Mingalar Cinemas



Mingalar Cinemas



Mingalar Cinemas Company နှင့် BIT (Bagan Innovation Technology) တို့မှ ရေးသားထုတ်လုပ်လိုက်တဲ့ Mingalar Cinemas Application ဖြစ်ပါတယ်။ မင်္ဂလာရုပ်ရှင်ရုံများ၏ ရုပ်ရှင်ကားများကို အချိန်မရွေး၊ နေရာမရွေး အလွယ်တကူသိရှိနိုင်မယ့် Application ဖြစ်ပါတယ်။
မင်္ဂလာရုပ်ရှင်ရုံများ၏ တည်နေရာများကို မြေပုံဖြင့် ကြည့်ရှုနိုင်မှာဖြစ်ပြီး အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ မင်္ဂလာရုပ်ရှင်ရုံများတွင် လက်ရှိပြသနေသည့် ရုပ်ရှင်ကားများ၏ အမည်များကို သိရှိနိုင်မှာဖြစ်ပြီး ရုပ်ရှင်ရုံများ၏ တယ်လီဖုန်းနံပါတ်များ ပါရှိသဖြင့် အလွယ်တကူ Booking ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ လက်ရှိပြသနေသည့် ရုပ်ရှင်များအပြင် ထပ်မံပြသမည့် ရုပ်ရှင်ကားများကိုလည်း သိရှိနိုင်မည့်အပြင် ရုပ်ရှင်ဇာတ်ကားများ၏ Trailer များကိုလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Android Version နှင့် iOS နှစ်မျိုးရှိမှာဖြစ်ပြီး Memory 2.1 MB ပမာဏ လိုအပ်မှာဖြစ်ပါတယ်။ Application ထည့်သွင်းအသုံးပြုလိုသူများအနေဖြင့် www.bitmyanmar.com.mm တွင် တိုက်ရိုက်ရယူနိုင်မှာဖြစ်ပါတယ်။
ဟိုမသွားချင်ရင် အောက်ကလင့်နိုပ်ဗျာ တိုက်ရိုက်ပဲ
http://www.bitmyanmar.com.mm/kanaung/assets/apk/mingalar.apk

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form