Samsung Galaxy Note Android 2.3.5 Gingerbread ကို Root လုပ်နည်း


အခုဆိုရင် Samsung ရဲ့ Smartphone tablet တစ်ခုဖြစ်တဲ့ Galaxy Note အားလုံးသိတဲ့အတိုင်း
ဈေးကွက်မှာ ထွက်ပေါ်နေပါပြီ။
Android OS သုံး Phone တလုံးဖြစ်တဲ့အတွက် root လုပ်ဖို့နည်းလမ်းရှိမှာပဲလို့ စဉ်းစားမိကြမှာပါ
With 5-inch, 1280×800 Screen နဲ့ Super AMOLED HD Plus diskplay တွေနဲ့ ဖွဲ့စည်းထားတဲ့
Samsung Galaxy Note ကို root လုပ်ကြည့်ရအောင် ……………
Root လုပ်ဖို့အတွက် ပထမဆုံးလိုအပ်တဲ့ files တွေကို download ဆွဲပါ။

. Samsung Kies အားရယူရန်
. ODIN v1.85 အားရယူရန်
. Netchips ClockworkMod recovery Kernel အားရယူရန်
. Superuser zip file အားရယူရန်
Samsung Galaxy Note Android 2.3.5 Gingerbread ကို Root လုပ်နည်း

အဆင့် ၁
ပထမဆုံး su-2.3.6.1-ef-signed.zip ကို Phone SD ကဒ်ထဲသို့ Copy ကူးပါ။
(ဒေါင်းလုပ်ဆွဲဖို့တွက် လင့်ပေးထားပါတယ်)
Samsung Glaxy Note အတွက် download ဆွဲထားသော Samsung Kies ကို install လုပ်ပါ။
(Samsung Kies ကို install လုပ်ထားတာက ODIN နဲ့ သင့် device detect သိဖို့ပိုပြီးလွယ်ကူပါတယ်)
အဆင့် ၂
ODIN v1.85 ကို run ပါ။
အဆင့် ၃
သင့်ရဲ့ device ကို Power off လုပ်ပါ။ ပြီးလျှင် Volume Up and Volume Down အလည်ကိုနှိပ်ထားပြီး
နောက်ထပ် Home button နှင့် Power button ကို တပြိုင်ထဲထပ်နှိပ်ထားပေးပါ ။
Volume up : Continue
Volume down : Cancel restart phone တက်လာလျှင်
Volume up ကိုရွေးနှိပ်ပေးပါ ။ Download Mode တက်လာပါမယ်။
download mode တက်လာပြီဆိုလျှင် USB cable နဲ့ သင့် device နဲ့ Computer ကိုချိတ်ဆက်ပေးပါ။
အဆင့် ၎
ODIN မှာ သင့် device နဲ့ detect သိပြီဆိုလျှင် ID:COM box မှာ အ၀ါရောင်ကာလာနဲ့ တွေမြင်ရပါမယ်။
PDA button ကိုနှိပ်ပြီး download ဆွဲထားသော netchip-cwm-update2.tar file ကိုရွေးပေးပါ။
ပြီးလျှင် Start button ကိုနှိပ်ပေးပါ။
သင့်ရဲ့ Phone ကို flashed ပြုလုပ်နေပါမယ်။
ID:COM box မှာအစိမ်းရောင်ကာလာနဲ့ PASS ပြီးပြီဆိုတာနဲ့ Phone က reboot ကျသွားပါမယ်။
အဆင့် ၅
Volume Up နှင့် Volume Down ကိုအသုံးပြုပြီး
install zip from sd card > choose zip from sdcard > su-2.3.6.1-ef-signed.zip
ကိုရွေးပြီး Home Button ကို နှိပ်ပေးပါ။
ပြီးလျှင် reboot ကိုရွေး Home Button ကိုနှိပ်ပြီး reboot လုပ်ပေးပါ။
အဆင့် ၆
reboot ပြန်တက်လာပြီး SuperUser တွေ့ရပြီဆိုလျှင် သင့်ရဲ့ device ကို
Root လုပ်လို့ပြီးဆုံးသွားပါပြီ။
- ဖုန်းရဲ့ recovery mode ကိုသွားပါမယ် ။ အဲတွက် reboot ပြန်တက်လာပြီဆိုလျှင်
Volume Up, HomeButton နှင့် Power Button ကိုနှိပ်ထားပါ။
Recovery mode သို့သွားပါမယ်။
ပုံမှန် ဖုန်းတက်လာနေကြတဲ့တိုင်း samsung logo နဲ့တက်လာပါလိမ့်မယ် Power ခလုတ် နဲ့ Home ခလုတ်ကို မလွတ်ပါနဲ့။
Samsung logo တက်လာပြီးသွားရင် recovery mode တွေ့ရပါလိမ့်မယ်။ Home + Power ခလုတ် လွတ်ပေးပါ။
- Recovery mode ထဲမှအသုံးပြုဖို့တွက် VOLUME UP နှင့် VOLUME DOWN ပြီးတော့ HOME ခလုတ်ကို အသုံးပြုပါမယ်။
- Volume Down ခလုတ်ကို တချက်ချင်းနှိပ်ပြီး recovery mode ထဲမှ
” apply update from sdcard ” ကိုရွေးပြီး
HOME ခလုတ်ကို နှိပ်ပေးပါ။
- Volume Down ခလုတ်ကို တချက်ချင်းနှိပ်ပြီး
install zip from sd card >> choose zip from sdcard >> su-2.3.6.1-ef-signed.zip
ကိုရွေးပြီး HOME ခလုတ်နှိပ်ပေးပါ။
(ဖိုဒါနဲ့ထည့်ထားဆိုရင် ဖိုဒါထဲသွားပြီး su-2.3.6.1-ef-signed.zip ကိုရွေးပေးပါ ) ။
- Root file install လုပ်ပြီးသွားပြီဆိုလျှင် ” reboot system now ” ကို ရွေးပြီး ဖုန်း reboot ကျတာကိုစောင့်ပေးပါ။
အဆင့် ၇
ဖုန်းပြန်တာလာပြီ မိမိဖုန်းမှာ Superuser ကိုတွေ့ရပြီဆိုလျှင် မိမိဖုန်း Root လုပ်လို့ပြီးသွားပါပြီ။

1 Comments

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

  1. SAMSUNG note 3 ကို root လုပ်နည်းလေး တင်ပေးလို့ရရင် တင်ပေးစေချင်ပါသည် ခင်ဗျာ

    ReplyDelete
Previous Post Next Post

Contact Form