ဖုန်းရဲ့ စွမ်းဆောင်ရည်ကို လျင်မြန်သွက်လက်လာစေမယ့် Geeky Engine

ဖုန်းရဲ့ performance ကိုတက်လာစေတဲ့ နည်းလေးပါ။ ဒါလေးကို လုပ်ပြီးရင် မိမိဖုန်းဟာ အရင်ကထက် ပေါ့ပါးမြန်ဆန်လာတာကို တွေ့ရှိရပါလိမ့်မယ်။ကျွန်တော်ကိုယ်တိုင် Samsung ဖုန်းမှာစမ်းပြီးလို့ မိုဘိုင်းဂရုထဲမှာ ပိုစ့်ရေးထားတာအခြားသူတွေလည်း မတူညီတဲ့ဖုန်းတွေနဲ့စမ်းပေးကြတာ အဆင်ပြေတာကို တွေ့လို့ မိမိဖုန်းတင်မဟုတ်ပဲ အခြားအန်းဒရိုက်ဖုန်းမှန်သမျှ လုပ်နည်းမှန်ရင် ရတယ်ဆိုတာ သေချာသလောက်ရှိမှ ကျွန်တော့်ရဲ့ ဖိုရမ်လေးမှာ ပိုစ့်တင်ပေးရခြင်းပါ။ဒါကို ပြုလုပ်ဖို့အတွက် အောက်မှာပေးထားတဲ့ Geeky engine ကိုဒေါင်းလော့ဆွဲပါ။ မိမိဖုန်းဟာ Root လုပ်ပြီးသားဖြစ်ရပါမယ်။ Custom Rom တစ်ခုခုတင်ထားရပါမယ်။ ပြီးတော့ init.d support လုပ်တဲ့ဖုန်းဖြစ်ရပါမယ်။Custom Rom တင်ပြီးသားဖုန်းဆိုရင်တော့ တော်တော်များများက init.d ကို support လုပ်ပါတယ်။ ဒေါင်းထားတဲ့ zip file ကို ဖုန်းရဲ့ SD card ထဲထည့်ထားပါ။ ဖုန်းကို Recovery mode ထဲဝင်ရောက်ပြီးတော့ install from SD card ထဲကနေ ခုနက SD card ထဲထည့်ထားတဲ့ Geeky Engine ကို ရွေးပြီး install လုပ်ပေးရုံပါဘဲ။ဖုန်းကို သုံးရတာ အရင်ကထက် သွက်လက်လာတာကို တွေ့ရပါလိမ့်မယ်။ ဘက်ထရီလည်း နဂိုကထက် အစားခံပါတယ်။မိမိဖုန်းက init.d support လုပ်မလုပ်သိချင်ရင်တော့ Root Explorer ထဲဝင်ပြီး etc အောက်ထဲကို ၀င်ကြည့်လိုက်ပါ။ etc အောက်ထဲမှာ init.d ဆိုတဲ့ folder လေးကို တွေ့ရပါလိမ့်မယ်။

https://www.box.com/s/l4rdzvgnvbzvqg5apvoh

ဝင်ရောက်ဖတ်ရှုပေးကြသော သူငယ်များအားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
သူငယ်ချင်းတို့ရဲ့ comment တစ်ခုဟာ နောက်ဘလော့အတွက် အားဆေးတစ်ခွက်ပါ။
ကျွန်တော် လုလင်ပျို နဲ့ ဆက်သွယ်လိုပါက androidlulin@gmail.com
https://www.facebook.com/shine.tun.1
သို့ဆက်သွယ်နိုင်ပါတယ်။

Previous Post Next Post

Contact Form