ပြိုင်ဘက် browser များထက် ၂၀ ရာခိုင်နှုန်းလျင်မြန်သည့် Baidu မိုဘိုင်း Android browser


တရုတ် search engine ကုမ္ပဏီ Baidu ကပြိုင်ဘက်မိုဘိုင်း browser များထက် ၂၀ ရာခိုင်နှုန်း ပိုမိုလျင်မြန်သည့်မိုဘိုင်း browser သစ်တစ်မျိုးကို Android ဟန်းဆက်များအတွက် ဖြန့်ချိပေးခဲ့သည်။

Baidu Explorer ဟုအမည်ရသည့် အဆိုပါမိုဘိုင်း browser သစ်ကို နှစ်စဉ်ကျင်းပပြုလုပ်သည့် developer conference တွင် မိတ်ဆက်ကြေညာခဲ့ခြင်းဖြစ်ပြီး ၎င်းတွင် T5 ဟုခေါ်သည့် engine သစ်ကို အသုံးပြုထားသောကြောင့် စွမ်းဆောင်ရည်အလွန်ကောင်းမွန်ကြောင်း သိရသည်။ ထို့အပြင် မိုဘိုင်းဖုန်းများဖြင့် အင်တာနက်အသုံးပြုကြသည့် တရုတ်ဈေးကွက်အတွက်ရည်ရွယ်ပြီး Baidu Explorer တွင် Baidu search engine ကိုပေါင်းစပ်ထည့်သွင်းပေးထားသည်။ Baidu Explorer ကို Android အပြင် Windows Phone (Mango) အတွက်လည်း ထုတ်လုပ်ထားသည်။ ၎င်းကို http://shouji.baidu.com/browser တွင် တိုက်ရိုက် download ရယူနိုင်ပြီး Android 2.2 နှင့်အထက်တွင် အသုံးပြုနိုင်သည်။

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form