Sony Xperia အမျိုးအစားဖုန်းများကို အလွယ်ဆုံး root လုပ်နည်းနှင့် မြန်မာစာ font ထည့်သွင်းနည်း


ဒီနည်းလမ်းက Android version 2.3 နှင့်အထက်ရှိတဲ့ Sony Xperia ဖုန်းတွေကို အလွယ်ဆုံး root လုပ်ပေးနိုင်ပါတယ်။
ပထမဆုံး လိုအပ်တဲ့ software အနေနဲ့ အောက်မှာပေးထားတဲ့ root tools ကိုအရင် download လုပ်လိုက်ပါ။ Sony Xperia root tools အားရယူရန်
Sony Xperia Driver အားရယူရန်
အပေါ်မှာပေးထားတဲ့ Sony Xperia ဖိုင်ကို download ရယူပြီးပြီဆိုရင် အဲဒီ rar ဖိုင်လေးကို ကွန်ပျူတာထဲမှာဖြည်လိုက်ပါ။ ဖိုင်ကိုဖြည်လိုက်ရင် Sony Xperia root ဆိုတဲ့ folder လေးတစ်ခုပါပါတယ်။ ပြီးရင် အပေါ်က download လုပ်ထားတဲ့ Sony Xperia Driver ကိုကွန်ပျူတာထဲမှာ install လုပ်ထားပါ။ ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ထားပါ။ ဖုန်းကို Root လုပ်ရုံပဲလုပ်မယ်ဆိုရင်တော့ ခုနက sony xepria root ဖိုင်ထဲက Cliick_n_Root_Only.bat ကို နှိပ်ပါ ။ ဒါမှမဟုတ် Root ရော မြန်မာဖောင့်နဲ့ကီးဘုတ်ရော သွင်းမယ်ဆိုရင် Cliick_n_Root_Fonts.bat ကို နှိပ်ပါ။ ကျန်တဲ့ step တွေကတော့ အဲဒီဖိုင်လေးတွေထဲမှာ instruction တွေပါဝင်ပါတယ်။ အဲဒီအတိုင်းဆက်လုပ်သွားရုံပါပဲ။ အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

1 Comments

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

  1. အကိုခင်ဗျာ ကျွန်တော်ဖုန်းက Sony Xperia M5 Dual ပါ Root ဖောက်လို.မရလို. ကူညီပေးစေ
    ချင်ပါတယ် ခင်ဗျာ။ကျွန်တော်လဲ IT သမားတယောက်ပါပဲ Hacking ပိုင်းကိုအလွန်ပဲစိတ်ဝင်စားပါ
    တယ်ခင်ဗျာ.။ ကျေးဇူးတင်ပါတယ်။

    ReplyDelete
Previous Post Next Post

Contact Form