Disable Android Passwords When Close to Wifi

Android ဖုန်းတွေမှာ ကိုယ်နဲ့ Recognized ဖြစ်ပြီးသား Bluetooth/ Wi-Fi Devices တွေနား ရောက်သွားရင် Password ကိုအလိုလျောက် Disable လုပ်ပေးမယ့် app တစ်ခုနဲ့ မိတ်ဆက် ပေးပါမယ်။
ကိုယ့် device password ကို recognized ဖြစ်နေတဲ့ အခြား device တွေမှာကိုယ့် device ရဲ့ Bluetooth/Wi-fi အစရှိတာ တွေကို ပိတ်တဲ့ အခါတွေမှာ android password တွေကို အလိုအလျောက် disable ဖြစ်အောင် လုပ်ပေးမယ့် Bluetooth and Wifi Unlocker ကို download လုပ်နိုင်ပါပြီ။

Disable Wifi


Disable Wifi

Smartphones တွေက ကျွန်တော်တို့ နေ့စဉ်ဘ၀ လှုပ်ရှားမှု တွေမှာ ပိုပြီး လွယ်ကူစေဖို့ အထောက်ကူ ပြုနေပေမယ့် တခါတရံ မှာတော့ နည်းပညာတွေ တိုးတက် လာတာနဲ့ ကြိုးမဲ့စနစ်တွေနဲ့ အလိုအလျောက် စနစ်တွေက ကျွန်တော်တို့ ထင်သလောက် အထောက်အကူ မဖြစ်တတ် တာကိုလည်း တွေ့ရပါတယ်။ တစ်ခါတစ်လေ ကျွန်တော်တို့ အိမ်ကနေ ထွက်တဲ့အခါ အိမ်မှာရှိတဲ့ Wi-Fi ကိုပိတ်ထားခဲ့ပြီး အိမ်ပြန်ရောက် တဲ့အခါ ပြန်ဖွင့်စရာ မလိုဘဲ သူ့အလိုအလျောက် ပြန်ဖွင့်နေ တတ်တာကို တွေ့ရပါတယ်။ ဒီသဘောတရားကို အခြေခံပြီး Bluetooth နဲ့ Wifi Unlocker တွေက သင့်ရဲ့ andriod device နဲ့တစ်ခါ ချိတ်ဆက် အသုံးပြုပြီး တဲ့နောက် နောက်တခါ ထပ်ပြီးသင့် device မှာရှိတဲ့ bluetooth နဲ့ wifi ကိုအလွယ်တကူ ချိတ်ဆက်ပြီး သုံးနိုင်ဖို့ နည်းလမ်းကို ရှာဖွေခဲ့ကြပါတယ်။ အကယ်လို့ သင်က သင့်အိမ်တွင်းရှိ လျှပ်စစ်ပစ္စည်း တွေဖြစ်တဲ့ externel speakers, mornitor နဲ့ TV တို့မှာသင့် device က bluetooth ဒါမှမဟုတ် wifi ချိတ်ဆက်ပြီး အသုံးပြု ချင်တယ် ဆိုရင်တော့ သင့် device နဲ့တစ်ခါ ချိတ်ဆက်သုံး ထားပြီးတဲ့ နောက်တစ်ခါကျ passcode မလိုဘဲ ထပ်မံ ချိတ်ဆက် နိုင်တဲ့အတွက် ဒီနည်းလမ်းက အလွန်အသုံး ၀င်ပါတယ်။ အမှန်ကတော့ သင်ရဲ့ device က bluetooth/wifi နဲ့တစ်ခါ ချိတ်ဆက် သုံးဖူးတဲ့ အခြား device တစ်ခုကိုသင့် device range ထဲက ဖယ်လိုက်တာနဲ့ တပြိုင်နက်သင့် device ရဲ့ password ကိုအလိုအလျောက် အခြား device ထဲကနေ ဖျက်ပေးမှာ ဖြစ်ပါတယ်။

Disable Wifi

ဒါပေမယ့်ဒီ Bluetooth နဲ့ Wifi Unlocker က device ကို password အမြဲ ထားချင်သူတွေ အတွက်တော့ အဆင်မပြေပါဘူး။ လွန်ခဲ့တဲ့လ အနည်းငယ်က Apple ရဲ့ iPhone passcode နဲ့ပတ်သက်ပြီး ဖြစ်ခဲ့တဲ့ ကိစ္စကို ကြည့်ခြင်းဖြင့် software-based lock တွေကို အပြည့်အ၀ ယုံကြည် အားထားလို့ မရဘူး ဆိုတာကို တွေ့ရပါတယ်။ ဒီ app သာမရှိ ခဲ့ရင်သင့် device ထဲက အချက်အလက် တွေကိုအခြား တစ်ယောက်က အလွယ်တကူ ခိုးယူနိုင် ပါတယ်။ ဒီ app ရဲ့သဘော သဘာဝ ကတော့ အသစ်တော့ မဟုတ် တော့ပါဘူး။ ဒီ app လို recognized device တွေနဲ့ ချိတ်ဆက် သုံးတဲ့အခါ automatic unlock လုပ်နိုင်တဲ့ အခြား app တွေအများကြီး ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သိသလောက် ဗဟုသုတ အနေနဲ့ မျှဝေ ရရင်တော့ Wifi နဲ့ Bluetooth နှစ်ခုလုံး အတွက် အမြဲတမ်း unlock ခဏခဏ မလုပ်ချင် ရင်တော့ဒီ Bluetooth and Wifi Unlocker ကိုအခမဲ့ download လုပ်နိုင်တဲ့ link ကိုအောက်မှာ ဖော်ပြပေး လိုက်ပါတယ်။


QR Wifi

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form