မန်ဘာဝင် 200 ပြည့် အမှတ်တရနှင့် ဖုန်းတစ်လုံးကိုအလန်းစားဖြစ်အောင် လုပ်နည်း

Android လုလင် မန်ဘာဝင် 200 ပြည့် အမှတ်တရနှင့် ဖုန်းတစ်လုံးကိုအလန်းစားဖြစ်အောင် လုပ်နည်း

Android လုလင် ကိုဖတ်ရှုအားပေးနေကြသော သူငယ်ချင်းများအားလုံး မင်္ဂလာပါ။

Android လုလင်  ဘလော့ကို လုလင်ပျိုရဲ့ ကိုယ်တိုင်ရေးပို့စ်များနဲ့တကွ အွန်လိုင်းပေါ်မှာ တွေ့ရှိသမျှ android ဖုန်းနဲ့ ပတ်သက်တာတွေကို တစ်နေရာတည်းမှာလေ့လာနိုင်ရန်

Android  အသုံးပြုသူရောင်းရင်းများ အဆင်ပြေနိုင်စေရန် တည်ထောင်ထားခြင်းဖြစ်ပါတယ်။

ယနေ့ 7.7.2013 မှာ ပို့စ်အားလုံး အရေအတွက် 777 ခုနှစ်သုံးလုံးနဲ့ မန်ဘာဝင် 200 ပြည့်ခဲ့ပါပြီ။

မန်ဘာဝင် 200 ပြည့်ရင် ဖတ်ရှုအားပေးနေကြတဲ့ သူငယ်ချင်းများအားလုံးကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဖုန်းတစ်လုံးကိုအလန်းစားဖြစ်အောင် ပြုပြင်နည်းကိုတင်ဖို့အစကတည်းကစိတ်ကူးရှိပြီးသားပါ။

အခုတော့ မန်ဘာဝင်200 ပြည့်ပြီမို့ လုလင်ပျိုရဲ့ စိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်ပါတော့မယ်ခင်ဗျာ။



ဒီပို့စ်လေးကို ဆက်မရေးခင် စကားလေးနဲနဲလောက်ရစ်(ပြော)မယ်နော်။  :>300

အွန်လိုင်းပေါ်မှာဘလော့ဆိုဒ်တွေအများကြီးရှိပါတယ်။

သေချာတာတစ်ခုက ဘလော့ဂါတိုင်းဟာ နည်းပညာ ဗဟုသုတ အစရှိတာတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ အချိန်ကုန်ခံငွေကုန်ခံ အိပ်ရေးပျက်ခံ အမေဆူခံ(လုလင်ပျိုလိုပေါ့) အဲလိုလေးတွေနဲ့ ဖတ်ရှုမည့် ရောင်းရင်းသူငယ်ချင်းများအားလုံး အဆင်ပြေချော့မွေ့နိုင်ရေး နည်းပညာတွေ အတတ်ပညာတွေကို ကိုယ်ကျိုးကိုမငဲ့ပဲ မျှဝေပေးနေသူတွေချဉ်းပါ။

လုလင်ပျို အဓိကပြောချင်တာက ဖတ်ရှုသူရောင်းရင်း သူငယ်ချင်းများ အနေနဲ့ ပို့စ်တစ်ပုဒ်ကိုဖတ်ရှုပြီးတဲ့အခါ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ comment လေးတစ်ခုတော့ ပေးစေလိုပါတယ်။

ဘလော့ဂါတိုင်းဟာလည်း ကွန်မန့်တစ်ခု စာတစ်ကြောင်းလေး ကိုယ့်ဘလော့မှာ ရရှိတာကို ၀မ်းသာပီတိ နဲ့ ပီတိကိုစား အားရှိ နေကြသူတွေချဉ်းပါ။

ထိုနည်းသူ လုလင်ပျို ကလည်း

ဘ၀တိုတိုမှာ အရသာချိုချိုခံစားချင်တာ လူသား ဆိုတဲ့ ဆောင်ပုဒ်လေးနဲ့အညီ ကိုယ်ပြောပြပေးလိုက်တဲ့ ပိုစ့်တစ်ခု ကိုယ်မျှဝေပေးလိုက်တဲ့ ပိုစ့်တစ်ပုဒ်မှာ အဆင်ပြေသွားကြတယ်ဆိုရင် ၀မ်းသာပီတိ နဲ့ ပီတိကိုစား အားရှိ နေသူပါ။

ထပ်ပြီးတော့ ရစ်ရအုံးမယ်ဆိုရင်

ယနေ့ အွန်လိုင်းလောကမှာ အွန်လိုင်းသုံးသူ တစ်ဦးမှာ ဂျီမေးလ်အကောင့်တစ်ခုတော့ရှိတယ်ဆိုတာ မြေကြီး လက်ခပ်မလွဲပဲနော်။

ဘာလို့ဒါကိုပြောနေရတာလဲဆိုရင် ဘွင်းဘွင်းနဲ့ရှင်းရှင်းပြောရမယ်ဆိုရင် မန်ဘာဝင်စေချင်လို့ပါ။

ဒါကလည်း ပီတိတစ်ခုပါပဲဗျာ။တစ်နေ့အွန်လိုင်းတက်ရင်

ကိုယ့်ဘလော့ကိုယ် အရင်ဖွင့်ကြည့် မန်ဘာဝင်တိုးလာလား ဘယ်လောက်ရှိပြီလဲ???

ဘယ်သူတွေကွန်မန့်ပေးသွားကြသေးလဲ ကြည့်ရတာ အမောပါ။  :>303

လုလင်ပျိုအပါအ၀င် ဘလော့ဂါ အားလုံးဟာ ကိုယ်ကျိုးကို မငဲ့ ငွေကုန်ခံ အချိန်ကုန်ခံနေကြပေမယ့် ကိုယ့်အတွက်ရစေလိုဆိုတဲ့စိတ် မရှိတဲ့အပြင် ဘာပိုက်ဆံမှလည်း မရကြပါ။

အချုပ်အားဖြင့်ပြောရရင်

ဖတ်ရှုသူရောင်းရင်း သူငယ်ချင်းများ အနေနဲ့ ပို့စ်တစ်ပုဒ်ကိုဖတ်ရှုပြီးတဲ့အခါ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ comment လေးတစ်ခုတော့ ပေးစေလိုပါတယ်။

နောက်ပြီး မန်ဘာလေးတော့ဝင်ခဲ့ပေးစေချင်ပါတယ်

မန်ဘာဝင်နည်း

အပေါ်က ၀ါသနာတူသူငယ်ချင်းများ မန်ဘာဝင်ရန် join this site ကိုနိုပ်ပြီး google ကိုရွေးပြီး မိမိ gmail နှင့်မန်ဘာဝင်ပါ ဆိုတဲ့ဘောက်က

join this site ကိုနိုပ်ပါ

google ရွေးပါ

နောက်တစ်page မှာ log in နဲ့ pasword ထည့်ပါ

sign in နိုပ်ပါ

နောက်တစ်page မှာ name မှာ နာမည် ပြင်ချင်ပြင်

photo မှာ ပုံပြင်ချင်ပြင်

ပြီးရင် Follow this blog ကိုနိုပ်ပါ

နောက်တစ်page ရောက်ရင် done ကိုသာ နိုပ်လိုက်ပါ။


ကွန်မန့်ပေးနည်းကတော့

အရင်ဆုံး browser မှာ gmail အကောင့် တစ်ခုဝင်ထားပါ။(အရင်ဝင်ထားရင် အဆင်ပြေပါတယ်)

ပြီးရင်

ကွန်မန့်ရေးပါ

ကွန်မန့်ပေးမဲ့ ပို့စ်က ဘောက်အောက်က Comment as: မှာ google ကိုရွေးပါ။

ပြီးရင် Publish ကိုနိုပ်ပါ။


ပြီးပြီနော်။

ကျေးဇူးတင်ပါတယ် ဟဲ ဟဲ  :>300 :>300 :>300

လူစုနေတာနော် (ပီတိလေးတွေပေါ့)နောက်လာမဲ့ မန်ဘာဝင် 300 ပြည့်ရင်လည်းအခုလို အလန်းစားလေး တင်ပေးအုံးမှာလေ။  :>28 :>28 :>28

ကဲ လုလင်ပျိုရဲ့ Android လုလင် မန်ဘာဝင် 200 ပြည့် အမှတ်တရနှင့် ဖုန်းတစ်လုံးကို အလန်းစားဖြစ်အောင် လုပ်နည်း ပို့စ်ကို စပါတော့မယ်ခင်ဗျာ။

ဖုန်းတစ်လုံးကို အလန်းစားဖြစ်အောင် လုပ်နည်း ဆိုလို့ ဘယ်လိုလုပ်မှာလဲ ဖုန်းကိုဆေးရောင်စုံခြယ်မှာလား မမေးနဲ့နော် ဟဲဟဲ  :>306 :>306 :>306

တစ်နေ့တုန်းကပေါ့ဗျာ အားအားယားယား ရှိတာနဲ့ လုလင်ပျို ဖုန်း samsung glaxy gt-s5660 ကို ဗားရှင်း 4.0.0 ဆိုတဲ့ ice screen sandwish တင်လိုက်တာလေ

တေရောဗျာ ဒုက္ခက အဲမှာစတာ  :>303

အဲလို တင်လိုက်တော့ ဘာတွေ ဖြစ်သွားလဲဆို cpu တွေ မနိုင်တော့ဘူး အားကခဏလေးကျတယ်

ဗီဒီယိုတွေ အကုန်ကြည့်မရတော့ဘူး ၊နောက်ပြီး gif ဓာတ်ပုံတေါ မလှုပ်တော့ဘူး ရေဒီယို မပါတော့ဘူး ဖုန်းလာရင် ringtone မမြည်တော့ဘူးလေ

ဘတ္ထရီကလည်း ခဏခဏကျတယ် စက်ကလည်း ခဏခဏ ဟန်းတယ်။

အဲဒါနဲ့  :>301 :>301 :>301

တော်ပါပြီလေ ကိုယ့်ဘ၀နဲ့ ကိုယ်ပေါ့ s5660 ကို original version လေးနဲ့ပဲ သုံးတော့မယ်လေဆိုပြီး

original version ပြန်လုပ်ဖို့ လိုအပ်တာတွေရှာတာပေါ့

ဟာ ကွိုင်ပဲ

ကွန်ပြူတာ သုံးရတော့မယ် odin ကို သုံးရတော့မယ်လေ

ကွိုင်ပေါ့ တကယ့်ကွိုင်

လုလင်ပျိုမှာ ကိုယ်ပိုင်ကွန်ပြူတာ မရှိပါဘူး။အင်တာနက်ကို ဆိုင်မှာ တစ်နာရီလေးရာပေးပြီးသုံးရတာပါ။  :>303

ဒီဆိုင်လိုင်းမကောင်း ဟိုဘက်ဆိုင်ပြေး

ဟိုဆိုင် အင်စတော လုပ်ခွင့် ပိတ်ထားရင် ဒီဆိုင်ပြေးနဲ့ ချာလပတ်ကို လည်နေတာပ  :>303

ဟော ခုတော့ original version ပြန်လုပ်ဖို့ ကွိုင်ပူပြီ

ကိုယ်ပိုင်ကွန်ပြူတာမရှိတော့တတ်နိုင်ဘူးလေ အမေဆီက ပိုက်ဆံဘတ် မြို့ထဲဖုန်းဆိုင်ပြေး ပိုက်ဆံ5000 ပေးတော့ရပြီပေါ့

အယ်အဓိကပြောချင်တာ ကျန်သွားတယ်

အဲလို ဖုန်းဆိုင်မှာ လုပ်ခိုင်းတော့ သူက ဖုန်းဖွင့်တာပေါ့

ဟာ လန်းလှချေလား ဖုန်းဖွင့်တာ သီချင်းသံလေးနဲ့တဲ့ (ပြောတာ ပြောတာ ဖုန်းပြင်ဆိုင်ကလေ ဟီးးးး  :>300 :>300 )

ဟုတ်တယ် အကို ကျနော် ချထားတာပေါ့

အေး လန်းသကွ ဘယ်လိုလုပ်လဲတဲ့

မေးစရာလား ကိုယ်ကလည်း ပြောပြစရာလား နော့  :>302 :>302 :>302

သူ့ကို 5000 သွားပေးပြီး ပညာတစ်ခုပါပေးစရာလားလို့

လုလင်ပျိုအဲလောက်ရူးတေးဘူးလေ  :>111 :>111 :>111

အဲ့ အခုတော့ လုလင်ပျိုကို အားဆေးတွေတိုက် ပီတိတွေ ကျွေးနေတဲ့ Android လုလင် ကိုဖတ်ရှုအားပေးနေကြတဲ့ သူငယ်ချင်းရောင်းရင်းတွေကိုတော့ ပြောပြတာပေါ့။

အဲ အဲ ခုပြောမှာ ဖုန်းဖွင့်ရင် မြည်တဲ့အသံမဟုတ်ဘူးနော်

အဲဒါက ဟောင်းနေပြီနော်

ဒီနေရာမှာ http://androidlulin.blogspot.com/2012/11/android-phone-power.html တင်ထားပြီးခဲ့ပြီလေ

လေ့လာလိုရင် သွားကြည့်လိုက်နော်။

အခုပြောမှာက

ထိုနည်းတူ ဖုန်းထဲမှာ default အနေနဲ့ ပါလာတာတွေ အစား ကိုယ်ပိုင်အသံတွေကို micro sd ကတ်ဖြုတ်လိုက်လဲ ကျန်နေအောင်

ကိုယ်ကြိုက်တဲ့ အလန်းစား အသံတွေကို ထည့်နည်းလေးပါ။

ကဲ စရအောင်နော်

ဒီနည်းလေးလုပ်ဖို့ ဖုန်းက root access ရှိရပါမယ်နော်

 root explorer သွင်းထားရပါမယ်

root explorer မရှိသေးရင်ဒီမှာယူလိုက်နော်>>>

Download :

Dev-Host

DropBox

Davvas

root explorer>>>system>>>media>>>audio ထဲ ၀င်လိုက်ပါ

http://i.imgur.com/IqgHRWc.png


alarm

notification

ringtones

ui

အခုပြင်မှာကတော့

alarm

notification

ringtones တွေနော်

ကဲ ထပ်ဆက်ကြရအောင်

အရင်ဆုံး ogg ဖိုင်တွေ ဒေါင်းလိုက်ပါ

android လုလင်မှoggဖိုင်များ http://adf.ly/RhH1d

ပြီးရင် Extract Here နဲ့ဖြည်ချလိုက်ပါ

password ခံထားပါတယ် password က androidlulin ပါ

အဲမှာ ထည့်ရမဲ့ ogg ဖိုင်တွေ ပါပါတယ်

အပေါ်က ဖုန်းဖွင့်ရင် သီချင်းသံလေးလာအောင် လုပ်နည်းအတွက် poweron.ogg ကိုထပ်ထည့်ထားပေးပါတယ်။

သီချင်းအလန်းလေးပါ

root explorer မှာ select အများကြီးလုပ်ပြီး ကော်ပီယူလို့ရပါတယ်

ခုဏကExtract Here နဲ့ဖြည်ချထားတဲ့ဟာတွေထဲကမှ ကိုယ်အသုံးပြုချင်တာတွေကို select လုပ်ပြီး copy ယူလိုက်ပါပြီးရင်

root explorer>>>system>>>media>>>audio ထဲကမှ ကိုယ်ထည့်မဲ့ နေရာမှာ paste လုပ်ပါ

အော် မေ့တော့မလို့ root explorer>>>system ၀င်တာနဲ့ root explorer ရဲ့ အပေါ်ညာဘက်ထောင့်မှာ Mount R/W ဖြစ်နေလျှင် R/O သို့  change ပြီးမှကူးပါ။

လုလင်ပျိုပေးထားတဲ့ ogg ဖိုင်တွေကို ကိုယ်ထည့်ချင်တဲ့နေရာ

alarm ဖြစ်ဖြစ်

notification ဖြစ်ဖြစ်

ringtones ဖြစ်ဖြစ် ကြိုက်ရာနေရာမှာ ဒီတိုင်း rename မပြောင်းပဲထည့်လို့ရပါတယ်

ui ဆိုတဲ့နေရာမှာတော့ မလုပ်ပါနဲ့

ui နေရာက unlock တို့ lock တို့ camera tone တို့ mute tone တို့ charger connetion တို့ low battery တို့ ကို သူ့မှာ ရှိတဲ့ rename အမှန်နဲ့ထည့်ပေးရတာပါ။

လုပ်ချင်တယ်ဆိုရင် သူ့မှာ ရှိတဲ့ rename အမှန်နဲ့ထည့်ပေးလိုက်လို့ရပါတယ်။

လုလင်ပျိုကတော့

charger connetion ကို

နင်ဖုန်းကိုင်ရင်ကိုင်နော် မကိုင်ရင် ငါနဲ့ဘယ်လိုစောက်ပြသနာတက်သွားမလဲဆိုတာကြည့်လိုက်ကိုသုံးပါတယ်။

low battery ကိုလည်း နင်ဖုန်းကိုင်ရင်ကိုင်နော် မကိုင်ရင် ငါနဲ့ဘယ်လိုစောက်ပြသနာတက်သွားမလဲဆိုတာကြည့်လိုက်ကိုသုံးပါတယ်။

unlock နဲ့ lock ကို လေချွန်သံလေး သုံးထားပါတယ် ။

အားလုံးကိုယ့်စိတ်ကြိုက်ပြင်ပြီးပြီဆိုရင် phone ကို power off ပြီးပြန်ဖွင့်ကြည့်ပါ။ ကိုယ်ပိုင် တီးလုံးနဲ့ လန်းနိုင်ပါပြီ။

15 Comments

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

  1. အရမ်း​လေးစားမိပါတယ်​ ကိုယ်​ပိုင်​ကွန်​ပူတာမရှိတဲ့ဘ​လော့ကာ ကိုခုမှ​တွေ့ဖူးတယ်​ ပင်​ပန်းခံပီးတင်​​ပေးတာTHANKS MILLIONS

    ReplyDelete
  2. ​ပေးထားတဲ့လင့်​​တွေက ​တေ​နေပါသီ

    ReplyDelete
  3. root explorer ဆော့ဝဲပဲ လင့်သေတာပါ
    ပြန်ပြင်လိုက်ပါပြီ
    ပြော ပြတာ ကျေးဇူးပါ

    ReplyDelete
  4. အစ်ကိုရဲ့ blog ကိုဝင်ကြည့်ရတဲ့ 15 မိနစ်ဟာ chatting 1နာရီထက်ပိုပြီးတန်ဖိုးရှိပါတယ် ဒီထက်မက အောင်မြင်ပြီး ပညာများဖြန့်ဝေနိုင်တဲ့ developer တစ်ယောက်ဖြစ်ပါစေ

    ReplyDelete
  5. အားပေးနေပါတယ်

    ReplyDelete
  6. အားပေးနေပါတယ်

    ReplyDelete
  7. အားပေးနေပါတယ်

    ReplyDelete
  8. ကျေးဇူးတင်ပါတယ် အကို ကျွန်တော် ဒီနေရာကိုရောက်ဖို့ အချိန် (၃) ရက်ပေးလိုက်ရပါတယ် ပေးရတာနဲ့လည်း တန်ပါတယ်
    root explorer link တွေက သေနေပြီနော် ဒီထက်မက အောင်မြင်ပါစေ

    ReplyDelete
  9. ဖုန်​ဖွင့်​ရင်​မည်​တဲ့အသံ က ​ဟောင်း​နေပြီဆို​ပေမယ့်​မသိ​သေးတဲ့ကျွန်​​တော်​တို့အတွက်​​တော့အသစ်​ပါဗျာ ကြည့်​ချင်​​ပေမယ့်​ သွားလို့မရဘူးဗျာ​ဖြစ်​နိုင်​ရင်​ ပြန်​တင်ေ​​ပးပါလားဗျာ ​ကျေးဇူးအထူးတင်​ပါတယ်

    ReplyDelete
  10. ဖုန်​ဖွင့်​ရင်​မည်​တဲ့အသံ က ​ဟောင်း​နေပြီဆို​ပေမယ့်​မသိ​သေးတဲ့ကျွန်​​တော်​တို့အတွက်​​တော့အသစ်​ပါဗျာ ကြည့်​ချင်​​ပေမယ့်​ သွားလို့မရဘူးဗျာ​ဖြစ်​နိုင်​ရင်​ ပြန်​တင်ေ​​ပးပါလားဗျာ ​ကျေးဇူးအထူးတင်​ပါတယ်

    ReplyDelete
    Replies
    1. ဒီလင့်မှာ သွားကြည့်လိုက်ပါ
      http://androidlulin.blogspot.com/2012/11/android-phone-power.html

      Delete
  11. Mount R/W ကို R/O ပြောင်းလို့ မရဘူး သီချင်း ကို လည်း paste ပေးလို့ မရဘူး

    ReplyDelete
    Replies
    1. root explorer ဆော့ဝဲက root ဖောက်ပြီးမှ သုံးလို့ရပါမယ်
      root တကယ်ပေါက်မပေါက်သိချင်ရင် root cheaker ဆော့ဝဲနဲ့ စစ်ကြည့်ပါ

      r/w ကို r/o ပြောင်းပြီးမှ paste လုပ်လို့ရပါမယ် permission ပြောင်းလို့ရပါမယ်

      Delete
  12. ပထမက စာရေးထားတဲ့အတိုင်းလိုက်လုပ်တယ် အားလုံးအဆင်ပြေပါတယ် power on ကို ဆိုတေးအဝေးရောက်ချစ်သူသီချင်း ကွန်ပြူတာနဲ့ ogg file ပြုလုပ်ပြီးထည့်လိုက်တာ အရမ်းokပါတယ် ဗျာ ဒါကြောင့်ကျေးဇူးတင်ကွန့်မန့်ဖို့ ဒီဆိုဒ်ကိုပြန်ရှာတာ နေတဝက်လောက်ကြာသွားတယ် ခုတော့တွေ့ပြီ ကိုလုလင်ဒီထက်မက နည်းပညာတွေဖြန့်ဝေနိုင်ပါစေဗျာ ကျွန်တော်က နယ်ကပါ နည်းပညာတွေကို လေ့လာချင်တဲ့သူပါ အကို့ကိုအရမ်းကျေးဇူးတင်ပါတယ် ဆော့ဝဲးတော်တော်များများတော့ ယူသွားပြီဗျို့ app တစ်ခုချင်းဆီကို မြန်မာဘာသာပြန်ပေးထားလို့ အရမ်းအဆင်ပြေပါတယ်

    ReplyDelete
  13. အားပေးနေပါတယ် လုလင်ပျို

    ReplyDelete
Previous Post Next Post

Contact Form