Android os က Zapya နဲ့ Apple os(ios) Zapya အချင်းချင်း File transfer လုပ်နည်း




Cover art


ဟိုတစ်နေ့က zapya နဲ့ပတ်သက်တာတွေ အကုန်သိရအောင်ဆိုပြီး ကျနော်လုလင်ပျို ဒီနေရာမှာ(

Backup ဆော့ဝဲမလိုဘူး super zapya ကနေပဲbackup လုပ်မယ်

)
ခေါင်းစဉ်နဲ့ ဒီနေရာမှာ (

ကိုယ့် zapya ကနေ ကိုယ်မသိပဲ data တွေလာမယူရအောင် zapya connecting ကို password ခံထားနည်း

) ဆိုပြီး တစ်နေ့ထဲ နှစ်ပုဒ်တင်ခဲ့တယ်နော်။
Zapya နဲ့ပတ်သက်တာမကုန်သေးဘူးနော်။
အဲတော့အခု ကျန်ရှိနေတဲ့ အကြောင်းအရာဖြစ်တဲ့ Android os သုံး Zapya နဲ့ ios သုံး Zapya တို့ အချင်းချင်း File transfer လုပ်နည်းကိုပြောမှာဖြစ်ပါတယ်။
ဘယ်အရာမဆိုသိသွားတော့လည်းအလွယ်လေးဗျ နော့။
ုလုလင်ပျိုမသိသေးခင်အချိန်တုန်းကပေါ့ဗျာ အမတစ်ယောက်နဲ့သွားတွေ့တော့ဓာတ်ပုံရိုက်တာပေါ့။
အမကဓာတ်ပုံရိုက်ပေးပြီးတော့ အမှတ်တရဖြစ်အောင် ကိုယ့်ဓာတ်ပုံကိုယ်ပြန်ယူလာဖို့အတွက် file transfer လုပ်မယ်ပေါ့လေ။
အဲဒါနဲ့ အမကျနော့ကိုဖုန်းပေး ခုဏကဓာတ်ပုံကူးဖို့ဆိုပြီးတောင်းတော့
အမက ဟဲ့ ငါ့ဖုန်းက iphone ဟဲ့ နင့်Android နဲ့ ဘယ်လို transfer လုပ်မလဲ ပြောတာပေါ့
အဲဒါနဲ့ ဒီကကောင်ကလည်း Android လုလင် ပဲလေ ဘယ်ရမလဲ နာမည်တော့ အပျက်မခံဘူးပေါ့ အပေါ်ကကိုမဆင်းတာ(သိကခါ ကျမခံဘူးပြောတာပါ ဟီးးးးး)
အဲ့ဒါနဲ့ အမဖုန်းကိုင် ဟိုကလိ ဒီကလိတာပေါ့ Bluetooth က ချိတ်မရ Zapya ကလည်းဘယ်လို join ရမလဲမသိ တိုင်ပဲပတ်ယုံတင်မက ရွာပါပတ်တော့တာပေါ့။
အဲ့တုန်းက Zapya ဗားရှင်းမမြင့်သေးဘူးလေ။
မနေ့တုန်းကတင်ပေးလိုက်တဲ့ Zapya 2.0 လိုလည်းသေချာမပြထားသေးဘူးကိုး။
အဲဒါနဲ့ အမကို အိုင်ဖုန်းလေးပြန်ပေး လေသံလေးနည်းနည်းလျှော့ပြီး ကျနော်က အိုင်ဖုန်းမသုံးသေးဖူးလို့မသိသေးတာပါဗျာ Android နဲ့ပတ်သက်တာတော့ အကုန်လာမေး အူမချေးခါး အကုန်သိတယ် ဘာညာနဲ့ fake ရတာပေါ့ဗျာ။
အဲ အဲ ပို့စ်တစ်ပုဒ်တင်တာ စကားတွေဖောင်းကုန်ပြီ။ဆောရီးနော် ။လုလင်ပျိုကအဲလိုပဲ အပြင်မှာသာစကားနည်းတာ ဒီနေရာကျ ဘာတွေပြောမှန်းမသိစကားများတတ်တယ်ဗျ။
ဖြစ်ပုံလေးပြောပြတာပါဗျာ။
သူငယ်ချင်းတို့လည်း လုလင်ပျိုလို iOS သုံးတဲ့ ဘော်ဘော်တွေနဲ့ Zapya နဲ့ transfer လုပ်တဲ့ အခါဗျာများမနေရအောင် ခုပို့စ်လေးကို ဖတ်မှတ်ထားကြပါပေါ့နော်။
ကဲ စပြီ
Android ဖုန်းနဲ့ ios ဖုန်း zapya connection ရဖို့အတွက်
☞☞☞(1)Android ဖုန်းက အရင် group ထောင်ပြီး hospot လွှင့်လိုက်ပါ။
☞☞☞(2)ios ဖုန်းက setting / wifi ကို on
wifi တက်နေတာ တစ်ခုကိုချိတ်ဆက်။
☞☞☞(3)back ပြန်ဆုတ်လာ
zapya ကို run
Connected groups  ကိုနှိပ်လိုက်တာနဲ့အချိတ်အဆက်မိသွားပြီဆို file တွေ transfer လုပ်လို့ရပါပြီခင်ဗျာ။


အဆင်ပြေကြမယ်လို့ယုံကြည်ပါတယ်။

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form