*** လန်းပါပေ့ Hovering Controls ရယ် ***

App အလန်းလေးတွေ တင်ပေးပါဆိုတဲ့ ဘော်ဒါများအတွက် ..
Hovering Controls ဆိုတဲ့ App အလန်းလေး တင်ပေးတယ်ဗျာ။
Proximity Sensor ဆိုတာကို အားလုံး သိကြမယ်ထင်ပါတယ်။
ဖုန်းရဲ့ရှေ့ကင်မရာ နားမှာရှိတဲ့ အမဲရောင် အကွက်လေးက ..
Proximity Sensor ဖြစ်ပါတယ်။ သူက ဖုန်းလာတဲ့အခါ နားနဲ့ကပ်ရင်
Screen Off ဖြစ်အောင်လုပ်ပေးတဲ့ Sensor ပေါ့ဗျာ။
အဲ့ဒီ Proximity Sensor ကို အသုံးပြုပြီး မိမိဖုန်းကို ခိုင်းကြည့်မယ်။
Hovering Controls App နဲ့ ခိုင်းလိုက်ကြစို့ဗျာ

Hovering Controls နဲ့ ဘာတွေလုပ်နိုင်လဲဆိုတော့ ..

- Proximity Sensor ပေါ်သို့ လက်ဝါးဖြင့် ညာဘက်ကို ယိမ်းတဲ့အခါ ..
မိမိကြိုက်နှစ်သက်ရာ App တစ်ခုခုကို ဖွင့်ခိုင်းလို့ရတယ်။

- ဘယ်၊ညာ နှစ်ဖက်စလုံး နှစ်ခါ ယိမ်းရင် နောက်ထပ် App တစ်ခု
ဖွင့်ခိုင်းလို့ရတယ်။

- ဘယ်၊ညာ မယိမ်းပဲ အပေါ်တည့်တည့် အုပ်မိုးထားတဲ့အခါမှာလည်း
နောက်ထပ် App တစ်ခု ဖွင့်ခိုင်းလို့ရတယ်။

ဖွင့်လိုသော App များကို မိမိစိတ်ကြိုက် သတ်မှတ်ပေးထားလို့ရတယ် ..
ကျွန်တော်ကတော့ အမြဲသုံးလေ့ရှိတဲ့ Page Manager , Facebook , Fast Reboot .. အဲ့သုံးမျိုးသတ်မှတ်ပေးထားတယ်

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး နောက်ထပ် သုံးနိုင်တာတွေက ..

- သီချင်းနားထောင်နေတဲ့အခါ ဘယ်၊ညာ ယိမ်းပြီး အပုဒ်ကျော်နိုင်မယ်။

- ဖုန်း call ၀င်လာတဲ့အခါ နားနဲ့ကပ်လိုက်တာနဲ့ အလိုလို ဖုန်းကိုင် ..
ပြီးသားဖြစ်အောင် လုပ်နိုင်တယ်။

- ဖုန်းပြောနေရင်း Speaker ဖွင့်ချင်တဲ့အခါ ဖုန်းကို Shake လုပ်ပြီး
ဖွင့်နိုင်တယ်။

- Gallery ထဲမှာ ဓါတ်ပုံတွေ ကြည့်တဲ့အခါလဲ ဖုန်းကို ထိစရာမလိုဘူး။
လက်ဝါးနဲ့ အသာလေး အပေါ်ကနေ ယိမ်းလိုက်တာနဲ့ နောက်တစ်ပုံ
ပြောင်းပေးတယ်ဗျ။ Gallery မှာ သုံးမယ်ဆိုရင်တော့ မိမိဖုန်းက ..
Root လုပ်ထားဖို့ လိုအပ်ပါတယ်။

- Internet Browser တွေနဲ့ web page တွေကြည့်တဲ့အခါမှာ ..
လက်ဝါးနဲ့ အောက်ကို ဆွဲချလိုက်ရင် Scroll Down , လက်ဝါးနဲ့ အပေါ်ကို နှစ်ခါ တက်လိုက်ရင် Scroll up လုပ်ပေးပါတယ်။
ဒါကိုလဲ Root လုပ်ထားတဲ့ဖုန်းမှ အသုံးပြုနိုင်ပါမယ်။

ဘယ်လောက်လန်းလဲ။ ကျွန်တော်တော့ အရမ်းသဘောကျတယ်။
Unlock Screen အထိတောင် လက်ဝါးနဲ့ယိမ်းပြီး ဖွင့်နိုင်တယ်လို့
ဆိုပါတယ်။ ကျွန်တော်စမ်းကြည့်တော့ ဖုန်းနဲ့မကိုက်လို့လားမသိဘူး ..
အလုပ်မလုပ်ဘူး။ အဲ့ဒါကိုတော့ ဖုန်းတိုင်းရချင်မှ ရပါမယ်။
ကျန်တာတွေလဲ ဖုန်းတိုင်းတွင် အသုံးပြုနိုင်မယ်လို့ သေချာမပြောနိုင်ဘူး။
ကျွန်တော် စမ်းကြည့်တာတော့ တော်တော်များများ အသုံးပြုလို့ရတယ်။
ကိုယ့်ဖုန်းမှာသုံးလို့ရလားဆိုတာ သိချင်ရင် ကိုယ်တိုင် ကလိကြည့်ဗျာ။
တစ်ခြား အသုံးဝင် function များလဲ ကျန်ပါသေးတယ်။ အဓိက အသုံးဝင်တာတွေကိုပဲ ရေးပေးလိုက်တာပါ။ Android 2.3 နှင့်အထက်ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

Hovering Controls App   or   Hovering Controls App

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form