ဒင်္ဂါးပြားလေးတွေတွန်းပြီး ဆော့ရမယ့် ဂိမ်းအလန်းလေး




Android လုလင် ချစ်ပရိသတ်များအားလုံး မင်္ဂလာနှစ်သစ်ပါ ခင်ဗျာ။
၂၀၁၄ မင်္ဂလာနှစ်သစ်မှသည် နောင်နှစ်သစ်ပေါင်းများစွာတိုင်ပျော်ရွှင်ချမ်းမြေ့စိတ်လန်းပွင့်၍ စီးပွားလည်းကောင်း ချစ်ရသူနှင့်လည်းပေါင်းနိုင်ကြပါစေခင်ဗျာ။
လုလင်ပျိုတော့ လူပျိုကြီးပဲလုပ်တော့မယ်ခင်ဗျာ :)
ဒီဇင်ဘာလကုန်လောက်ကတည်းကသမုဒ္ဒရာဝမ်းတထွာအတွက်လုံးပန်းနေရလို့ ဘလော့မှာ ပို့စ်တင်ခြင်းပြတ်တောက်သွားပါတယ်။
အဲဒီအတွက်လည်းအားလုံးကိုတောင်းပန်ပါတယ်ခင်ဗျာ။
ကဲ ဒီနေ့တော့ အားအားလျားလျားရှိနေတာမို့ အင်မတန်ဆော့လို့ကောင်းတဲ့ဂိမ်းလေးတစ်ခုပေးဖို့ကျနော်လုလင်ပျိုရောက်လာပါပြီခင်ဗျာ။
ရွှေဒဂါးပြားလေးတွေချ လျှာထိုးပြားကလေးနဲ့တွန်းတိုက်ပြီး နောက်ထပ်ရွှေဒဂါးပြားလေးတွေထပ်ယူ အရုပ်ကလေးတွေကျလာရင်ဦးစားပေးတွန်းပြီး အရုပ်တစ်ခုကျလို့ရသွားပြီဆိုရင် ရွှေဒဂါးပြားလေးတွေရအောင်ရောင်းစား ပြီးရင်ထပ်တွန်း ဒီလိုနည်းနဲ့ပဲ level တွေ ထပ်တက်လာ နဲ့ တွန်းရင်းနဲ့တိုက်လိုက် တိုက်ရင်းနဲ့တွန်းလိုက် အရုပ်ကလေးရရင်ရောင်းစား ဒဂါးပြားများလာတော့ level တွေပြောင်းသွား ဆိုပြီး ကစားရမယ့်ဂိမ်းကလေးပါ။
အောက်မှာပုံကလေးတွေကြည့်ပါ

 

ဘယ်ဘက်အပေါ်ထောင့်ကအ၀ိုင်းကွင်းကလေး ကကိုယ့်ရဲ့ ဒဂါးပြားတွေပါ။
သူ့ညာဘက်က  ကတော့ game level ပါ။
ပါပီခွေးရုပ် ၀က်ဝံရုပ် မျက်မှန် လက်စွပ် နားတွဲ စတာတွေ ရထားပြီးပြီ ဒဂါးပြားလိုချင်တယ်ဆိုရင် ညာဘက်ထိပ်ထောင့်က prises ကိုနိုပ်လိုက် ကိုယ်ရထားတဲ့အရုပ်ကိုနိုပ် အောက်က sall ကိုနိုပ်ပြီးရောင်းလိုက်မယ်ဆိုရင် တန်ဖိုးအလိုက်ဒဂါးပြားတွေ ရပါပြီ။
မှတ်ချက် ရောင်းဖို့လုပ်တဲ့အခါ ကိုယ်ရထားတဲ့အရုပ်အရောင်ရဲ့အောက်မှာ x1 ဆိုတာလေး ရှိပါတယ်။အဲဒါကိုနိုပ်ပြီးမှ sall နိုပ်ပြီးရောင်းရမှာပါ။
ဒဂါးပြားလည်းကုန်နေတယ် ရောင်းစရာလည်းမရှိဘူးဆိုရင်တော့ ဒဂါးပြားတစ်ခုရဖို့ စက္ကန့်၃၀ စောင့်ပါဗျာ။စောင့်ရမယ့်အချိန်ကို ကိုယ့်ရှိတဲ့ဒဂါးပြားအရေအတွက်ပြတဲ့ အ၀ိုင်းကွင်းကလေးထဲက ကြယ်ပုံထိပ်မှာ ကြည့်န်ုင်ပါတယ်။
မွှန်းနေတာတွေတာများတွားပီ ကစားလို့အရမ်းကောင်းတဲ့ဂိမ်းလေးကိုလ်ုချင်ရင် အောက်က ဒေါင်းလော့လင့်မှာယူစေဗျာ။

D မှာဒေါင်းလော့ယူပါ

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form