android ဖုန်းဆိုင်ရာ အမေးနဲ့အဖြေစုံ(2)



ကျွန်တော့်ဖုန်းက Galaxy Note II ဖုန်းပါ။ ဖုန်းမှာ ဘယ်နေရာကို သွားထိမိတယ်မသိပါဘူး။ ဖုန်းတစ်ခုလုံးမှာ မျဉ်းကြောင်းတွေပေါ်နေပါတယ်။ ဖုန်းရဲ့  Setting  ထဲမှာဆိုရင်လည်း  စနစ်တွေအားလုံးကို လေးထောင့်ကွက်တွေ မျဉ်းကြောင်းတွေနဲ့ ဖြစ်နေပါတယ်။ ဒါ့အပြင် Home Screen ပေါ်မှာလည်း Icon တွေကို လေးထောင့်ကွက်တွေနဲ့ ဘောင်ခတ်ထားတာမျိုးတွေ ဖြစ်နေပါတယ်။ ဖုန်းစနစ်တွေအားလုံးကိုဝင်လိုက်တိုင်း မျဉ်းကြောင်းတွေနဲ့ဖြစ်နေပါတယ်။ အဲဒါ ဘာဖြစ်သွားတာပါလဲ။ ဘယ်လိုပြန်လုပ်လို့ရပါသလဲ။ ဖုန်းကတော့ သုံးရတာဘာမှမဖြစ်ပါဘူး။ အားလုံးကောင်းနေပါတယ်။ ဒါပေမယ့် မျဉ်းကြောင်းတွေနဲ့ရှုတ်ယှက်ခက်နေပါတယ်။


Samsung Galaxy Note II ဖုန်းက Android OS Version 4.1 ဖြစ်ပါတယ်။ ဒီဗားရှင်းထဲမှာပါဝင်တဲ့ Show Layout ဆိုတဲ့စနစ်ကြောင့် ဖြစ်နေတာ ဖြစ်နိုင်ပါတယ်။ Show Layout Boundaries ဆိုတဲ့စနစ်ကို အသုံးပြုထားမယ်ဆိုရင် ဖုန်းမှာ အဲဒီလိုမျိုး မျဉ်းကြောင်းတွေ လိုက်ပေါ်နေတတ်ပါတယ်။ ဒါက ဖုန်းကိုဖွဲ့စည်းထားတဲ့ Layout ပုံစံကို ပြသတဲ့ပုံစံမျိုး ဖြစ်ပါတယ်။ ဒီစနစ်ကြောင့် ဖြစ်နေတာဖြစ်နိုင်ပါလိမ့်မယ်။ ဒီစနစ်ကတော့ ဖုန်းတစ်လုံးရဲ့ ဖွဲ့စည်းမှုနေရာတိုင်းမှာရှိနေတဲ့ Layout ပုံစံတွေကို ပြသနေတဲ့အတွက်ကြောင့် Home Screen ပေါ်မှာရှိနေတဲ့ Icon တွေမှာရော Setting ထဲမှာရှိနေတဲ့စနစ်တွေအားလုံးကိုပါ မျဉ်းကြောင်းဘောင်တွေခတ်ပြီး ပြသနေတာဖြစ်ပါတယ်။ ဒီစနစ်ကို ပိတ်ချင်တယ်ဆိုရင်ရပါတယ်။ ပိတ်မယ်ဆိုရင်တော့ ဖုန်းရဲ့ Setting ထဲကိုသွားလိုက်ပါ။ Setting ထဲမှာ Developer Option ဆိုတဲ့စနစ်ရှိပါတယ်။ Developer Option ထဲကို ၀င်လိုက်မယ်ဆိုရင် အဲဒီထဲမှာ Show Layout Boundaries ဆိုတဲ့စနစ် ရှိပါတယ်။ ဒီစနစ်နေရာမှာ အမှတ်ကလေးရှိနေတယ်ဆိုရင် အဲဒီအမှတ်ကလေးကို ဖျက်လိုက်ပါ။ ဒါဆိုရင် ဖုန်းမှာပေါ်နေတဲ့ မျဉ်းကြောင်းတွေ ပျောက်သွားပါလိမ့်မယ်။

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form