Android ဖုန်းတွေအတွက် Ebooks Reader လေးများ


စာအုပ်တွေကို ချစ်မြတ်နိုးကြတဲ့သူတွေအတွက် ကိုယ်ကြိုက်တဲ့စာအုပ်တွေကို အလွယ်တကူ ဖတ်ရှုလို့ရအောင် ကျွန်တော်သိတဲ့ Ebooks Reader apps လေးတွေကို မျှဝေလိုက်ပါတယ်။ ကျွန်တော် အကြိုက်ဆုံး reader လေးတွေဖြစ်ပါတယ် ။

1.1000+ Free Ebooks Reader



သူ့ကိုအကြိုက်ဆုံးပါပဲ။ သူ့ကိုထွင်တဲ့ဆိုဒ်က www.eprint-studio.com ဖြစ်ပါတယ်။ တစ်နေ့ ကို စာအုပ် ၁၀ အုပ် ကျော်ကျော်တင်ပေးတယ်လို့ သိရပါတယ်။
Harry Potter ( 1-7 ), Twilight Saga Series,The Chronicles of Narnia 7 in 1  အစရှိတဲ့ ကျော်ကြားတဲ့ စာအုပ်တွေ Series လိုက်ကို Free Download ဆွဲပြီးဖတ်ရှုနိုင်ပါတယ်။ စာရေးဆရာ StephenKing ရဲ့စာအုပ်ပေါင်းတော်တော်များများ ကို တွေ့ရပါတယ်။ Category ပေါင်း (၁၃) ခုက စာအုပ်တွေကို ရယူနိုင်ပါတယ်။နောက်ဆုံး Biography ဆိုတဲ့ ကဏ္ဍမှာ Walter Isaacson ရေးတဲ့ Steve Jobs ရဲ့အတ္ထုပ္ပတ္တိကိုတောင် Download ရယူနိုင်ပါတယ်။
http://www.1mobile.com/10000-free-ebooks-reader-348888.html မှာ Download ရယူနိုင်ပါတယ်။
2.Free ebooks


 သူကတော့ Ebook တွေ download လုပ်လို့ရနိုင်မယ့် ဆိုဒ်လေးတွေကို စုစည်းပေးထားတဲ့ application တစ်ခုဖြစ်ပါတယ်။ ဆိုဒ်ပေါင်း ၂၂ ဆိုဒ် ပါဝင်ပါတယ်။ဆိုဒ်တစ်ခုခြင်းဆီကို Browser တွေနဲ့ လိုက်ရှာနေမယ့် အစား ဒီ apps ကို သုံးပြီးတော့ ဆိုဒ်ပေါင်း ၂၂ ဆိုဒ်က စာအုပ်တွေကို အားရပါးရ Download ပြုလုပ်နိုင်ကြပါ တယ်။(download ဆွဲခါနီးမှသာ Browser ကိုသုံးရတာ ဖြစ်ပါတယ်။)
http://www.1mobile.com/free-ebooks-343618.html  မှာ download ရယူနိုင်ပါတယ် ။
3.Go Book

Reader တစ်ခုလို အသုံးပြုနိုင်သလို manybooks.com နဲ့ feedbook.com က စာအုပ်တွေကို free download ဆွဲယူ ဖတ်ရှုနိုင်ပါတယ် ။ဖတ်ရှုနိုင်တဲ့ စာအုပ်ဖိုင် အမျိုးအစားက epub file အမျိုးအစား တွေ ဖြစ်ပါတယ်။သူ့ရဲ့ Display ကလည်း စင်ပေါ်မှာ စာအုပ်လေးတွေ စီထားသလို မြင်တွေ့ရမှာပါပဲ။
http://www.1mobile.com/go-book-88382.html မှာ download ရယူနိုင်ပါတယ် ။
4.Aldiko

သူကလည်း Go Book နဲ့ ခပ်ဆင်ဆင်ပါပဲ ။ feedbook.com က စာအုပ်တွေကို free download ဆွဲယူ ဖတ်ရှုနိုင်သလို ဖတ်ရှုနိုင်တဲ့ စာအုပ်ဖိုင်အမျိုးအစားကလည်း epub file အမျိုးအစားတွေ ဖြစ်ပါ တယ်။ဒါပေမဲ့ စာအုပ် download ဆွဲတဲ့ store ကိုရောက်ဖို့ နည်းနည်းကြာပါတယ်။ အခကြေးငွေနဲ့ လည်း စာအုပ်တွေကို ၀ယ်ယူဖတ်ရှုနိုင်ပါတယ်။(ကျွန်တော်ကတော့ free ebooks တွေကိုပဲ download ဆွဲနိုင်ပါသေးတယ်။)
http://www.1mobile.com/aldiko-book-reader-61225.html ကနေ download ရယူနိုင်ပါတယ် ။
5.1000+ Facts

စာအုပ် file လေးဖြစ်ပါတယ်။ စာမျက်နှာပေါင်း ၁၀၀၀ ပါဝင်ပါတယ်။အားလုံးက အချက် အလက်တွေပါပဲ။ အကြောင်းအရာပေါင်းစုံနဲ့ သက်ဆိုင်တဲ့ အချက်အလက်မျိုးစုံကို ဖတ်ရှုနိုင်ပါတယ်။ Internet connection မလိုအပ်ပါဘူး။ Install လုပ်ပြီးတာနဲ့ ဖတ်ရှုနိုင်ပါတယ်။စာမျက်နှာ ၅ မှာ ဒီလိုမျိုးရေးထားပါတယ်။
A volcano has enough power to shoot ash as high as 50 km into the atmosphere .
http://www.1mobile.com/1000-amusing-facts.-365522.html မှာ Download ရယူနိုင်ပါတယ်။
6.20000 Jokes

Category တွေ များစွာက ဟာသတွေကို အားရပါးရ ဖတ်ရှုနိုင်ပါတယ်။ Internet connection မလိုအပ်ပါဘူး။ Install လုပ်ပြီးတာနဲ့ ဖတ်ရှုနိုင်ပါတယ်။ကြိုက်တဲ့ ဟာသတွေကို favourite ထဲ ထည့်ပြီး နောက်ထပ် ထပ်ဖတ်နိုင်ပါတယ်။ ဒါအပြင် ကိုယ်အကြိုက်ဆုံး ဟာသတွေကို Bluetooth , Gmail တို့နဲ့ share လုပ်နိုင်ပါသေးတယ် ။
http://www.1mobile.com/20000-awesome-jokes-136506.html  မှာ download ရယူနိုင်ပါတယ် ။
7.Funny Fact Free

ဒီ apps လေးက ကျော်ကြားတဲ့ အဆိုအမိန့်တွေ ၊ ဟာသတိုလေးတွေ ၊ကမ္ဘာ့မှတ်တမ်းတွေကို စုစည်းပေးထားတာပါ။ Internet connection မလိုအပ်ပါဘူး။ Install လုပ်ပြီးတာနဲ့ ဖတ်ရှုနိုင်ပါတယ်။ Category ၁၃ ခုရှိပြီး အချက်အလက်ပေါင်း ၈၃၇၀ ရှိပါတယ်။ ကိုယ်နောက်ဆုံး ဖတ်ခဲ့တဲ့ စာမျက်နှာ ကို မှတ်ပေးနိုင်ပါတယ်။ကြိုက်မိတဲ့ ဟာသလေး တစ်ခုကို ဖော်ပြလိုက်ပါတယ်။
What' s the difference between a lawyer and a vampier ?
- A vampire only sucks blood at night.
http://www.1mobile.com/funny-facts-free-8000-88766.html  မှာ download ရယူနိုင်ပါတယ်။
8.EbookDroid
 သူကတော့ reader သက်သက်သာ ဖြစ်ပါတယ်။ကိုယ်ရဲ့ SD Card ထဲက PDF file အမျိုးအစား စာအုပ်တွေကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။သူ့ရဲ့ Display ကတော့ စင်ပေါ်မှာ စာအုပ်လေး တွေ တင်ထားသလိုမြင်တွေ့ ရမှာ ဖြစ်ပါတယ်။
http://www.1mobile.com/ebookdroid-196200.html  မှာ download ရယူနိုင်ပါတယ်။
9.ezPDF Reader
သူက Reader သက်သက်သာ ဖြစ်ပါတယ်။ PDF file အမျိုးအစား စာအုပ်ဖိုင်တွေကို အလွယ်တကူ ဖတ်ရှုနိုင်ပါတယ် ။နောက်ဆုံးကိုယ် ဖတ်ခဲ့တဲ့ စာမျက်နှာကို မှတ်ထားပေးနိုင်ပါတယ် ။
http://www.1mobile.com/ezpdf-reader-cloud-plugin-346272.html မှာ download ရယူနိုင်  ပါတယ်။

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form