Android Home Screen မှာ မိမိစိတ်ကြိုက် Shortcut Files ပြုလုပ်နည်း

အခုနည်းလမ်းလေးက ဖုန်းထဲက မည်သည့် system မဆို Android Home Screen မှာ Shortcut Files
ထားနည်းလေးပါ။
အသုံးဝင်တဲ့နည်းလမ်းလေးပါ။ တခါတရံမှာ အများအားဖြင့် Android Home Screen မှာ Shortcut Files ထားရတာ မသိသေးတဲ့သူတွေအတွက် ခက်ခဲမူလေးတွေရှိပါတယ်။
တချို့ Android user တွေကတော့ အခုနည်းလမ်းလေးကို သိပြီးသားဖြစ်မှာပါ။
အခုနည်းလမ်းက လွယ်ကူပါတယ်။ မည်သည့် file မဆို Android home screen မှာထားလို့၇ပါတယ်
pdf file, image ဒါမှမဟုတ် အခြား document တွေကအစ Android home screen မှာ ထားလို့ရပါတယ်။
Android Home Screen မှာ မိမိစိတ်ကြိုက် Shortcut Files ပြုလုပ်နည်း
1. ပထမဆုံး Astro file manager ကို Android market မှာ download ဆွဲပြီး install ပြုလုပ်ပေးပါ။
Astro file manager ကို Android market မှာ download ဆွဲပြီး install ပြုလုပ်ဖို့အဆင်မပြေသူတွေတွက်
mediafire ဖြင့် ASTRO File Manager Pro v3.0.247 အားရယူရန်

(OR)

ifile ဖြင့် ASTRO File Manager Pro v3.0.247 အားရယူရန်

(OR)

QR code scanner ဖြင့်ဖုန်းကိုအသုံးပြု၍ Direct ရယူရန်-

qrcode
2. Astro file manager ကို install ပြုလုပ်ပြီးပါက ဖုန်း Home screen ကို လက်နဲ့သာသာလေးဖိပေးပါ။
Add to home screen မှာ shorcuts, Widgets, Folder, Wallpapers, Themes တွေထဲမှ
” Shortcuts ” ကိုရွေးပေးပါ။
3. Android Home Screen မှာ မိမိ Shortcut ထားချင်တဲ့ဖိုင်ကို ရှာပေးပါ။
4. Android Home Screen မှာ မိမိ Shortcut ထားချင်တဲ့ဖိုင်ကိုတွေ့ပြီဆိုလျှင် OK ကို နှိပ်ပေးပါ
ပြီးလျှင် Shortcut ကို မိမိပေးချင်တဲ့ နံမည်ပေးပါ။ OK ထပ်နှိပ်ပေးပါ။
5. Phone Home Screen ကိုပြန်သွားလိုက်ပါ မိမိရှာပြီးလုပ်ပေးထားတဲ့ Shotcut file ကိုတွေ့ရပါပြီ။
နောက်ထပ် အခြား shortcut file ထားချင်ပါက အခုနည်းလမ်းတိုင်း ပြုလုပ်နိုင်ပါတယ်။
ကြီးကြီးကျယ်ကျယ်မဟုတ်ပေမဲ့ သေးသေးမွှားမွှားလေးက ကိုယ့်အတွက် တခါတရံမှာ အရမ်းအသုံးဝင်တာမလို့ ဒီပို့စ်လေးကို တင်ပေးလိုက်တာပါ။
အားလုံးအဆင်ပြေမယ်လို့ ထင်ပါတယ်။

from myanmar mobile 

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form