DropBox မှာ 48 Gb Free ရအောင်လုပ်နည်း..


Dropbox ဆိုတာကတော့ Online ပေါ်မှာ မိမိတို့တင်ချင်တဲ့ ဖိုင်တွေကို သိမ်းဖို့ Online data storage တစ်ခုပါ။ ကိုယ့်ရဲ့ file တစ်ခုကို dropbox ပေါ်မှာတင်ပြီး သူများတွေကို download လုပ်စေချင်တယ်ဆိုရင် direct download link အနေနဲ့လည်းပြန်ပေးလို့ရပါတယ်။ DropBox Storage ဟာ ဝယ်မယ်ဆို ဈေးကြီးပါတယ်.. 100 Gb Storage ကို တစ်နှစ်စာ အမေရိကန်ဒေါ်လာ 100 တောင် ပေးးရပါတယ်.. မြန်မာငွေနဲ့ဆို ၁ သိန်းနီးပါးလေ..
DropBox ကို www.dropbox.com မှာ အကောင့်ဖောက်ရင်  2Gb ပဲ အလကားရတာပါ.. www.dropbox.com မှာ ဝင်ပြီး Account ဖောက်နိုင်သလို သူ့အတွက် PC Software နဲ့ Android အတွက်လည်းရှိပါတယ်။ Samsung Galaxy SIII မှာ dropbox ကိုအင်စတောလုပ်မယ်ဆိုရင် Storage space 48GB ဖရီးရရှိမှာဖြစ်ပါတယ် ။ အခုပြောမဲ့ဟာလေးကတော့ Samsung Galaxy SIII တွင်ပါဝင်သော dropbox ကို တခြားစက်ရုပ်ဖုန်းတွေမှာ အင်စတောလုပ်တဲ့ဟာလေးပဲဖြစ်ပါတယ် ။ ဒါလေးအင်စတောလုပ်တာအောင်မြင်သွားရင် 48GB space ကိုရရှိမှာဖြစ်ပါတယ် ။
ယခုအင်စလောလုပ်ခြင်းဟာ drop box အကောင့်စပေ့ကို ဟက်တဲ့ပုံစံမျိုးဖြစ်နေတာကြောင့် do as your own risk ဖြစ်ပီး အကောင့်အသစ်ဖောက်ပီး စမ်းကြည့်ပါလို့အကြံပြုချင်ပါတယ် ။ ကျနော်အကောင့်အသစ်တခုလုပ်ပီးစမ်းသပ်တာအောင်မြင်ပါတယ် ။ ဒါကိုအင်စတောလုပ်ဖို့ မိမိဖုန်းဟာ အမြစ်တူး ( Root )ပြီးသားဖြစ်နေရပါမယ် ။
မိမိဖုန်းမှာ Dropbox application ရှိပြီးသားဆိုရင် dropbox ကို data clear and uninstall လုပ်ပစ်လိုက်ပါ ။

ပထမဆုံး အောက် မှာပေးထားတဲ့လင့်ကနေ ဖိုင် 4 ဖိုင်ကိုဒေါင်းလိုက်ပါ ။
ပထမဆုံး Root Explorer ကို Install လုပ်ပါ.. ပြီးရင် Root Explorer ကို ဖွင့်ပြီး dropbox.apk နဲ့ dropboxOOBE.apk ဖိုင်ကို system ထဲက app folder ထဲကိုထည့်ပါ ။ ပီးလျှင် ဖိုင်၂ ခုစလုံးကို Permission အား rw-r-r သို့ပြောင်းပေးလိုက်ပါ ။ အဲဒါပြီးရင် com.dropboxpartner.jar ဆိုတဲ့ဖိုင်ကို system အောက်က framework ဖိုဒါထဲကိုထည့်ပါ ။ ပြီးရင် ဖုန်းကို Restart ချလိုက်ပါ ။ ဖုန်းရီစတက်ပြန်တက်လာရင် dropbox application ကိုဖွင့်လိုက်ပါ ။ ၁၀ မိနစ်လောက်ကြာရင်တော့ မိမိအကောင့်အီးမေးထဲကို 48GB Storage ရမည်ဖြစ်ကြောင်း Mail ၀င်လာပါလိမ့်မည် ။ Get started မှတောင်းဆိုထားသော အချက် ၅ ချက်ကို ဖြည့်ပီးရင်တော့ 48GB ရရှိပီဖြစ်ကြောင်း    မေးဝင်လာပါလိမ့်မည် ။ အဲဒီ Get Started မှာတော့ ကိုယ့်ဟာကိုယ် ဖတ်ပြီး လုပ်ကြပေါ့.. မခဲယဉ်းပါဘူး.. ကျွန်တော်မောင်ပေါက်. ဒီနည်းကို DropBox ဝယ်ပြီးမှ သိတာဗျာ.. ဒေါ်လာ 100 နှမြောလိုက်တာ. အဲဒီညက လုံးဝ အိပ်တောင်မပျော်ဘူး..
အဆင်ပြေပါစေ..

မောင်ပေါက်


1 Comments

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

  1. ကျ​နော့ S3 မှာမရဘူးခမျ 2gb ပဲရပါတယ်

    ReplyDelete
Previous Post Next Post

Contact Form