Android Tuner



Android Tuner ဆိုတဲ့ Application ကတော့ သင်အသုံးပြုတဲ့ Android Device ရဲ့ Hardware တွေကို အသေးစိတ်သိရှိလိုတယ်ဆိုရင် ပုံလေးတွေနဲ့တကွ ဖော်ပြပေးမယ့် Application တစ်ခုဖြစ်ပါတယ်။ ဒီ Application မှာ သင်အသုံးပြုတဲ့ Android ဖုန်းရဲ့ Processor Speed, Memory Speed, Storage Device ရဲ့ Capacity တွေနဲ့

Battery, WiFi, Bluetooth သုံးစွဲမှု အခြေအနေတွေကို ဖော်ပြပေးနိုင်မှာဖြစ်သလို၊ သင့်ဖုန်းကို ဖွင့်လိုက်တဲ့အချိန်မှာ စတင်တက်လာမယ့် Startup Program တွေရဲ့ဖိုင်နာမည်တွေ System File တွေကိုပါ အသေးစိတ် ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် One Click ဆိုတဲ့ Feature မှာ လက်ရှိအသုံးပြုနေတဲ့ Kernal Version, Build Number, Processor Model အစရှိတာတွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီ Feature တွေသာမက Task Manager, Battery Management အစရှိတဲ့ Feature တွေပါဝင်တာ တွေ့ရမှာပါ။ ဒီ Application ကို download ပြုလုပ်ချင်တယ်ဆိုရင် www.1mboile.com ဆိုတဲ့ ၀က်ဘ်ဆိုက်ကိုသွားရမှာဖြစ်ပါတယ်။ အဲဒီကမှ တစ်ဆင့် Downloads ဆိုတဲ့စာမျက်နှာကို သွားရမှာဖြစ်ပြီး Downloads စာမျက်နှာရဲ့အောက်ကမှ Tools ဆိုတဲ့ Category အောက်ကို သွားရမှာဖြစ်ပါတယ်။ Tools ဆိုတဲ့ Category အောက်မှာ Android Tuner Free ဆိုတဲ့ Application လေးကို ဒေါင်းလုပ်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

http://www.1mobile.com/android-tuner-free-601594.html

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form