ကွန်ပျူတာမှာလို video Format တွေပြာင်းနိုင်တဲ့VidCon(Video Converter ) အသုံးပြုနည်း



ကွန်ပျူတာမှာသုံးတဲ့ Format Factory လိုမျိုး video format တွေကို
ဖုန်းထဲမှာတင် ပြောင်းလဲနိုင်တဲ့ Video Converter app တစ်ခုပါ။
ပြောင်းနိုင်တဲ့ for...mat တွေကတော့ 3gp , mp4, avi , vob , mpg ဖြစ်လို့
format စုံလင်ပါတယ်။ apk (၃)ဖိုင် zip ချုံ့ပီး တင်ပေးလိုက်တယ်။ တစ်ခုက
converter apk ပါ။ တစ်ခုက လိုင်စင်ဖြည်ပေးမယ့် key ပါ။ နောက်တစ်ခုက
video codec ဖြစ်ပါတယ်။ သုံခုစလုံးကို install လုပ်လိုက်ရုံပါပဲ။

apk ကို စဖွင့်တာနဲ့ မိမိဖုန်းအမျိုးစားပေါ်မူတည်ပြီး video codec
မတူညီခဲ့လျင် လိုအပ်တဲ့ video codec ကို Play Store ကနေ download
ဆွဲပေးရပါမယ်။ မြန်ပါတယ် ခဏပါပဲ။ ဖုန်းမှာ Google Play Store
အသုံးပြုနိုင်ဖို့တော့ လိုအပ်တယ်။ အခုတင်ပေးတဲ့ codec နဲ့အဆင်ပြေရင်တော့ download ထပ်ဆွဲပေးစရာမလိုပါဘူး။ အားလုံးအိုကေသွားရင်တော့ video format အစုံကို ပြောင်းနိုင်ပါပြီ။ အတော်လေး မိုက်တယ်။ flv ကို 3gp ပြောင်းကြည့်တာ အရည်သွေး ကျမသွားပဲ file size အတော်နည်းသွားတယ်။ အသုံးပြုပုံကို အနည်းငယ် ရှင်းပြလိုက်ပါတယ်။

app ကိုဖွင့်လိုက်ရင် စတင်တွေ့ရမယ့် menu များမှာ ...

Browse - video ဖိုင်များကို ကိုယ့်ဘာသာ ရှာဖွေရန်ဖြစ်သည်။
Videos - Video ဖိုင်များကို auto ရှာဖွေရန်ဖြစ်သည်။
Convert - Video ဖိုင်များကို format ပြောင်းရန်ဖြစ်သည်။
Converted - ပြောင်းပီးသား video file များကို ပြန်ကြည့်ရန်ဖြစ်သည်။

ပြောင်းလိုတဲ့ video ကို Browse(သို့)Videos ကိုနှိပ်ပြီး ရှာဖွေပါ။
ရှာတွေ့ရင် ပြောင်းလိုသည်များကို အမှန်ခြစ်ပေးလိုက်ပါ။
ပြီးရင် Convert ကိုနှိပ်ပါ။

Profile တွင် Reduce Size (pro) ကို ရွေးပေးပါ။
ဒါမှ video ကို size ချုံ့ကာ ပြောင်းပေးပါမယ်။
Manual ကိုရွေးရင်တော့ size မချုံ့ပေးပါဘူး။
Audio only ကတော့ Video ကို MP3 အဖြစ် ပြောင်းပေးပါတယ်။

Size (MB) နေရာမှာ MB ပမာဏကို ရိုက်ပေးရပါမယ်။
ကိုယ်ပြောင်းလိုတဲ့ video ထက် ပိုများတဲ့ ပမာဏကို ရိုက်ပေးပါ။
ဥပမာ 20MB ရှိတဲ့ video ကိုပြောင်းမယ်ဆိုရင် 50 လောက်ရိုက်ပေးပါ။
ဒါမှ video ကို အစအဆုံးပြောင်းပေးပါမယ်။ 10MB လို့ရိုက်လိုက်ရင် ..
video ကို 10MB ပမာဏလောက်ပဲပြောင်းပေးပါမယ်။

Save to ကတော့ သိမ်းဆည်းမယ့်နေရာပါ။ ဒီအတိုင်းထားပေးပါ။
SD card အောက်ကို ပြောင်းပီးသားတွေ save ပေးပါမယ်။

Container ကတော့ format ရွေးရန်ဖြစ်တယ်။
ပြောင်းချင်တဲ့ format ကို ရွေးပေးပါ။

Codec မှာ MPEG-4 (Fast, Quality OK ) ကို ရွေးပေးပါ။

FPS မှာတော့ Keep Original ကို ရွေးပေးပါ။

Res ကတော့ Resolution ဖြစ်ပါတယ်။ ပြောင်းလိုတဲ့ resolution ကိုရွေးပါ။
Resolution များလေ file size ကြီးလေ ဖြစ်ပါတယ်။

ကျန်တဲ့ အဆင့်တွေကို Keep Original ရွေးပေးလိုက်ပါ။
ပြီးရင် အောက်က Start ကိုနှိပ်လိုက်ရင် format ပြောင်းပေးပါမယ်။
Video ကြာချိန်ပေါ်မူတည်ပြီး ပြောင်းလဲချိန် ကြာပါမယ်။

ပြောင်းလဲပြီးတဲ့ video တွေကို menu bar က Converted မှာ ..
ပြန်ကြည့်လို့ရပါတယ်။ SD card အောက်မှာလဲ save ပေးပါတယ်။
ဒါက အသုံးမပြုတတ်တဲ့သူတွေအတွက် အလွယ် ရှင်းပြပေးတာပါ။
ကိုယ့်စိတ်ကြိုက် setting များလဲ ပြောင်းလဲကာ အသုံးပြုနိုင်ပါတယ်။
Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - Zip file (5MB)

MEGA -
https://mega.co.nz/#!c9djHYiJ!B8MgaVZVTC8O0vaxtdSich97p0EWdwtGIgGPB6TU6OM

Zippyshare -
http://adf.ly/RqQEx

Copy - http://adf.ly/RqQTd

ပျော်ရွှင်ပါစေ။

Mr.AD

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form