'Android ဖုန်းများအတွက် Dropbox Account 48GB ရရှိအောင်ပြုလုပ်နည်း'

(မြန်မာ Mobile Application Store ရဲ့ facebook group “Myanmar Mobile Users Group” (http://www.facebook.com/groups/mmua.mobile) မှ ကို Thet Ko ရေးသားထားတဲ့ Tutorials တစ်ခုဖြစ်ပါတယ်။
 Dropbox ဆိုတာကတော့ Online ပေါ်မှာ မိမိတို့တင်ချင်တဲ့ ဖိုင်တွေကို သိမ်းဖို့ Online data storage တစ်ခုပါ။ ကိုယ့်ရဲ့ file တစ်ခုကို dropbox ပေါ်မှာတင်ပြီး သူများတွေကို download လုပ်စေချင်တယ်ဆိုရင် direct download link အနေနဲ့လည်းပြန်ပေးလို့ရပါတယ်။ Dropbox ဆော့ဝဲဟာ Android အတွက်လည်းရှိပါတယ်။
Samsung Galaxy SIII မှာ dropbox ကိုအင်စတောလုပ်မယ်ဆိုရင် Storage space 48GB ဖရီးရရှိမှာဖြစ်ပါတယ် ။ အခုပြောမဲ့ဟာလေးကတော့ Samsung Galaxy SIII တွင်ပါဝင်သော dropbox ကို တခြားစက်ရုပ်ဖုန်းတွေမှာ အင်စတောလုပ်တဲ့ဟာလေးပဲဖြစ်ပါတယ် ။ ဒါလေးအင်စတောလုပ်တာအောင်မြင်သွားရင် 48GB space ကိုရရှိမှာဖြစ်ပါတယ် ။

ယခုအင်စလောလုပ်ခြင်းဟာ drop box အကောင့်စပေ့ကို ဟက်တဲ့ပုံစံမျိုးဖြစ်နေတာကြောင့် do as your own risk ဖြစ်ပီး အကောင့်အသစ်ဖောက်ပီး စမ်းကြည့်ပါလို့အကြံပြုချင်ပါတယ် ။ ကျနော်အကောင့်အသစ်တခုလုပ်ပီးစမ်းသပ်တာအောင်မြင်ပါတယ် ။

ဒါကိုအင်စတောလုပ်ဖို့ မိမိဖုန်းဟာ အမြစ်တူးပီးသားဖြစ်နေရပါမယ် ။

မိမိဖုန်းတွင် dropbox application ရှိပီးသားဖြစ်ပါက ။ dropbox ကို data clear and uninstall လုပ်ပစ်လိုက်ပါ ။

ပထမဦးစွာ အောက် မှာပေးထာတဲ့လင့်ကနေ ဖိုင်သုံးဖိုင်ကိုဒေါင်းလိုက်ပါ ။

https://www.dropbox.com/s/ucxx558tdq0qvgi/Dropbox.apk

https://www.dropbox.com/s/euzo8e1j77ampaq/DropboxOOBE.apk

https://www.dropbox.com/s/so7fer12rn6ngfe/com.dropboxpartner.jar

dropbox.apk နဲ့ dropboxOOBE.apk ဖိုင်ကို system ထဲက app folder ထဲကိုထည့်ပါ ။ ပီးလျှင် ဖိုင်၂ ခုစလုံးကို Permission အား rw-r-r သို့ပြောင်းပေးလိုက်ပါ ။

ထို့နောက် com.dropboxpartner.jar ဆိုတဲ့ဖိုင်ကို system အောက်က framework ဖိုဒါထဲကိုထည့်ပါ ။

ပီးလျှင် ဖုန်းကို ရီစတက်ချလိုက်ပါ ။ ဖုန်းရီစတက်ပြန်တက်လာလျှင် dropbox application ကိုဖွင့်လိုက်ပါ ။ ၁၀ မိနစ်ခန့်ကြာသော် မိမိအကောင့်အီးမေးထဲသို့ 48GB စပေ့ရမည်ဖြစ်ကြောင်းမေးဝင်လာပါလိမ့်မည် ။ Get started မှတောင်းဆိုထားသော အချက် ၅ ချက်ပြည့်ပီးပါက 48GB ရရှိပီဖြစ်ကြောင်းမေးဝင်လာပါလိမ့်မည် ။

4 Comments

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

  1. တစ်ခု မေးချင်လို့ပါ... Anddroid ဖုန်းမှာ ထည့်ပြီ 48GB ရပြီဆို computer မှာ ပြန်သုံးရင်ကော 48GB ရမှာလားဗျာ... ပြီးတော့ အဲဒီ Dropbox က ဖိုင်တစ်ခု တင်ရင် သက်တမ်းဘယ်လောက်ခံပါသလဲဗျာ...

    ReplyDelete
  2. အစ်ကို ကျွန်တော့်ဖုန်းမှာက မန်မိုရီကဒ်မပါဘူးဆိုတော့လုပ်ကြည့်ချင်တယ် သူရထွန်းပြောသလိုပါပဲ ဘယ်လောက်ထိသိမ်းပေးထားလဲပေါ့ ပြီးတော့ မအောင်မြင်ခဲ့ရင်ကော ဖုန်းမှာ ဘာဖြစ်နိုင်သလဲဗျာ
    အစ်ကို ဘလော့လေးကိုအဲမြဲတမ်းလာပါတယ်.. ကျန်းမာပါစေ.

    ReplyDelete
    Replies
    1. အစ်ကိုရေ အဆင်ပြေတယ်ဗျ ဖုန်းမှာ apk update တောင်းနေတယ်လုပ်ရမလားအစ်ကို

      Delete
  3. အစ်ကိုရေ ကျေးဇူးပါဗျာ။ Good Luck Brother

    ReplyDelete
Previous Post Next Post

Contact Form