ကဲ ဒီတစ်ခါ Mebtalk2 အကြောင်းပြောရအောင်နော်

Cover art 
 
Meb Talk 2 - screenshot thumbnailMeb Talk 2 - screenshot thumbnailMeb Talk 2 - screenshot thumbnail




ကဲ ဒီနေ့တော့  Mebtalk2 အကြောင်းပြောရအောင်နော်
သူကအင်တာနက်ဖုန်းစစ်စစ်ပါ။
ဒါပေမယ့် လုလင်ပျို တို့ဘော်ဒါတို့သုံးနေတဲ့
Viber, freepp တွေလိုမဟုတ်ဘူးနော်။
Viber က viber အချင်းချင်း freepp က freepp အချင်းချင်းမှခေါ်လို့ရကြတာလေ နောက်ပြီးဖုန်းနှစ်လုံးစလုံးမှာအင်တာနက်ရှိမှရတယ်နော်။
ခု mebtalk2 ကတော့ ကိုယ့်မှာ အင်တာနက်ရှိတယ် Euro ရှိတယ်ဆိုရင် ဘယ်နိုင်ငံကိုခေါ်ခေါ် ဘယ်ဖုန်းကိုပဲခေါ်ခေါ်
ခေါ်လို့ရပါတယ်။
လုလင်ပျို သူငယ်ချင်း တစ်ယောက်ဆိုဒါလေးနဲ့ပဲနိုင်ငံခြားcallလုပ်စားနေပြီ
ဈေးလည်းအရမ်းသက်သာတယ်လေ။
တစ်ခါထည့်ဆယ်ဒေါ်လာဆို မိနစ် 1000 ရတယ်ပြောတယ်။
မိနစ်တစ်ထောင်ဆိုတွက်ကြည့်လိုက်လေ ဘယ်နှနာရီလဲဆိုတာ
သူကတော့ တစ်မိနစ်ကို မြန်မာငွေ၅၀ ယူတယ် ။

ဈေးသက်သာတဲ့ MEB TALK2 နဲ့ အင်တာနက်ဖုန်း ဘယ်လိုပြောမလဲ ကြည့်ရအောင်။ သူက အင်တာနက်ဖုန်း စစ်စစ်ဆိုတော့ ဆော့ဖ်ဝဲ လိုတယ်။ ပထမဆုံး ကိုယ့်ဖုန်းမှာ အင်တာနက်လိုင်း ချိတ်သုံးလို့ရအောင် ပြင်ဆင်ထားပါ။ ပြီးရင် Browser တစ်ခုခု ဖွင့်ပြီး (အလုပ်လုပ်တာ မြန်တဲ့ Opera mini ဒါမှမဟုတ် Boat Browser တို့က သင့်တော်ပါတယ်) address ရိုက်ထည့်ရမယ့် ကွက်လပ်မှာ www.mebtalk2.com ကို ရိုက်ထည့်ပြီး Go ကို နှိပ်ပါ။



MEB TALK2 ရဲ့ Home Page ကို ရောက်လာပါမယ်။ Account အသစ် ဖွင့်မှာမို့ Create Account Register နေရာကို နှိပ်ပါမယ်။ အဲဒီအခါကျရင် Account Registeration Form ဆိုတဲ့ စာမျက်နှာကြီး ပေါ်လာပါမယ်။ လိုအပ်တဲ့ အချက်အလက်တွေကို ဖောင်ဖြည့်သွင်းရမယ့် နေရာပေါ့ ဖောင်ထဲမှာ username, password နဲ့ Comfirm password အကွက်တွေကို မဖြစ်မနေ ဖြည့်သွင်းပေးဖို့ လိုပါတယ်။ အီးမေးလ်က ကိုယ့် password မေ့သွားရင် ပြန်ပြီး တောင်းနိုင်အောင် ဖြည့်သွင်းသင့်တယ်လို့ website က အကြံပြုထားပါတယ်။ ဒါကြောင့် အီးမေးလ်လိပ်စာရှိရင် ဖြည့်သွင်းပေးလိုက်ပါ။ ပြီးရင် အောက်ဘက်မှာ တွေ့ရတဲ့ စာလိမ်နှစ်ခုကို အသေအချာ ဖတ်ပြီး type the two words ဆိုတဲ့ အကွက်ထဲမှာ တူအောင်ဖြည့်ပေးရမယ်။ စာတွေက တစ်ခါတစ်ရံမှာ အတော်လေး ကောက်ကွေးနေတာမို့ အသေအချာ မမြင်ရရင် မြင်ကွင်းကို အကြီးချဲ့ပြီး ကြည့်ပါ။ သုံးခါထက် ပိုမှားလို့တော့ မကောင်းပါဘူး။ အားလုံးပြီးပြီဆိုရင် အောက်ဘက်က Register ဆိုတဲ့နေရာမှာ တစ်ချက်နှိပ်ပါ။ အားလုံး အောင်မြင်တယ်ဆိုရင် Your Account is successfully registered ဆိုတဲ့ စာတမ်းနဲ့ အကွက်တစ်ခု ပေါ်လာပါမယ်။ အဲဒီစာတမ်းအောက်မှာ ဖောင်ဖြည့်သွင်းတုန်းက ကိုယ်ထည့်ခဲ့တဲ့ Username နဲ့ password ကို ဖော်ပြပေးထားပါတယ်။


ဒါက Account ဖွင့်ထားတာပဲ ရှိပါသေးတယ်။ ပြီးရင် Meb talk2.apk ဖိုင်ကို ဖုန်းထဲ download ဆွဲချရပါဦးမယ်။ ပြီးရင် Install ဖိုင်ကို လက်နဲ့ တစ်ချက်ခေါက်ပါ။ အောက်မှာမြင်ရတဲ့ Install နေရာမှာ တစ်ချက်ခေါက်ပါ။ ပြီးပြီဆိုရင် အမှန်ခြစ်လေးနဲ့ application installed စာသားကို မြင်ရပါမယ်။ အောက်ဘက်မှာရှိတဲ့ open ကိုနှိပ်ပြီး ဖွင့်လိုက်ပါ။ Log in ဝင်ရမယ့်နေရာ တစ်နည်းပြောရရင် ကိုယ့် Account ရဲ့ user name နဲ့ password ဖြည့်ရမယ့် နေရာကို ရောက်ပါမယ်။ ဖြည့်ပေးလိုက်ပါ။
(Apk မှာ login ၀င်တဲ့အခါမှာ သတိထားရမှာက
ကိုယ်ပေးထားတဲ့ username အတိုင်းဝင်လို့မရပါဘူး
ဥပမာ-ကိုယ်ပေးထားတဲ့ username က lulinpyo ဆိုရင် အဲ့ lulinpyo အတိုင်း ၀င်လို့မရပါဘူး။
lulinpyo*mebtalk2 ဆိုပြီးဝင်ရမှာပါ
အောက်မှာပုံကြည့်ပါ
ပိုက်ဆံတော့မရှိဘူးနော် မ၀ယ်နိုင်သေးလို့
သုံးရမယ့်ငွေက euro ပါ






Paypal အကောင့်ရှိသူများ နိုင်ငံခြားအဆက်အသွယ်ရှိသူများကတော့အေးဆေးငွေထည့်လို့ရတာပေါ့
မရှိသူများ စိတ်မပျက်ကြပါနဲ့
Mebtalk 2 ငွေဖြည့်နိုင်တဲ့ဆိုင်တွေရှိနေပါပြီ
လုလင်ပျို တို့ ရွာငယ်ဇနပုဒ် မီးကလေးမှိတ်တုတ် ပိုလာလိုင်ဇေးရှင်းအလုပ်မလုပ်တဲ့ မော်လမြိုင်မှာတောင် ရှိနေပါပြီ
ကဲ ဆက်ရအောင်
Login ၀င်တာ မှန်တယ်ဆိုရင် Log in was a success ဆိုတဲ့ စာတန်းလေး ပေါ်လာပြီး ဖုန်းဆက်လို့ရမယ့် နေရာကို ရောက်သွားပါမယ်။ Call ဆိုတဲ့နေရာကို နှိပ်လိုက်ပါ။ ဖုန်းဆက်ဖို့ ဂဏန်းပါတဲ့ အကွက်ကြီးပေါ်လာပါမယ်။ ကိုယ်ဆက်မယ့် နိုင်ငံရဲ့ နိုင်ငံကုတ်ရဲ့ ဖုန်းနံပါတ်ကို ရိုက်ပြီးခေါ်နိုင်ပါတယ်။ VOIP Call နေရာကနေ ခေါ်ရမှာပါ။ အဲဒီထဲကနေ ပြည်တွင်းဖုန်းတွေခေါ်ဖို့ Local Access ဆိုတဲ့နေရာကလည်း ပေးထားပါတယ်။ ဒါကတော့ ပြည်တွင်းဖုန်းခေါ်ခနဲ့ ဖြတ်မှာပါ။ ကိုယ့် Account ကို verify လုပ်ချင်ရင် setting ကိုနှိပ်ပါ။ ဖုန်းကျသွားပြီး Website ကနေ သူ့ဆီခေါ်တဲ့ဖုန်းကို ပြန်ဆက်သွယ်ပါမယ်။ viber မှာ ဂဏန်းလေးလုံး ပေးသလိုပါပဲ။ ရပြီဆိုရင် OK နှိပ်ပါ။ success ဆိုတဲ့ စာတမ်းနဲ့ အကွက်တစ်ခု ပေါ်လာပါမယ်။ OK နှိပ်ပြီးထွက်ပါ။ သတင်းအချက်အလက် စုံစမ်းချင်တဲ့ လူတွေက info@mebtalk2.com ကို ဆက်သွယ်နိုင်ပါတယ်။

Mebtalk 2 ကို ဒီမှာဒေါင်းပါ

1 Comments

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

  1. ကျေးဇူးအရမ်းတင်ပါတယ် နောက်လည်းအခုလိုပဲကြိုးစားပြီတင်ပေးပါ

    ReplyDelete
Previous Post Next Post

Contact Form