android ဖုန်းဆိုင်ရာ အမေးနဲ့အဖြေစုံ(10)

Samsung Galaxy SII ဖုန်းကို Android OS ပြောင်းလဲထည့်သွင်းကြည့်တာ မရဘူးဖြစ်နေပါတယ်။ ဖုန်းအတွက်လိုအပ်တဲ့ OS ဖိုင်ကိုလည်း Download လုပ်ထားပါတယ်။ Odin ဆော့ဖ်ဝဲကိုလည်း ထည့်ထားပါတယ်။ ဒါပေမဲ့ ကွန်ပျူတာနဲ့ချိတ်ပြီး Odin ဆော့ဖ်ဝဲကို ဖွင့်လိုက်ပေမယ့် Odin က ဖုန်းကိုချိတ်ထားတာကို မသိဘူးဖြစ်နေပါတယ်။ Odin ထဲမှာလည်း ဖုန်းရဲ့ ROM က မပေါ်ဘူးဖြစ်နေပါတယ်။ ROM ကိုနှိပ်ပြီးကြည့်တော့လည်း ကျွန်တော် Download ဆွဲထားတဲ့ Firmware ဖိုင်ကိုလည်း Odin ထဲမှာ မမြင်ရဘူးဖြစ်နေပါတယ်။ Firmware ဖိုင်ကတော့ ကွန်ပျူတာထဲမှာ ရှိနေပါတယ်။ ဒီတိုင်းကြည့်ရင် မြင်ရပြီး Odin ထဲကနေ Browse လုပ်ပြီးကြည့်ရင် မမြင်ရဘူးဖြစ်နေပါတယ်။ အဲဒါဘာကြောင့်ပါလဲ။

 Samsung Galaxy SII ဖုန်းအတွက် Android OS ပြောင်းလဲထည့်သွင်းတဲ့နေရာမှာ လိုအပ်ချက်တွေကို ဖော်ပြပေးခဲ့ဖူးပါတယ်။ ကိုယ်ထည့်သွင်းမယ့် OS ROM ဖိုင်၊ Odin ဆော့ဖ်ဝဲတွေ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါတွေပြည့်စုံနေလျက်နဲ့ မရဘူးဆိုရင်တော့ ပြန်လည်ဆန်းစစ်ရပါမယ်။ ပထမဆုံးအနေနဲ့ ဖုန်းကို Download Mode ခေါ်ပြီး ကွန်ပျူတာမှာချိတ်ပါ။ ပြီးရင်တော့ Odin ဆော့ဖ်ဝဲကို ဖွင့်လိုက်ပါ။ ဒီနေရာမှာ Odin ထဲမှာ ဖုန်းချိတ်ထားတာကို မသိဘူးဖြစ်နေတယ်ဆိုရင်တော့ ဖုန်းရဲ့ USB စနစ်နေရာကို စစ်ဆေးရပါမယ်။ USB ကိုစစ်ဆေးတဲ့နေရာမှာ ကွန်ပျူတာမှာဖုန်းရဲ့ USB က Data D, Data E အစရှိသဖြင့် မပေါ်ဘဲနဲ့ i9100 ဆိုပြီးပဲ ပေါ်နေတယ်ဆိုရင်တော့ ဒါက Samsung Driver လိုအပ်နေတာဖြစ်ပါတယ်။ Driver run လိုက်ပြီး ပြန်ချိတ်ကြည့်လိုက်ရင် အဆင်ပြေနိုင်ပါလိမ့်မယ်။ Driver ထည့်သွင်းပြီး Odin နဲ့ပြန်ချိတ်ကြည့်တဲ့အခါမှာ ဖုန်းရဲ့ ROM ကိုမြင်ရပြီဆိုရင်တော့ ရပါပြီ။ ဒုတိယတစ်ခုဖြစ်တဲ့ ဖုန်းထဲကိုထည့်သွင်းမယ့် ကိုယ့်ရဲ့ Firmware ဖိုင်ကို မမြင်ရဘူးဆိုတာကလည်း Driver မရှိရင် ဖြစ်တတ်တဲ့ပြဿနာပါပဲ။ တစ်ခါတစ်ရံမှာတော့ ကိုယ်ဆွဲထားတဲ့ Firmware Download ဖိုင်ရဲ့ File Format ဟာ ကိုယ့်ရဲ့ကွန်ပျူတာကမသိတဲ့ Format မျိုးဖြစ်နေတယ်ဆိုရင်လည်း ဒီလိုမျိုး မမြင်ရတာမျိုး ဖြစ်တတ်ပါတယ်။ Firmware ဖိုင်ဟာ Zip ဖိုင်ဖြစ်နေတယ်ဆိုရင်လည်း တစ်ခါတစ်ရံမှာ မမြင်ရတတ်ပါဘူး။ Zip ဖိုင်ဆိုရင် ပြန်ဖြည်လိုက်ပါ။ ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။



ရေးသားသူ - ကိုသက်

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form