ဖုန်းအားပြည့်ရင် အချက်ပေးမယ် unplug လုပ်ရင် အချက်ပေးမယ့် Battery alarm
1 (8)
မင်္ဂလာပါ
 ဆော့ဝဲ အလန်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။
Battery alarm ဆိုတဲ့ ဆော့ဝဲလေးပါ။
သူက ဘာတွေ လုပ်ဆောင်နိုင်လဲဆိုတော့………
ကျနော်တို့ android ဖုန်းတွေမှာ ဖုန်းအားသွင်းနေရင် အားပြည့်ရင် အသံနဲ့ အချက်မပေးဘူးနော်။
ဖုန်းဖွင့်ထားရင်ပဲ notification မှာ ပြတာနော်။
အခု Battery alarm ဆော့ဝဲလေးကို သုံးထားရင် ဖုန်းအားပြည့်ရင် ကိုယ်ထည့်ထားတဲ့ notification အသံလေးနဲ့ အချက်ပေးမှာပါ။
ဒါ့အပြင် လုပ်ဆောင်နိုင်တာက
ကိုယ်ကဖုန်းအားသွင်းနေရင်း ဖုန်းဘေးနားမှာမရှိဘူး အခြားအလုပ်တွေ လုပ်နေတယ်ပေါ့
ကိုယ့်ဖုန်းက တစ်ယောက်ယောက်က unplug လာလုပ်ရင် unplug alarm နဲ့ထအော်မှာပါ။
ဒီကောင်လေးကို ထည့်ထားခြင်းအားဖြင့် ကိုယ်ဖုန်းအာသွင်းနေတုန်း တစ်ယောက်ယောက်က လာခိုးရင်တောင်မှ မိနိုင်တာပေါ့ဗျာ။
ကဲ မနိပ်ဘူးလား။
လုလင်ပျိုတော့ ဒါလေးနဲ့ လန်းနေပြီ။
ဖုန်းမှာ အင်တာနက်ဖွင့်ထားရင်တချို့ဆော့ဝဲတွေက update ခဏခဏ ထွက်တယ်။
ခု နောက်ဆုံး update လေး တစ်ခါတည်းတင်ပေးလိုက်တယ်နော်။မနေ့က 12.08.2013 update ပါ။
ပြောဖို့တစ်ခုကျန်သွားတယ်။
unplug alarm ဖွင့်ရင် ပတ်ဝေါ့တောင်းပါတယ်။
1 (9)
လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန်ဖွင့်နိုင်မဲ့ ပတ်ဝေါ့ ပေးလိုက်မယ်ဆို မြန်ဆန်အဆင်ပြေပြီပေါ့နော်။
မီးပျက်လို့ပဲဖြစ်ဖြစ် တစ်ယောက်ယောက်က unplug လာလုပ်လို့ပဲဖြစ်ဖြစ် အသံမြည်ရင် ပေးထားတဲ့ပတ်ဝေါ့ထည့်ပေးမှ အသံပိတ်တယ်နော်။
ကဲ ပြောနေတာတွေများလို့ စကားလည်း ရှည်သွားပြီ စိတ်ဝင်စားရင် အောက်မှာ download လုပ်ပေါ့
http://adf.ly/Tv87A 
2 Comments
ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။
  1. ကျေးဇူးတင်ပါတယ်ဗျာကျွန်တော်လိုအပ်တဲ့ဆော့
    ReplyDelete
  2. ကိုလုလင်ရေယူသွားပြီဗျို့ 
    ReplyDelete
Previous Post Next Post
Contact Form