Samsung Galaxy Ace GT-S5830i 2.3.6 root လုပ်နည်း




သူငယ်ချင်းကောင်လေးတစ်ယောက်က မေးတာနဲ့ ရှာပြီးတင်ပေးလိုက်တာပါ။ ကျွန်တ်ာကိုတိုင်သုံးလုံးလောက် လုပ်ကြည့်ပြီးပါပြီး အားလုံးအဆင်ပြေပါတယ်။ ဒါကြောင့်ပြန်လည်ဝေမျှပေးတာပါ။ ဒီနည်းလေးကတော့ Samsung Galaxy Ace GT-S5830i v.2.3.6 root လုပ်နည်းလေးပါ။
ပထမ Samsung Galaxy Ace GT-S5830 v.2.3.3 root လုပ်နည်းအတိုင်း လုပ်ရမှာပါ။ဒါပေမဲ့ 2.3.3 က root.zip ကို Samsung Galaxy Ace GT-S5830i 2.3.6 မှ root လုပ်လို့မရတော့ပါဘူး သူအတွက် ROOT-S5830i.zipကို အောက်မှာဒေါင်းယူနိုင်ပါတယ်။
ဒေါင်းလုပ် လုပ်ထားသောဖိုင်ကို pyaygroup ဆိုတဲ့စာသားကို ဖျက်ပြီး rename ပြန်ပေးပါ။
ROOT-S5830i ပါ။
၁. ဖုန်းကဲ့ sd ကဒ်ထဲကို ROOT-S5830i.zipထည့်ပါ။
2. phone ရဲ့ setting>applications>Unknown sources ရဲ့ အမှတ်ကိုဖြုတ်ပါ။
3 phone ရဲ့ setting>applications>Development>usb debugging ရဲ့ အမှန်ကိုလည်း ဖြုတ်ပါ။
ပြီးရင် ဖုန်းကို ပါဝါပိတ်လိုက်ပါ။
4. ဖုန်းရဲ့ recorver mode ကိုဝင်ရန်အတွက် volume up+ home+ power သုံးခုလုံးကို ဖိထားပါ။ samsung logo ပေါ်လာပြီးပျောက်သွားပါလိမ့်မယ် ဖိထားတဲ့ခလုပ်တွေ ကို မလွတ်ပါနဲ့ ဆက်ဖိထားပါ ဘာမှ ပေါ်လာမှာ မဟုတ်ဘူး နဲနဲ လေးကြာသွားရင် ခလုပ်အားလုံးကို လွတ်ပြီး ဖုန်းကို ချထားလိုက်ပါ။ ခဏကြာရင် recover mode တတ်လာပါလိမ့်မယ်။
 မှတ်ချက်    အပေါ်အောက်ရွေ့ရန်အတွက် volume up နဲ့ volume dowm ကိုသုံးပါ့မယ်။
5. choose zip from sdcard ဆိုတာကိုရွေးပြီး home ကီးကိုနှိပ်ပါ။
6. မိမိထည့်ထားသော ROOT-S5830i.zip ဖိုင်ကိုေ၇ွးပြီး home ကီးကို နှိပ်လိုက်ပါ။
အားလုံးပြီးသွားရင် ဖုန်းကို reboot ချလိုက်ပါ။ ဖုန်းပြန်တတ်လာရင် root လုပ်မှုပြီးဆုံးပါပြီ။ သူငယ်ချင်းတွေ ရဲ့ဖုန်းထဲမှာ superuser ဆိုတဲ့ အရိုးခေါင်းလေး ပေါ်နေတာကို တွေ့ပါလိမ့်မယ် ကျေးဇူးတင်ပါတယ်။ သူငယ်ချင်းအားလုံး အဆင်ပြေကြပါစေ။

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form