android ဖုန်းဆိုင်ရာ အမေးနဲ့အဖြေစုံ(9)

Sony Ericsson ဖုန်းမှာ ဖုန်းကသုံးနေရင်းနဲ့ ဘာဖြစ်သွားလဲမသိပါဘူး။ ပါဝါပိတ်သွားပါတယ်။ ပြီးတော့ ပြန်ဖွင့်တော့ ခဏလေးပြန်လာပါတယ်။ ပြီးတော့ ပြန်ပိတ်သွားပါတယ်။ နောက်ပြီးတော့ လုံးဝဖွင့်လို့မရတောပဲ မီးအနီးလေးပဲ လင်းနေပါတယ်။ ဘာမှလုပ်လို့ မရတော့ပါဘူး။ အဲဒါဘာဖြစ်တာပါလဲ။ ပြန်ပြီးပြုပြင်လို့ ရနိုင်ပါသေးသလား။

Sony Ericsson ဖုန်းတွေမှာ ပါဝါပိတ်သွားပြီး ပြန်မပွင့်တော့ဘဲ မီးနီလေးပဲ လင်းနေတယ်ဆိုရင်တော့ ဒါကပြန်လည်ပြုပြင်နိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ဒီလိုပြဿနာမျိုးက ဟိုးအရင်ကတည်းက ရှိခဲ့ဖူးပါတယ်။ Sony Ericsson ဖုန်းတွေမှာ ပါဝါသေသွားရင် လုံးဝဘာမှမလာတော့ဘဲနဲ့ သေသွားတာမျိုးနဲ့ မီးနီလေးပဲလင်းနေပြီး ဖုန်းက ပါဝါမလာတော့တာမျိုး ရှိပါတယ်။ ဘာမှမလင်းတော့ဘူးဆိုရင်တော့ ဒါက ဖုန်းထဲက Hardware ပိုင်းဆိုင်ရာ တစ်ခုခုချွတ်ယွင်းသွားလို့ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေကပြောကြပါတယ်။ မီးနီလေးပဲ လင်းတော့တယ်ဆိုရင်တော့ ဒါကဖုန်းရဲ့ Hardware ကဖြစ်တာဖြစ်နိုင်သလို ဆော့ဖ်ဝဲပိုင်းက ဖြစ်တာလည်းဖြစ်နိုင်ပါတယ်။ Hardware ပိုင်းက ဖြစ်တာဆိုရင်တော့ ဒါက အိုင်စီနဲ့သက်ဆိုင်လိမ့်မယ်လို့ ဆိုကြပါတယ်။ အိုင်စီပျက်သွားရင် ဒီလိုပဲ ပါဝါပေးနှုန်း မမှန်တော့တာမျိုး ဖြစ်တတ်ပါတယ်။ ဆော့ဖ်ဝဲပိုင်းက ဖြစ်တာဆိုရင်တော့ ပြုလုပ်ဖို့ခက်ခဲတယ်လို့ ပြောကြပါတယ်။ Hardware ပိုင်းဖြစ်တာဆိုရင်တော့ အိုင်စီပိုင်းကို စစ်ဆေးလိုက်ပြီး အသစ်ပြန်လဲရမယ်ဆိုရင်လည်း လဲလို့ရနိုင်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ တစ်ခုပြောချင်တာကတော့ ဖုန်းထဲက Hardware တစ်ခုခုကိုဖြုတ်ပြီး အသစ်ပြန်လဲလိုက်ပြီဆိုရင်တော့ ဖုန်းက နဂို Original အတိုင်း ပြန်ကောင်းနိုင်ဖို့၊ မကောင်းနိုင်ဖို့ မသေချာပါဘူး။ ဘာဖြစ်လို့လဲဆိုရင်တော့ ဖုန်းထဲကအိုင်စီကို ဖြုတ်လဲတယ်ဆိုရင်တောင် ဖုန်းတွေရဲ့ ဆားကစ်ပြားတွေက စက်တွေနဲ့ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် ပြည်တွင်းက ဆားဗစ်သမားတွေက လက်နဲ့ပြန်ပြီး ခဲဆော်တာတို့ ဖြုတ်တာတို့လုပ်ရတဲ့အခါမှာ အခက်အခဲတွေရှိပါတယ်။ ဒါကြောင့် ပြန်လည်တပ်ဆင်တဲ့အခါမှာဆိုရင်လည်း အခက်အခဲရှိပါတယ်။ ပစ္စည်းအသစ် လဲလိုက်တဲ့ဖုန်းတွေမှာဆိုရင် ပါဝါသုံးစွဲမှုနှုန်း အနည်းငယ်ကွာဟသွားတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပြုပြင်ချင်တယ်ဆိုရင် ပြုပြင်လို့ရနိုင်ပေမယ့် ဖြစ်လာမယ့် အကျိုးဆက်လေးတွေတော့ အနည်းငယ်ရှိနေပါတယ်။

ကိုသက်

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form