Backup My Viber


viber
Viber အကောင့်ကိုအကြောင်းအရင်းအမျိုးမျိုးကြောင့် ပျက်ဆီးသွားတက်မှုမှ ကာကွယ်နိုင်အောင် Backup လုပ်ထားလို့ရပါတယ် … မိမိ ဖုန်းမှာ Root ရှိနေဖို့တော့လိုအပ်ပါတယ် … Backup လုပ်ထားခြင်းဖြင့် ဘယ်လိုအကြောင်းကြောင်းနဲ့ ပဲပျက်ဆီးသွားပါစေ Backup လုပ်စဉ်က အနေအထား အခြေအနေ အတိုင်း ပြန်လည်ရရှိစေမှာဖြစ်ပါတယ် … factory reset ချပြီးရင်တောင်မှ Viber အကောင့်ကို ပြန်လည်အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးပါတယ်။ ဆိုလိုချင်တာက Backup လုပ်ထားခြင်းအားဖြင့် Firmware ပြန်တင်ခြင်း Reset Phone ပြုလုပ်ခြင်းများ ပြုလုပ်သည့်တိုင်အောင် Viber install ပြန်တင်တာနဲ့ Code လဲ ထပ်တောင်းစရာမလို Viber message တွေ videos တွေ Photo တွေ တစ်ခုမှမပျောက်သွားပဲ Sticker တွေလဲ ပြန် Down စရာမလိုပဲ အဆင်သင့်ပြန်သုံးလို့ရတဲ့ အခြေအနေကို ပြန်လည်ရောက်ရှိပြီး စတင်အသုံးပြုနိုင်ပါတယ် … Viber application မှမဟုတ်ပဲတစ်ခြား Application များအပြင် Phone Application တွေကိုပါ ယခုနည်းအတိုင်း Backup ပြုလုပ်လို့ရပါတယ် … Skpe ဆိုရင် ယခုနည်း အတိုင်း လုပ်ဆောင်ပါက Sign in တောင်ပြန်ဝင်စရာမလိုအောင် ပြည့်စုံလွန်းခဲ့ပါတယ် … စိတ်ဝင်စားတဲ့သူတွေ Backup လုပ်ကြည့်ရအောင်ဗျာ …
Titanium Backup Pro
downloading

1. Titanium Backup Pro ကို မိမိဖုန်းတွင် Install ပြုလုပ်ပါ။ Install ပြုလုပ်ပြီးရင် Titanium Backup Pro ကိုဖွင့်ပါ။ Root access တောင်းလျှင် Grant ပေးလိုက်ပါ။
2. First Start box ပေါ်လာရင် OK နှိပ်ပါ။ View ChangeLog ပေါ်လာရင် ညာလက်အောက်အားက OK ကိုဆက်နှိပ်ပါ။ Warning – System Congigutating ပေါ်လာရင်လဲ OK ပဲပေးလိုက်ပါ။ All ဆိုတဲ့ မူလစာမျက်နှာကိုရောက်ရှိရင်တော့ Backup ပြုလုပ်ခြင်းစတင်ပါပြီ။
3. ညာဘက်အပေါ်ထောင့်မှာ စာရွက်လေးကို အမှန်ချစ်တဲ့ပုံလေးကို တွေ့ရလျှင် တစ်ချက်နှိပ်ပြီး Batch actions – ALL စာမျက်နှာသို့ဝင်ပါ။ ပြီးရင် Backup ခေါင်းစဉ်အောက်က Backup all user apps ဆိုတဲ့ဘေးက Run ကိုတစ်ချက်နှိပ်ပါ။ ပြီးရင်တော့ မိမိ Backup လုပ်ခြင်တဲ့ Software ကိုရွးပြီးအမှန်ချစ်ပေးပါ။ ကျနော်ကတော့ Viber ၁ ခုပဲရွေးပြီး ကျန်တာတွေကို အမှန်ချစ်ဖြုတ်လိုက်ပါတယ် … ပြီးရင် ညာဘက်အပေါ်ထောင့်နားကို အမှန်ချစ်ပုံ အစိမ်းရောင်လေးကို တစ်ချက်နှိပ်လိုက်ပါ။ Backing up ဆိုပြီး Viber Version နဲ့အတူ backup လုပ်ငန်းစတင်နေပါပြီ။ ခဏစောင့်ပါ။ ပြီးပါက Batch backup finished ဆိုတဲ့ Notification တစ်ခု ရောက်ရှိနေသည်ကို မြင်တွေ့ရပါလိမ့်မည်။ ထိုအခါ Backup လုပ်ငန်းစဉ် ပြီးဆုံးပါ၏။
4. Backup လုပ်ငန်းစဉ်ပြီးဆုံးပါက ထို Backup ကို ဘယ်လိုယူသုံးရမလဲဆိုတဲ့ လုပ်ငန်းစဉ်စတင်ပါ့မယ်။ Titanium Backup application ကနေထွက်လိုက်လို့ရပါပြီ။
5. Setting> Application manager ကနေ Viber ကိုရွေးပြီး Clear cache, Clear data, ကိုရှင်းပြီး Force stop နှိပ်ပြီး Uninstall ပြုလုပ်လိုက်ပါ။ ပြီးရင် ကျနော်တို့ Backup လုပ်ထားတာကို ပြန်ယူသုံးတဲ့ Restore လုပ်ငန်းစဉ်ပြန်စဖို့ Titanium Backup application ထဲပြန်ဝင်ပါ။
6. Titanium Backup application မူလစာမျက်နှာသို့ ရောက်ရှိပါက ညာဘက်အပေါ်ထောင့်မှ စာရွက်လေးကိုအမှန်ချစ်တဲ့ Batch actions – ALL icon လေးကိုတစ်ချက်နှိပ်ပါ။ Batch actions – ALL page ထဲသို့ရောက်ရှိပါက Restore ခေါင်းစဉ်အောက်က Restore all apps with data ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။ တစ်ကယ်လို့ Firmware အသစ်တင်တယ် Reset Phone လုပ်ထားတယ်ဆိုရင်တော့ Restore missing app with data ကိုရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်။ Restore all apps with data ဘေးက run ကိုနှိပ်ပြီး မိမိ Backup လုပ်ထားတဲ့ Viber Application ကိုအမှန်လေးချစ်ထားလား မချစ်ထားလားဆိုတာစစ်ဆေးပါ။ အမှန်ချစ် ချစ်ထားပြီဆိုရင်တော့ ညာဘက်အပေါ်ထောင့်က အစိမ်းရောင်အမှန်ချစ်လေးကိုတစ်နှိပ်ပြီး Restore လုပ်ငန်းစဉ်စတင်စေပါ။ ထိုအခါ Restoring ဆိုတဲ့ Box တစ်ခုပေါ်လာပြီး Restore လုပ်ငန်းစဉ်စတင်နေပါပြီ။ Viber install လာလုပ်ခိုင်းရင် install လုပ်ပေးလိုက်ပါ။ ခဏစောင့်ပါ။ ပြီးရင်တော့ Restore လုပ်ငန်းစဉ် ပြီးစီးကြောင်း Notification တစ်ခုရောက်ရှိလာပြီး Titanium Backup မူလစာမျက်နှာသို့ ပြန်လည်ရောက်ရှိနေမှာဖြစ်ပါတယ်။
7. ထိုအခါဖုန်းကို Restart ချလိုက်ပါ။ ဖုန်း ပြန်တက်လာရင် Viber ထဲဝင်ကြည့်ပါ။ ဘာတစ်ခုမှပြောင်းလဲခြင်းမရှိပဲ မူလ အကောင်းပကတိအတိုင်း Viber ပြန် run လို့ရပါပြီ …
ညီအကို မောင်နှမ အားလုံး အဆင်ပြေကြပါစေ။ အားလုံးကိုကျေးဇူးတင်ပါသည်။
 အဆင်ပြေပါစေဗျာ။ ၀င်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။ ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form