Android ဖုန်းတွေမှာ Factory Reset လုပ်လိုက်လို့ Gmail,Gtalk,Google Play တွေ ၀င်လို့ မရ တော့ရင်

Android ဖုန်းတွေမှာ Factory Reset လုပ်လိုက်ရင် တချို့ဖုန်းတွေ မှာ Gmail,Gtalk,Google Play တွေ ၀င်လို့ မရ ဘူး ဖြစ်တတ် ပါတယ်။ကွန်ပျူတာမှာယူသုံးလဲမရပါဘူး..တခြားဆိုဒ်တွေဝင်လို့ရတယ်..Google service တွေတစ်ခုမှဝင်မရတတ်ပါဘူး
အဲဒီလိုဖြစ်ရင် ဖုန်းထဲက hosts file ကိုပြင်ပေးလိုက်ရင် အဆင်ပြေသွားပါတယ်
။ဘယ်လိုလုပ်ရမလဲဆိုတာကို ကျနော် အောက်မှာ ရှင်းပြပါ့မယ်ခင်ဗျာ။

(၁) ဖုန်းကို အရင်ဆုံးအမြစ်တူးထားရပါ့မယ်။
(၂) Total commander ဆိုတဲ့ apk ဖိုင်လေးကို ဖုန်းထဲကို Install လုပ်လိုက်ပါ။
TotalCommander ကို ဒီလင့် မှာ ဒေါင်းပါ
http://www.mediafire.com/?7xg2daaks32e7av
(၃) TotalCommander ကိုဖွင့်လိုက်ပါ။
(၄) File system root\etc\hosts ကိုရှာပါ။
(၅ ) hosts file ကို ဖိထားပြီး edit file ကို ရွေး၊Totalcmd-Editor နဲ့ဖွင့်ပါ။
အဲဒီမှာ အောက်ကအတိုင်းပေါလာပါလိမ့်မယ်။
127.0.0.1 localhost
127,196,99.209 android.clients.google.com mtalk.
ဒုတိယစာကြောင်းရဲ့ ရှေ့မှာ # ထည့်ပေးပြီး အပေါ်မှာ save ကို နှိတ်လိုက်ပါ။
127.0.0.1 localhost
#127,196,99.209 android.clients.google.com mtalk.
(၆) ဖုန်းက Re-mount Drive? ဆိုပြီး ပေါ်လာပါလိမ့်မယ်။
Ok ကိုရွေးပေးလိုက်ပါ။
(၇) ဖုန်းကို Restart ချပြီး Gmail အကောင့် ကို ၀င်ကြည့်လိုက်ပါ။
အဆင်ပြေသွားပါလိမ့်မယ်။

4 Comments

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

  1. အဆင်ပြေသွားတယ်ဗျ ကျေးဇူးတင်ပါတယ်ခင်ဗျာ

    ReplyDelete
    Replies
    1. အဆင်ပြေသွားတယ်ဆိုလို့ ၀မ်းသာပါတယ်ဗျာ

      Delete
  2. ​လေးစားတယ်​ဗျာ တကယ်​ပဲ အဆင်​​ပြေသွားတယ်​ဗျ ​နောင်​ဒီထက်​မက ​အောင်​မြင်​ပါ​စေဗျာ

    ReplyDelete
  3. ဖုန်းကိုအမြစ်တူးထားရမယ်ဆိုတာဘာကိုဆိုလိုတာလဲခင်ဗျာ
    တကယ်နားမလည်လို့ပါ

    ReplyDelete
Previous Post Next Post

Contact Form