ရပါလိမ့်မယ် ဝင်လို့မရဘူးဆိုတဲ့ Gmail/Gtalk/Play Store စသော Google Application တွေမှာ Sign In လုပ်ကြည့်ပါ။ သိပြီး၊တတ်ပြီးသောသူများကို မရည်ရွယ်ပါ.... အဆင်ပြေပါစေ...

 

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form