android ဖုန်းဆိုင်ရာ အမေးနဲ့အဖြေစုံ(6)

ကျွန်တော့်ဖုန်းက Samsung Galaxy SIII ဖုန်းပါ။ ဖုန်းထဲမှာပါတဲ့ Drop Box စနစ်ကို အသုံးပြုချင်ပါတယ်။ Dropbox စနစ်ကို အသုံးပြုတဲ့နေရာမှာ အကောင့်လုပ်ရမယ်လို့ ပြောပါတယ်။ အကောင့်လုပ်တဲ့နေရာမှာ Email လို့ရေးထားတာ တွေ့ပါတယ်။ အဲဒီလိုမျိုး အကောင့်လုပ်တဲ့အခါမှာ ကိုယ့်ရဲ့ Gmail နဲ့ပဲ အကောင့်လုပ်လို့ ရနိုင်ပါသလား။ ပြီးတော့ အကောင့်လုပ်တဲ့နေရာမှာ Gmail နဲ့ပဲ လုပ်လို့ရတယ်ဆိုရင် password ပေးတဲ့နေရာမှာရော Gmail ရဲ့ပက်စ်ဝက်ဘ်ကိုပဲ ပေးရမှာပါလား။ အဲဒါလေးသိပါရစေ။

Samsung Galaxy SIII ဖုန်းမှာပါတဲ့ Dropbox စနစ် အသုံးပြုချင်တယ်ဆိုရင် အသုံးပြုလို့ ရနိုင်ပါတယ်။ Dropbox ကိုအသုံးပြုချင်တယ်ဆိုရင် အကောင့်လုပ်ရမယ်ဆိုတာလည်း ဟုတ်ပါတယ်။ အွန်လိုင်း အသုံးပြုနိုင်ဖို့အတွက်လည်း WiFi ဒါမှမဟုတ် မိုဘိုင်းဖုန်းအင်တာနက်စနစ် တစ်ခုခုကိုလည်း လိုအပ်ပါတယ်။ အကောင့်လုပ်တဲ့နေရာမှာတော့ Email လို့ရေးထားပေမယ့် Gmail လိပ်စာတွေနဲ့ လုပ်လို့ရပါတယ်။ Gmail အကောင့်နဲ့ပဲ လုပ်တဲ့နေရာမှာလည်း password ပေးတဲ့နေရာမှာ ကိုယ့်ရဲ့ Original Gmail password ကိုပေးဖို့ မလိုအပ်ပါဘူး။ ကိုယ်အသုံးပြုချင်တဲ့ နောက်ထပ် password အသစ်ကို ပေးလို့ရနိုင်ပါတယ်။

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form