ငါတတ်ငါတော် ငါအကျော်ဟု၊ ငါသော်စိတ်ထား မရှိငြားလည်း၊ ငါကားငယ်ရွယ် ဥာဏ်မကြွယ်၍၊ အဘယ်သို့လျှင် အမှားစင်အံ့၊ အကြင်သူတော် ပညာကျော်သည်၊ ချွတ်ချော်လွဲမှား ငါ့စကားကို၊ စိတ်ထားဖွေးဖြူ ပြင်တော်မူ။
android လုလင်မှာ ရှာမှာလား
ဝါသနာတူသူငယ်ချင်းများမန်ဘာဝင်ရန် Join this siteကို နိုပ်ပြီးGoogle ကိုရွေးပြီးမိမိ gmail နဲ့ဝင်ပါ
Facebook page မှာ like လုပ်ပြီးကူညီကြပါနော်
Thursday, October 2, 2014
ဖုန်းနံပါတ်ဖျောက်၍ဖုန်းခေါ်နည်း
 မင်္ဂလာပါဗျာ
Android လုလင်ချစ်ပရိသတ်များအားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ။
ကျနော် အခုတလော အလုပ်ကတယ်မအားတာကြောင့် ဘလော့ကိုပြစ်ထားတာကြာခဲ့ပြီ။
ဝမ်းရေးအတွက်လှုပ်ရှားရုန်းကန်နေရတဲ့ ဘ၀သမားလေးမို့ ကျနော်ပျက်ကွက်ခဲ့သည်များရှိသော် အပြစ်တော်မမြင်ဖို့ ကြိုတင်မေတ္တာရပ်ခံပါရစေခင်ဗျာ။
ကဲ ဒီနေ့တော့ ပို့စ်တစ်ပုဒ်တင်ဖြစ်အောင်တင်မယ်ဆိုပြီး အားခဲထားတာ
ဘာတင်ရင်ကောင်းမလဲလို့ စဉ်းစားလိုက်တော့ ခုခေါင်းစဉ်တင်ထားသလိုပဲ
ဖုန်းနံပါတ်ဖျောက်၍ဖုန်းခေါ်နည်း တင်ဖို့စိတ်ကူးရလိုက်ပါတယ်။
အားလုံးလည်းကြိုက်နှစ်သက်ကြလိမ့်မယ်ထင်ပါတယ်
အရင်တုန်းကဆို ဖုန်းနံပါတ်ဖျောက်ဖုန်းခေါ်ဖို့ဆိုတာမြန်မာပြည်ကလူတွေအတွက်အိပ်မက်တစ်ခုပါ။
အခုတော့အားလုံးပဲမျှော်လင့်နေကြသလို ဖုန်းနံပါတ်ဖျောက်ပြီး ဖုန်းခေါ်လို့ရပါပြီ။
အဲ ဒါပေမယ့် Ooredoo ကတ် အသုံးပြုသူတွေပဲရမှာနော်။
အော်ရီဒူးကနာမည်ကျနေပြီ
သုံးတဲ့သူနည်းနေပြီဆိုပေမယ့် ဖုန်းနံပါတ်ဖျောက်ဖုန်းခေါ်ချင်သူများကတော့ အကျိုးရှိမှာပါနော်။
ကဲ လေကြောလည်းရှည်သွားပြီဆိုတော့ ဘယ်လိုလုပ်ရမလဲဆိုတာပြောရတာပေါ့
ဖုန်းခေါ်တဲ့ Dialer ကိုဖွင့် *311# ကိုနိုပ်ပြီး call လိုက်ပါ။
ဒီ service ကိုအသုံးပြုရင် တစ်လကို ၂၅၀၀ ကျသင့်မှာဖြစ်ပါတယ်။
ကဲ black list အလုပ်ခံထားရတဲ့ ကိုကိုတွေ အော်ကုလားကတ်သုံးပြီး ဖုန်းနံပါတ်ဖျောက်ဖုန်းခေါ်ကြရအောင်နော်။
အော်
ပြောဖို့မေ့တော့မလို့
ဒီ service ကိုမလိုချင်တော့လို့ ပြန်ဖျက်ချင်ရင်တော့ *311*0# နဲ့ ပြန်ပြီး cacel လုပ်နိုင်ပါတယ်ခင်ဗျာ။
အားပေးဖတ်ရှုကြတဲ့ ဘော်ဒါများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေဗျာ။
ဒီပို့စ်ကို share မည့်သူများ ကျနော့် ဘလော့ကို credit ပေးပါရန် ပြောချင်ပါတယ် ခင်ဗျာ။
အဆင်ပြေပါစေဗျာ။
 အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။
6 comments:
  1. တင်ပြပေးတာကို ကျေးဇူးတင်ပါတယ် ကုလားဖုန်းဆိုရင် telenor ကရော ကုလားဖုန်းမဟုတ်ဘူး လား။ အဆမတန်ဈေးပေးပြီဝယ်သုံးခဲ့ရတဲ့ mpt ထက်စာရင် အကုန်ကောင်းပါတယ်။
    ReplyDelete
  2. ​ကျေးဇူးပါပဲ
    ReplyDelete
  3. here this app is quite nice see once at onec and make download appvn apk download
    ReplyDelete
ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။
LinkWithin
Related Posts Plugin for WordPress, Blogger...
ဆာ