လုလင်ပျို ဟိုတုန်းကလည်း ဘာဆော့ဝဲမှမလိုပဲဓာတ်ပုံတွေ ဗီဒီယိုတွေကို hide ရအောင် ဆိုပြီး တင်ခဲ့ဖူးပါတယ်။
အဲဒါက ဓာတ်ပုံနဲ့ ဗီဒီယိုပဲ ရတာလေ။
အခုကတော့ အဲလို မဟုတ်တော့ဘူး ။မမြင်စေချင်တဲ့ ဖိုင် တစ်ခုလုံးကို ဖွက်ထားမှာပါ။
နည်းက လွယ်လွယ်လေးပါပဲ။
မသိသူကျော်သွား သိသူဖော်စားတာပေါ့ဗျာ။
ကဲ စရအောင်
ဒါက လုလင်ပျို ဖုန်းထဲက hidden ဖြစ်နေတဲ့ ဖိုင်တွေကို စခရင်ချော့ထားတာ ခိခိ
မေသက်ခိုင်က တားတား ချစ်ချစ် နော် ယူရဘူးနော်။
တားတား ဖုန်းထဲမှာ သူ့ပုံချည်းပဲ ချိတယ်ယေ
အဲ အဲ စကား ဘယ်ရောက် သွားပြီလဲ မသိဘူး။
အဲ မှာ ပြထားတဲ့ ပုံထဲက file name တွေအားလုံးရဲ့ ရှေ့မှာ dot . ဆိုတာလေး တွေ့ကြပါတယ်နော်။
ကဲ ပြီးပြီ
အဲဒါပဲလေ
ကိုယ်ဖွက်ချင်တဲ့ file name ရှေ့မှာ dot . ဆိုတာလေးထည့်လိုက် ပျောက်သွားပါပြီဗျာ။
အဲ့ ကျနော် လုပ်တာ မပျောက်ဘူး ပြန်မပြောနဲ့နော်
မပျောက်ဘူးဆိုတာ file manager က setting မှာ show hidden files ကို အမှတ်ခြစ်ထားမိလို့ မပျောက်တာပဲ ဖြစ်မှာ
ပျောက်နေစေချင်ရင် အမှတ်ခြစ်ထားတာလေး ဖြုတ်လိုက်ပေါ့။
ပြန်တွေ့ချင်ရင် အမှတ်ခြစ်ပေးလိုက်ပေါ့
ပြီးပြီနော်
လွယ်သမှ တအားလွယ်ပဲ နော်
မောတွားပီ
ပလန်တော့မယ်
မေသက်ခိုင်လေး မျှော်နေလောက်ပြီ
ဘိုင့် ဘိုင်
see you
Tags:
သိမှတ်စရာ
ပုံကဘယ်လိုထည့်တာလဲပြောပြပါလား
ReplyDeleteပုံက es filemanager နဲ့ မှထည့်ရတာပါ
Deleteမရှိသေးရင် ဒီမှာ http://androidlulin.blogspot.com/2013/07/es-file-explorer.html သွားယူလိုက်ပါ
setting ကနေ ထည့်ရမှာပါ
လွယ်တာမို့ မပြောတော့ဘူးနော်
အဆင်ပြေပါစေဗျာ