Internal Memory နဲတယ်ဆိုတဲ့သူတွေအတွက် Apps တွေကို SD Card ထဲပြောင်းနည်း

ဒီအကြောင်းကတော့ အများဆုံး အမေးခံရပါတယ်။
internal memory နည်းလို့ ဘယ်လိုလုပ်ရမလဲ ဆိုပြီး လုလင်ပျိုကို လာလာမေးကြတာ ဆယ်ယောက်ထက်မနည်းတော့ဘူး။
ဟိုနေ့တုန်းကပဲ ပူပူနွေးနွေးတစ်ယောက်လာမေးသေးတယ်။
ခုတော့ တင်ဖြစ်အောင် တင်မယ်ဆိုပြီးလာတာ။
စတစ်ကလည်း ပျောက်သွားတယ်ဗျာ။နောက်ဆုံး update တင်ပေးဖို့ဟာလေ။စိတ်ညစ်သွားတာပဲ။
ဒါပေမယ့် update မဖြစ်လည်း ဘာမှမကွာတော့ တင်ပေးလိုက်ပါပြီ။
ဒီကောင်က app to sd ဆော့ဝဲတွေနဲ့မတူဘူးနော်။တကယ်ရတာ
ကဲဆက်ကြည့်လိုက်ပါအုံး။
ဘော်ဒါတွေကိုဒီ app လေးနဲ့မိတ်ဆက်ပေးပါရစေဒီကောင်လေးက internal memory အရမ်းနဲတဲ့ဖုန်းတွေမှာ apps တွေ သွင်းချင်ပေမယ့်နဲနဲသွင်းပြီး memory full လို့ပေါ်လာတာကိုအဆင်ပြေစေပြီး app များများသွင်းလို့ရမှာပါinternal storage များများပါတဲ့ဖုန်းတွေကတော့မလိုဘူးပေါ့ ကျနော် ACE ကိုင်တုန်းကဒီကောင်လေးသုံးပြီး apps တွေ 16 မျက်နှာလောက် အထိကိုသွင်းခဲ့ဖူးပါတယ်(internal storage နဲတဲ့ဘော်ဒါတွေကိုကိုယ်တွေ့ဖြစ်ခဲ့ဖူးလို့လဲကိုယ်ချင်းစာပါတယ်)
အော်ပြောဖို့မေ့နေလို့ ROOT လုပ်ထားမှရမှာနော် ကျနော် move to sd apk တွေအများကြီးတွေ့ဖူးတယ် ။ သူတို့က အားလုံးပေးမရွေ့ဘူးလေဒီကောင်ကတော့system app ကလွဲလို့ကျန်တာအကုန်ရွေ့လို့ရတယ်တခါလုပ်ထားပြီးရင်လဲနောက် install လုပ်လိုက်တဲ့apps တွေကိုလဲ တခါထဲ sd ထဲ install လုပ်ပေးတယ်ဗျာ...။

ကဲအရင်ဦးဆုံးဒေါင်းလိုက်ပါအုန်းဒေါင်းပြီးရင် install လုပ်လိုက်ပါ
https://www.dropbox.com/s/82wz1qgdr7dsgkk/Move2SD%20Enabler-96.apk

usb debugging လုပ်ထားဖို့လဲလိုပါတယ်
install လုပ်ပြီးappထဲဝင်လိုက်ရမှာပါ

i’ve read it ကိုနှိပ်ပြီးရင် next လုပ်လိုက်ပါ
 external ကိုရွေးပေးလိုက်ပါ



ရွေးပြီးပေါ်လာတဲ့ superuser လေးကို ALLOW လုပ်ပေးလိုက်ပါ
ဒါဆိုရင်ဒါမျိုးလေးပေါ်လာမှာပါ

yes လုပ်လိုက်ရင်တော့ mange apps ထဲဝင်ပြီး ကိုယ်ကြိုက်တဲ့ app ကိုရွေ့ လို့ရမှာပါ (အဲမဟုတ်ရင်လဲNo လုပ်ပြီး setting >> applications >> mange application ထဲဝင်ပြီးရွေ့ လို့ရပါတယ်)

ကဲဒါဆိုရပါပြီအားလုံးအဆင်ပြေပါစေဗျာ

1 Comments

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form