android ဖုန်းဆိုင်ရာ အမေးနဲ့အဖြေစုံ(8)

Huawei Ascend G300 ဖုန်းမှာ အသုံးပြုလို့ ရတယ်လို့ပြောတဲ့ Beat Music ဆော့ဖ်ဝဲကို Download လုပ်ပြီး ဖုန်းထဲကို ထည့်လိုက်ပါတယ်။ ဆော့ဖ်ဝဲကို ထည့်ပြီးသွားတဲ့အချိန်မှာ ဖုန်းကို Restart ချဖို့ပြောလို့ Restart ချလိုက်တာ ဖုန်းက Firmware ပြန်တက်မလာတော့ပါဘူး။ အဲဒါဘာဖြစ်သွားတာပါလဲ။ Huawei ဆိုတဲ့ စာတန်းနားထိပဲတက်ပြီး ဆက်မပေါ်လာတော့ပါဘူး။ ဘယ်လိုပြန်လုပ်လို့ ရနိုင်ပါမလဲ သိပါရစေ။

 
Huawei ဖုန်းအချို့မှာ ခုလိုမျိုး ဆော့ဖ်ဝဲ မှားယွင်းထည့်သွင်းခြင်းတွေကြောင့် အခက်အခဲနဲ့ ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကတော့ ဖုန်းရဲ့ Kernal Version တွေ၊ ဖုန်းရဲ့ Firmware တွေ ROM တွေနဲ့ မကိုက်ညီတဲ့ ဆော့ဖ်ဝဲတွေကို ထည့်သွင်းမိတဲ့အတွက်ကြောင့် ဖြစ်လာတာဖြစ်ပါတယ်။ ဆော့ဖ်ဝဲတစ်ခုကို မှားယွင်းထည့်သွင်းမိတဲ့အခါမှာ ဖုန်းရဲ့ Firmware ကျသွားတာမျိုးတွေထိ ဖြစ်တတ်ပါတယ်။ ဒါက ပြန်လည်ပြုလုပ်လို့ ရနိုင်မယ်မရနိုင်တော့ဘူးဆိုတာကတော့ ဖုန်းရဲ့ ဖြစ်စဉ်အခြေအနေပေါ်မှာ မူတည်ပါသေးတယ်။ ပထမဆုံးဖုန်းရဲ့ Boot Setting ထဲဝင်ပြီး ဖုန်းကို Factory Reset လုပ်ကြည့်လိုက်ပါ။ ပြီးရင်တော့ Reboot ပြန်ခေါ်ပြီး ကြည့်လိုက်ပါ။ ဒီအခြေအနေထိမှ ဖုန်းရဲ့ Firmware ကတက်မလာဘူးဆိုရင်တော့ ဖုန်းကို Firmware အသစ် ပြန်ရေးရမှာဖြစ်ပါတယ်။ Firmware အသစ်ပြန်ရေးတယ်ဆိုတဲ့ နေရာမှာလည်း ကိုယ့်ရဲ့ ဖုန်းက Download Mode ပေါ်သေးလား၊ မပေါ်တော့ဘူးဆိုတာပေါ်မှာ မူတည်ပါသေးတယ်။ Download Mode ပေါ်သေးတယ်ဆိုရင်တော့ Firmware အသစ်ပြန်တင်လို့ ရနိုင်ပါသေးတယ်။ ဖုန်းရဲ့ဖြစ်ပျက်မှုက Download Mode ပါ မပေါ်တော့ဘူးဆိုရင်တော့ ဖုန်းကို Firmware အသစ်ပြန်တင်ဖို့တောင် ခက်ခဲသွားနိုင်ပါတယ်။ Download Mode မပေါ်တော့ဘူးဆိုရင်တော့ ဖုန်းကို ခွာပစ်ရမယ့်အခြေအနေထိ ဖြစ်လာနိုင်ပါတယ်။ ဒါတောင်မှ Huawei တွေမှာ အဆင်ပြေနိုင်မယ် မပြေနိုင်ဘူးဆိုတာကို တိတိကျကျပြောနိုင်ဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် ဖုန်းကို Factory Reset လုပ်ကြည့်ပါ၊ မရရင်တော့ Download Mode ခေါ်ကြည့်ပါ။ ဒါဆိုရင်တော့ ပြန်လုပ်လို့ရနိုင်မယ်၊ မရနိုင်ဘူးဆိုတာ သိရမှာဖြစ်ပါတယ်။

ရေးသားသူ -ကိုသက်

1 Comments

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

  1. beat audioကို c8813မုာထညျ့လိုကျတာaudioပိုငိးဘာမနားထောငျလို့မ၇တော့ဘူး factory reset လဲချပြီးပြီphoneအသံပါမကြား၇တော့ဘူး

    ReplyDelete
Previous Post Next Post

Contact Form