android ဖုန်းဆိုင်ရာ အမေးနဲ့အဖြေစုံ(7)

Android OS ဖုန်းမှာအသုံးပြုဖို့အတွက် ဂိမ်းတွေကို 1Mobile Market ကနေ Download ဆွဲပါတယ်။ ဒါပေမဲ့ ဖုန်းထဲကို Download ဆွဲပြီးထည့်ထားတဲ့ ဂိမ်းတွေ ကစားလို့မရဘူး ဖြစ်နေပါတယ်။ အဲဒါဘာဖြစ်တာပါလဲ။ အချို့ဂိမ်းတွေဆိုရင်လည်း အွန်လိုင်းတောင်းနေပါတယ်။ အဲဒါလေးသိပါရစေ။

Android OS ဖုန်းတွေအတွက် ဂိမ်းတွေကို 1Mobile Market ကနေ Download ပြုလုပ်တဲ့အခါမှာ ဖိုင်တွေကိုသေချာစစ်ဆေးပြီးမှ Download ပြုလုပ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ကိုယ်ရှာဖွေတဲ့ ဂိမ်းတစ်ခုအတွက် စုံလင်တဲ့ဖိုင်တွေကို သူကထုတ်ပေးမှာဖြစ်တဲ့အတွက် တကယ်ဂိမ်းကစားနိုင်မယ့် App ဖိုင်ကို ရယူနိုင်ဖို့အတွက်တော့ လိုအပ်ပါလိမ့်မယ်။ အချို့ဖိုင်တွေက ဂိမ်းအတွက်ပေးထားတဲ့ Wallpaper လိုမျိုး ဓာတ်ပုံဖိုင်တွေဖြစ်ပြီး အချို့ဖိုင်တွေကတော့ အွန်လိုင်းကနေချိတ်ဆက်ပြီး အွန်လိုင်းစနစ်နဲ့ ကစားရမယ့် ဖိုင်တွေဖြစ်နေတဲ့အတွက် ဒါတွေကို သေချာဂရုစိုက်ရပါလိမ့်မယ်။ ဂိမ်းကစားဖို့ အတွက်လည်း ဂိမ်းဖိုင်တွေရှိပါတယ်။ ဖိုင်ရဲ့အရွယ်အစားကို ကြည့်ပြီးတော့မှပဲ Download ပြုလုပ်သင့်ပါတယ်။

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form