Android ဖုန်းမှကြိုးဖုန်းလိုင်းခွဲဖုန်းများသို့တိုက်​ရိုက်​​ခေါ်ဆိုနည်း

ဒီ​နေ့​တော့ Android ဖုန်းက​နေကြိုးဖုန်းလိုင်းခွဲဖုန်းများသို့တိုက်​ရိုက်​​ခေါ်ဆိုနည်းကိုတင်​ပြ​ပေးမှာဖြစ်​ပါတယ်​။
ဒီနည်းကို ဘယ်​ဆိုဒ်​မှာမှတင်​ထားခြင်းမရှိ​သေးတာမို့ sharer ​လုပ်​မည့်​သူများအ​နေဖြင့်​ credit ​ပေး​ပေးပါရန်​ကြိုတင်​​မေတ္တာရပ်​ခံပါရ​စေ။

ဒီလိုပါ ကျ​နော်​တို့service သမားများအ​နေဖြင့်​ ဖုန်းပစ္စည်းများမှာယူလိုတဲ့အခါ ​ဈေးနှုန်း​လေး​တွေ​မေးမြန်းခြင်​တဲ့အခါမှာ ယုဇနပလာဇာမှ ဆိုင်​များကို contact လုပ်​၍​မေးမြန်းကြရပါတယ်​။
အဲဒီလို​မေးမြန်းတဲ့အခါ ယုဇနပလာဇာကဖုန်း​ပေါ့​နော်​ 01200747 ကိုဖုန်း​ခေါ်လိုက်​တာနဲ့
ယုဇနပလာဇာမှ ကြိုဆိုပါတယ်​ မိတ်​​ဆွေ​ခေါ်ဆိုလို​သောလိုင်းခွဲနံပါတ်​သို့တိုက်​ရိုက်​နိုပ်​၍​ခေါ်ဆိုနိုင်​ပါတယ်​လို့
ပြောတဲ့အခါ ကျ​နော်​တို့က လိုင်းခွဲနံပါတ်​ ဥပမာ 2456 ကို​ခေါ်ဆိုရပါတယ်​။
အခု​ပြောပြမဲ့နည်းက​တော့ အဲဒီလို ​ခေါ်တဲ့အခါ 2456 ဆိုတဲ့လိုင်းခွဲနံပါတ်​ကိုနိုပ်​စရာမလို​တော့ပဲ ကလစ်​တစ်​ချက်​တည်းနဲ့ဖုန်း​ခေါ်ဆိုနိုင်​​အောင်​ contact list ထဲ ရိုက်​ထည့်​ထားပြီး​ခေါ်ဆိုနိုင်​​အောင်​ပြုလုပ်​နည်းပဲဖြစ်​ပါတယ်​။
ကဲစရ​အောင်
Contact ​ကိုဖွင့်​ပြီး new contact ယူလိုက်​ပါ။
Mobile number ​နေရာမှာ ကိုယ်​​ခေါ်ဆိုမယ့်​ဖုန်းနံပါတ်​ 01200747 ကိုရိုက်​ပြီး 01200747 ​နောက်​မှာ ; ​လေးခံပြီး လိုင်းခွဲနံပါတ်​ 2456 ကိုရိုက်​ထည့်​​ပေးပါ။
ဥပမာ 01200747;2456
ဒါဆိုရပါပြီ ။
ပြီးရင်​ 01200747 ကိုဖုန်း​ခေါ်ကြည့်​ပါ။
Send the following tone?ဆိုပြီး ​ဘောက်​တစ်​ခုပွင့်​လာပါမယ်​။
ခေါ်ဆိုမယ်​ဆိုရင်​ yes ကိုနိုပ်​လိုက်​ရင်​ ရပါပြီ။
ရှင်းသွား​အောင်​ကျ​နော်​ ပုံ​လေးနှစ်​ပုံပြ​ပေးပါမယ်​။
အားလုံးအဆင်​​ပြေကြပါ​စေဗျာ။

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form