သီချင်းနဲ့ပုံတွေကိုဖွက်မယ်

Audio Manager or Hide It Pro ဆိုတဲ့အတိုင်းနှစ်မျိုးစလုံးရပါတယ်။ မိမိဖုန်းရဲ့ အသံစနစ်ကို ချိန်ညှိလို့ရသလို မိမိဖွက်ထားချင်တဲ့သီချင်းတွေ ရုပ်ရှင်တွေ စာအုပ်တွေ ဖိုင်တွေကိုလဲ ဖွက်ထားလို့ရပါသေးတယ်
သူ့ရဲ့ app တည်ဆောက်ပုံလေးက အစမ်းလေးပါ။ ပုံမှန် appထဲဝင်လိုက်ရင် အသံချိန်ညှိဖို့ပဲတွေ့ရမှာပါ။ Audio Manager ဆိုတဲ့ စာတန်းလေးကိုဖိထားတော့မှသာ password တောင်တဲ့ screen လေးပေါ်လာပြီး passwordရိုက်ထည့်ပေးလိုက်ရင်တော့ ကိုယ်ဖွက်ထားတဲ့ဆီကိုရောက်ပါပြီ။
ကောင်းကွက်လေးတွေကတော့
၁။ ဓာတ်ပုံ၊ ရုပ်ရှင်၊ စာအုပ် နဲ့ဖိုင်တွေကိုဖွက်လို့ရပါတယ်။
၂။ ပုံမှန်ဆို အသံချိန်ညှိတဲ့ app လို့ထင်အောင်ရုပ်ဖျက်ထားပါတယ်။
၃။ Plugin ကိုဒေါင်းလုပ်ဆွဲပြီး All app or App drawer ကနေicon ကိုဖျောက်ထားလို့ရပါတယ်။
၎။ Escape pin ဆိုတဲ့ ထူးခြားတဲ့ function ပါပါတယ်။
Escape pin ဆိုတာက ဒုတိယ password ကိုပြောတာပါ။ အလုပ်လုပ်ပုံလေးကတော့Escape pin မှာ ကိုယ်က password တမျိုးထားထားလိုက်၊ သူငယ်ချင်းက Audio managerကိုတွေ့လို့ password တောင်းရင် အဲဒီ escape pin မှာ ထားထားတဲ့ passwordပေးလိုက်ရင် အထဲမှာ ဘာဆိုဘာမှ မရှိအောင်ရှင်းနေတာကို တွေ့ရမှာပါ။ သဘောက ကိုယ်ဘာမှဖွက်မထားတဲ့ဒီဇိုင်းပေါ့။
နောက်တစ်ခုက နံပါတ် ၃ မှာပါတဲ့ plugin ပါ။ ဒီ pluginလေးထည့်ထားလိုက်ရင် all app or app drawer ကနေ audio manager လေးကပျောက်နေမှာပါ။သူ့ထဲကို ဝင်ချင်ရင်တော့ ဖုန်းခေါ်တဲ့ဆီကနေ password ရှေ့ က ## ခံပီ callနှိပ်လိုက်ရင် app ထဲကိုရောက်ပါတယ်။ ရှင်းအောင်ပြောရရင် password က 1234ဆိုပါတော့။ ဖုန်းခေါ်တဲ့ဆီကိုသွား   ##1234    call ကိုနှိပ်၊ appရောက်၊ အဲလိုပါ။

Audio Manager or Hide It Pro အားရယူရန်

Hide It Pro- No icon plugin အားရယူရန်    
                                                                

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form