How to Reboot Android Phone/Tablet into Safe Mode

သင့်ရဲ့ android device မှာပြသနာ တစ်ခုခု ရှိနေပြီး သင်ကလဲ application ပေါင်းများစွာကို သုံးနေတယ် ဆိုရင်ဘယ် ဟာကြောင့် ပြသနာဖြစ် တာလဲဆိုတာ သိရအောင် safe mode နဲ့ boot လုပ်လို့ ရပါတယ်။
Android မှာ safe mode နဲ့ဖွင့်တယ် ဆိုတာ third-party application တွေတစ်ခုမှ မတက်စေဘဲ OS ကို load လုပ်တာဖြစ်ပါတယ်။ Android ကို safe mode နဲ့ဝင်ဖို့ နည်းနှစ်နည်း ရှိပါတယ်။ တကယ်လို့ သင့် device က version 4.1 နဲ့အထက် (Jellybean) ဆိုရင် power option menu ပေါ်လာတဲ့ အထိ power ခလုတ်ကို ဖိထားပြီး ပေါ်လာမှ power off ကိုအကြာကြီး ထပ်ဖိထားပါ။ အဲဒီအခါ သင့်ဖုန်းကို safe mode နဲ့ reboot လုပ်မလားလို့ မေးပါ လိမ့်မယ်။ ဒါဆို ၀င်လို့ ရပါပြီ။


1

Jellybean မဟုတ်တဲ့ တခြား Android version ဖုန်းတွေမှာတော့ phoneကို ရိုးရိုး reboot လုပ်ပြီး phone boot ပြန်တက် နေစဉ်မှာ volume up နဲ့ down ခလုတ် နှစ်ခုကို ဖိထားပေး ရပါမယ်။ အဲဒီအခါ screen ရဲ့အောက်ခြေမှာ safe mode ဆိုတာ ပေါ်လာပါ လိမ့်မယ်။

2

safe mode နဲ့ဝင်လိုက်လို့ သင့်ဖုန်းမှာ ဖြစ်နေကျ crash ဖြစ်တာတွေ ရွေ့မရ တာတွေ battery ပြသနာ စတာတွေ မဖြစ်ဘူး ဆိုရင် ပြသနာဟာ သင်သုံး နေတဲ့ third-party application တစ်ခုခုကြောင့် ဖြစ်တယ် ဆိုတာ သေချာပေါက် ပြောနိုင်ပါပြီ။ အဲဒီအခါ ကျမှ သင်နောက်ဆုံး တင်ခဲ့တဲ့ application တွေကို တစ်ခုချင်း ပြန်ဖြုတ်ကြည့် လိုက်ရင် ပြသနာရဲ့ အဖြေကို ရှာတွေ့ နိုင်ပါတယ်။ တကယ်လို့ safe mode နဲ့ဝင်တာတောင် သင့်ဖုန်းမှာ ပြသနာရှိ နေမြဲ ဆိုရင်တော့ သင့်ဖုန်းကို factory setting ထဲဝင်ပြီး restore လုပ်သင့်ရင် လုပ်ရ ပါလိမ့်မယ်။

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form