U8812D ကို Root မလုပ်ပဲ မြန်မာဖောင့်ထည့်နည်း နှင့် Root လုပ်နည်း

အခုပြောပြပေးမှာကတော့ လူတိုင်းမျှော်လင့် စောင့်စားနေတဲ့ Huawei U8812D ကို root မလုပ်ပဲမြန်မာဖောင့်ထည့်နည်းနှင့် root လုပ်နည်းဖြစ်ပါတယ်။ root မလုပ်ပဲ CWM recovery ကို သွင်းပြီးတော့ ကျွန်တော် တို့ဖန်တီးထားတဲ့ HWMMfont.zip နဲ့ CWM ကနေ update လုပ်လိုက်ရင်ရပါပြီ။
လိုအပ်သောဖိုင်ကို ဒေါင်းပါ >> DOWNLOAD
password >> htayhlaingoo
- download လုပ်၍ရလာသော U8812D_root_by_HtayHlaingOo.rar ကို ဖြေလိုက်ပါ။ အထဲမှာ အောက်မှာပြထားတဲ့ပုံအတိုင်း တွေ့ရပါလိမ့်မယ်။
1.png
(၁) Driver သွင်းနည်း
– ဖုန်းရဲ့ battery ကို ၁၅ စက္ကန့်လောက် ဖြုတ်ထားပါ။ ပြီးလျှင် ပြန်တပ်ပြီး computer နှင့် usb ကြိုးမှ တဆင့်ချိတ်လိုက်ပါ။ မိမိ တို့ ကွန်ပျူတာမှာ Driver တောင်းပါလိမ့်မယ်။
ကဲဒါဆို ဘယ်လို driver သွင်းလဲ ဆက်ပြောပါမယ်။ “Device Manager”ကို ခေါ်လိုက်ပါ။ (devmgmt.msc) ထို့ နောက် Other devices ခေါင်းစဉ်အောက်မှာ အ၀ါရောင်  အမှတ်အသားလေးနဲ့ ပေါ်နေပါလိမ့်မယ်။
ထို  အမှတ်အသားလေးပေါ်သို့  Right Click >> Update Driver ဖြင့်“Browse my computer for driver software” ကိုရွေးပေးပါ။
ထို့နောက် မိမိ တို့  zip ဖြည်ထားသော folder 6575驱动 > USB VCOM Driver > နောက်က ကိုယ့် ကွန်ပျူတာရဲ့ window အမျိုးအစားပေါ်လိုက်ပြီး ရွေးပေးပါ။
Warning Box ပေါ်လာခဲ့လျှင် “Install this driver software anyway” ကိုရွေးပေးရပါမယ်။Windows has successfully updated your driver software”  လို့ပေါ်လာရင် Driver သွင်းတဲ့အဆင့်ပြီးပါပြီ။

(၂) CWM သွင်းနည်း နှင့် Root လုပ်နိုင်သည့် kernel ချိန်းနည်း
- driver သွင်းပြီးပြီဆိုရင်တော့ CWM သွင်းပါမယ်။ ဒေါင်းလို့ရတဲ့ SP_Flash_Tool_v3.1220.01 folder ထဲက Flash_tool.exe ကို run လိုက်ပါ။ အောက်မှာပြထားတဲ့ ပုံအတိုင်းတွေ့ရပါလိမ့်မယ်။
2.png
– ပုံမှာ ပြထားတဲ့ နေရာကို click လိုက်ပြီး MT6575_Android_scatter_emmc.txt ကိုရွေးလိုက်ပါ။ အောက်မှာပြထားတဲ့ ပုံအတိုင်း တွေ့ရပါလိမ့်မယ်။
3.png
– အဲဒီနေရာမှာတော့ ရွေးစရာ သုံးမျိုးရှိပါတယ်။
(က) root ပဲလုပ်မှာလား
(ခ) CWM ပဲသွင်းမှာလား
(ဂ) နှစ်ခုစလုံးလုပ်မှာလား
(က) root ပဲလုပ်မယ်ဆိုရင်တော့ BOOTIMG နေရာတစ်ခုတည်းမှာ အမှန်ခြစ်ထားပါ။
(ခ) CWM ပဲသွင်းမယ်ဆိုရင်တော့ RECOVERY နေရာတစ်ခုတည်းမှာ အမှန်ခြစ်ထားပါ။
(ဂ) နှစ်ခုစလုံး လုပ်မယ်ဆိုရင်တော့ နှစ်ခုစလုံးလို အမှန်ခြစ်ထားပါ။
- ကိုယ်ကြိုက်နှစ်သက်ရာရွေးချယ်ပြီးရင်တော့ ပုံမှာပြထားတဲ့ download ဆိုတာကို နှိပ်လိုက်ပါ။ Not All images are correctly loaded ဆိုတဲ့ စာ ပေါ်လာရင် Yes ကို ရွေးပေးပါ။
– ဖုန်းရဲ့ battery ကို ၁၅ စက္ကန့်လောက် ဖြုတ်ထားပါ။ ပြီးလျှင် ပြန်တပ်ပြီး computer နှင့် usb ကြိုးမှ တဆင့်ချိတ်လိုက်ပါ။
– စတင်အလုပ်လုပ်ပါလိမ့်မယ်။ အရင်ဆုံး အနီရောင်ပြေးပါမယ်။ ပြီးလျှင် အ၀ါရောင်ပြေးပါမယ်။ နောက်ဆုံးပြီးရင်တော့ အစိမ်းရောင်ဖြင့် download ok ဆိုတဲ့ box တစ်ခု ကျလာပါလိမ့်မယ်။
– အခုဆိုရင်တော့ ဖုန်းကို ဖြုတ်ပြီး ကြည့်လိုက်ပါ။ ကိုယ်လုပ်ချင်တာကို လုပ်လို့ရပါပြီ။
CWM သွင်းတာကတော့ ဒီမှာပဲပြီးသွားပါပြီ။ သို့သော်လည်း root လုပ်ချင်တယ်ဆိုရင်တော့ နှစ်သက်ရာ root tool နဲ့ root လုပ်လို့ရပါပြီ။ Unlock Root
(၃) မြန်မာဖောင့်ထည့်နည်း
_ CWM သွင်းပြီး မြန်မာဖောင့်ထည့်ချင်တဲ့သူများကတော့ CWM သွင်းပြီးပြီ ဖြစ်တဲ့ အတွက် မြန်မာဖောင့်ထည့်နည်းကို ဒီနေရာ မှာသွားရောက်လေ့လာနိုင်ပါတယ်။
အားလုံးအဆင်ပြေကြပါစေ………………… :) ;) ;D :D ;) :) ;)

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form