Bump ဟုအမည်ပေးထားတဲ့ Android Application တစ်ခုဖြစ်ပါတယ်။ မိုဘိုင်းဖုန်းနှစ်လုံးအတွင်းမှ ဓာတ်ပုံ၊ Contacts အပြင် Application တွေကိုလည်း Share ပြုလုပ်နိုင်မည့် Application တစ်ခုဖြစ်ပါတယ်။
အဆိုပါ Application အသုံးပြုရာတွင် မိုဘိုင်းဖုန်းနှစ်လုံးအတွင်း Bump Application ထည့်သွင်းရမှာဖြစ်ပါတယ်။ Application ထည့်သွင်းပြီးပါက မိုဘိုင်းဖုန်းနှစ်လုံးမှ Share Contact ပြုလုပ်ရုံဖြင့် ဖုန်းအတွင်းမှာ Contact ကိုအပြန်အလှန် Share ပြုလုပ်သွားမှာဖြစ်ပါတယ်။ Share ပြုလုပ်ရာတွင် Contact, Facebook, Twitter, photo, application များကို Share လုပ်နိုင်မှာဖြစ်ပါတယ်။ Share ပြုလုပ်ရာတွင် အခြား Android Phone များသာမက အခြား Platform မှ Phone များကိုလည်း Share ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Android 2.1 Version နှင့်အထက်များတွင် ထည့်သွင်းနိုင်မှာဖြစ်ပြီး Memory 2.9MB ပမာဏ လိုအပ်မှာဖြစ်ပါတယ်။ Application ထည့်သွင်းလိုပါက Google Play တွင် အခမဲ့ရယူနိုင်မှာဖြစ်ပါတယ်။
Tags:
ဆော့ဝဲ