Android ဖုန်းမှာ Auto Rotating Error ဖြေရှင်းနည်း
















Android Mobile ဖုန်းတွေမှာ တခါတရံ version update ပြုလုပ်ပြီးတဲ့အခါ (သို့) Root လုပ်ပြီးတဲ့အခါ
Phone auto rotating system အလုပ်မလုပ်တာမျိုးကြုံရတက်ပါတယ်။
Auto rotating system ဆိုတာသိပြီးသားသူတွေလဲသိပြီးသားဖြစ်မှာပါ။
မိမိဖုန်း Screeen က မိမိအသုံးပြုသလို့ vertical to horizontal လှည့်ပြောင်းပေးတဲ့ Auto rotationg system ကိုဆိုလိုတာပါ။
Android ဖုန်း မှာ Auto Rotating Error
၁. Version Update မလုပ်ချင်က Auto rotating system က အလုပ်လုပ်ပါတယ်။
vertical to horizontal အပြန်မလှန် ဘယ်လောက်ပြောင်းပြောင်းအလုပ်လုပ်တယ်။
၂. - version update ပြုလုပ်ပြီးတဲ့အခါ (သို့) Root လုပ်ပြီးတဲ့အခါ Phone auto rotating system အလုပ်မလုပ်တော့ဘူး။
- auto rotate feature ကို enable ၊ disable လုပ်လဲမရဘူး ။
- မိမိ Android Mobile Phone (or) Tablet ကို Setting Reset ချလဲ Auto rotating system ပြန်ကောင်းမလာဘူး။
Android ဖုန်း မှာ Auto Rotating Error ဖြေရှင်းနည်း
ဥပမာအနေနဲ့ Samsung Galaxy S နဲ့အောက်မှာဖော်ပြပေးထားပါတယ်။
အဆင့် ၁ : Home Screen မှ Menu button နှိပ်ပြီး Settings ကိုသွားပါ။

အဆင့် ၂ : Diskplay ကိုရွေးပြီး နှိပ်ပေးပါ။

အဆင့် ၃ : အောက်သို့ရွေ့ပြီး Horizontal calibration ကိုနှိပ်ပေးပါ။ ပြီးရင်တော့
စိတ်ဝင်စားစရာ အပိုင်းရောက်ပါပြီ :)

အဆင့် ၄ : ဖုန်း မျက်နှာပြင်ကို ရေပြင်ညီ စားပွဲပေါ်မှာပဲ ဖြစ်ဖြစ် မှောက်ထားပေးပါ။
ဖုန်းအောက်ခြေပိုင်း တ၀က်ကို စားပွဲခုံအစွန်း မှာ calibration button နှိပ်ဖို့
မျက်နှာပြင်လွတ်ယုံလောက် ထားပေးပါ။
( ဖုန်း မျက်နှာပြင်ကို မမှောက်ပဲနဲ့ ထားပြီးလုပ်လို့ပါတယ်၊ ဖုန်းအောက်ခံ ကာဘာ ဒဇိုင်း
အနေအထားတွေနဲ့ အဆင်မပြေမှာစိုးလို့ပါ )

အဆင့် ၅ : ဖုန်း မျက်နှာပြင်အောက်ကနေ calibration button ကိုနှိပ်ပေးပါ။
ငါး စက္ကန့်လောက်စောင့်ပေးပါ။

Calibrated box ပေါ်လာတဲ့အခါ calibration ပြုလုပ်လို့ပြီးဆုံးပါပြီ။ vertical to horizontal လှည့်ပြောင်းကြည့်ပါ ။

Auto Rotating Error အဆင်ပြေစွာ ဖြေရှင်းပြီးသွားပါပြီ
calibration အစိမ်းရောင် ဘောလုံးလေးက အလည်မှာရှိနေပါလိမ့်မယ်။

အခုဆိုရင် သင့်ရဲ့ Android Phone (or) Tablet မှာ Auto Rotating Error ဖြေရှင်းနည်းကို
နားလည်သဘောပေါက်ပြီး အဆင်ပြေစွာပြုလုပ်တက်မယ်လို့ထင်ပါတယ်။

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form