Pattern Lock မေ့နေသူများအတွက်

ကျွန်တော်တို့ ဖုန်းတွေမှာ Screen ကို Pattern လေးတွေနဲ့ ကိုယ်ကြိုက်သလိုဆွဲပြီး လော့ချထားတတ်ကြပါတယ်။ pattern နဲ့ချတာက ဒီပြင်လော့တွေထက် အလုပ်ရှုပ်သက်သာတဲ့အတွက် ပိုပြီးအသုံးများကြပါတယ်။ အဲဒီလိုလော့ချပြီး ကိုယ်ဆွဲလိုက်တဲ့ Pattern ကိုမေ့သွားလို့ပဲဖြစ်ဖြစ်။ ဒါမှမဟုတ် တစ်ယောက်ယောက်က သွားလုပ်မိလိုက်လို့ပဲဖြစ်ဖြစ် ပြန်ဖွင့်ဖို့အခက်တွေ့နေသူတွေအတွက်ပါ။ တစ်ခြားနည်းတွေနဲ့ လုပ်လို့ရပေမယ့် ဒီနည်းလေးက တစ်ခြားဘာကိုမှမထိခိုက်တဲ့အတွက် ရွေးချယ်တင်ပြလိုက်ပါတယ်။ ဒီဆော့ဝဲလေးကို သုံးဖို့ကတော့ ဖုန်းဟာ cwm တင်ပြီးသားဖြစ်ရပါမယ်။ ပထမဆုံးအနေနဲ့ လိုအပ်တဲ့ဆော့ဝဲလေးကို အောက်က လင့်မှာ ဒေါင်းလိုက်ပါ။ ပြီးရင် ဖုန်းကိုပိတ်ပြီး ဘက္ထရီကို ၁၀ စက္ကန့်လောက်ဖြုတ်ထားလိုက်ပါ။ ဒေါင်းလို့ရလာတဲ့ အထဲက Delete_Pattern_Lock_by_MyanmarMPxTeam.zip ဆိုတဲ့ ဖိုင်လေးကို SD ကဒ်ထဲကို ကော်ပီကူးထည့်လိုက်ပါ။ ကဒ်ကိုပြန်ထည့်၊ ဘက္ထရီပြန်တပ်ပြီး သက်ဆိုင်ရာ ကီးကိုနှိပ်ပြီး recovery mode ထဲကိုဝင်ပါ။ Recovery ထဲကနေပြီးတော့ Install from SD card >> Choose Zip From SD card ကနေတစ်ဆင့် Delete_Pattern_Lock_by_MyanmarMPxTeam.zip ဖိုင်ကိုရွေးပြီးတော့ Install လုပ်လိုက်ပါ။ ပြီးသွားရင် နောက်ကို ပြန်သွားပြီး reset လုပ်ပေးပါ။ reset ချပြီးပြန်တက်လာတဲ့အခါ ဘာလော့မှဖွင့်စရာမလိုပဲ ဖုန်းဟာအဆုံးထိပြန်ပွင့်လာပါလိမ်မယ်။ တစ်ကယ်လို့ တောင်းခဲ့တယ်ဆိုရင်လည်း တွေ့ကရာသာ ရိုက်ထည့်ပေးလိုက်ပါဗျာ။ အဆင်ပြေသွားပါလိမ့်မယ်။

https://www.dropbox.com/sh/332lvwk2l67q9u6/ilgrXNvz0s

8 Comments

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

  1. ဟုတ်ကဲပါခင်ဗျာ ကျေးဇူးတင်ပါတယ်ဂျာ

    ReplyDelete
  2. လုင် ပေးတဲ့ ဆော့ဝဲ မရှိရင် ဘယ်လိုလုပ်မလဲ

    ReplyDelete
  3. Password lock ကိုကောလုပ်လို့ရလားခင်ဗျား

    ReplyDelete
  4. android clone ဖြစ်နေပါတယ် ။ patton log ကျသွားပါသဖြင့် yelinnaing.bluediamond@gmail.com သို့ မေးပို့ပေးပါ
    ကျေးဇူးတင်ပါတယ်

    ReplyDelete
  5. ကျွန်တော်ညီလေးရဲ့ tablet lock ကိုရောဖြည်လို့ရမလားခင်ဗျား

    ReplyDelete
  6. usb debugging ကို မ on ဘဲ pattern lock ကျသွားတယ် ကွန်ပျူတာကလည်း မသိတော့ဘူး pattern ကို ဘယ်လိုဖြည်ရမလဲမသိတော့ဘူး ဖြစ်နေတယ် ဖုန်းက တရုတ်ဖုန်းဖြစ်နေတယ်လေ

    ReplyDelete
    Replies
    1. yes,me too need this answer.please tell our.

      Delete
  7. cwm ကို china android တွေအတွက် ဘယ်လိုလုပ်ပါသလဲခင်ဗျာ...။

    ReplyDelete
Previous Post Next Post

Contact Form